Showing posts with label မှတ်စု. Show all posts
Showing posts with label မှတ်စု. Show all posts

Wednesday, May 22, 2013

ထုံးစံအတိုင်း နေမကောင်းတော့ ဖုန်းဆက်ပြီး ဂျီကျမိတာ မေကြီးကိုဘဲပေါ့။
ရှိနေတဲ့ ချစ်သူဆိုတဲ့ ကောင်မလေးကလဲ တကယ်တမ်းကျတော့ နေမကောင်းဘူး သိကတည်းက ပျောက်သွားလိုက်တာ၊ ထူးပြီး စိတ်ဆိုးမနေတော့ပါဘူး၊ ကိုယ်တွေက ကိုယ်ကျိုးကြည့်ပြီးတွဲခဲ့ကြတာဘဲလေ။ တကယ့်ချစ်သူတွေမှ မဟုတ်တာ။ သူနေမကောင်းလဲ ကိုယ်ဂရုစိုက်မိမှာ မဟုတ်သလို၊ သူလဲ အဲလိုဘဲနေမှာပေါ့။
မေကြီးကတော့ အွန်လိုင်းလာခဲ့၊ မျက်နှာလေးကို ကြည့်ချင်လို.တဲ့။ Skype က ခုလောလောဆယ်တော့ လိုင်းကျနေတယ်၊ ခဏနေရင်တော့ မေကြီးမျက်နှာလေးကြည့်ပြီး ချွဲရဦးမှာပ။း)
အစ်မလတ်က အရင်တစ်ပတ်ကနေမကောင်းဘူးတဲ့၊ သူကတော့ အမေသိမှာတောင် စိုးလို.မပြောရဘူးတဲ့။ ကျွန်တော် အမေ့ကိုခေါ်ပြီး စိတ်ပူအောင်လုပ်တာသာ သိရင် ဆူခံရဦးမယ်။ :P
အခုတလော ရာသီဥတုက ပူတာ ဒီနေ့ဆို ၄၂ဒီဂရီကနေ ၄၅ဒီဂရီထိတဲ့ဗျာ..း( တစ်ကိုယ်လုံးမီးကင်ထားသလိုဘဲ၊ ဒါတောင် Air Con လေးနဲ့ အလုပ်လုပ်ရပေလို.၊ နေပူကြီးထဲ Bus ကားစီးပြီး၊ အလုပ်သွားရတဲ့သူတွေ၊ ဆောက်လုပ်ရေးလုပ်ရတဲ့သူတွေကို သနားမိပါတယ်။ နောက်လဆို ဒီထက်ဆိုးဦးမှာ... အပူချိန် ၅၀တောင်ကျော်မလား မသိတော့ဘူး။ ဒါတောင် UAE ရဲ့ အပူချိန်က လျော့လာတာဆိုဘဲ။း( မဟုတ်ရင်တော့ လူတွေလဲ မီးကျီခဲပေါ်ကင်ခံထားရသလိုဘဲနေမှာ။
ခုတလော Facebook account တွေ On လိုက် Off လိုက်နဲ့ အလုပ်တွေပတ်ရှုပ်နေတယ်။ တချို. Account တွေလဲ update မလုပ်နိုင်တော့လို. Disable လုပ်ပလိုက်ရတယ်။
ဝှူး..... လောကကြီးကလဲ ပျင်းစရာကောင်းလိုက်တာ၊ လုပ်စရာမရှိတဲ့သူကျ ဘာဆို ဘာမှကို လုပ်စရာမရှိလေဘူး။ ပျင်းထှာဗျာ.. တနေ့တနေ့ အင်တာနက်သုံး၊ အလုပ်သွား၊ မုန်.၀ယ်စား၊ တခါတခါပျင်းရင် Club သွား... ဒီလိုနဲ့ နေ့ရက်တွေဖြတ်သန်းနေရတာ၊ အသုံးမကျတဲ့ သူကြီးဖြစ်နေပြီ။ ဘာလုပ်ရမလဲဟင်....

Saturday, May 18, 2013

လတ်တလော... အခြေအနေ

ကျွန်တော် စာတွေမရေးဖြစ်တာ ကြာပြီ...
ခရီးက ပြန်ရောက်ကတည်းက Facebook မှာ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်နေတာ
ဖွင့်ထားတဲ့ Blog တွေလဲ update ကောင်းကောင်းမလုပ်ဖြစ်ဘူး..
ဒီတစ်ခေါက် ရန်ကုန်က ပြန်လာတာ ကိုယ့်ကိုယ်ကို တော်တော်ထူးဆန်းနေတယ်..
အိမ်ကိုလဲ မလွမ်းဘူး၊ အမေကိုလဲ အရင်လို တမ်းတမ်းတတမရှိတော့ဘူး။
ဒီနိုင်ငံမှာလဲ ဘယ်သူ.မှာ လွမ်းနေစရာမရှိဘူး..
အလုပ်မှာလဲ ပုံမှန်ဘဲ..
ထူးထူးခြားခြား အင်တာနက် မသုံးရမနေနိုင်တာကလွဲရင် ဘာကိုမှ ဘယ်သူကိုမှ ဘယ်လိုမှ သတိမရဘူး..
တိုးတတ်ချင်စိတ်လဲမရှိသလို၊ အလုပ်ပြုတ်သွားရင် ဘာညာဆိုတဲ့ စိုးရိမ်ပူပန်စိတ်လဲမရှိဘူး..
နောက်ဆုံး ခုချိန်တစ်ယောက်ယောက်က ဓားထောက်ပြီး သတ်ဖို.ခြိမ်းခြောက်ရင်တောင် ကြောက်မိမယ်မထင်ဘူး...
သေမထူး နေမထူးဘ၀ဆိုတာ ထင်ပါရဲ့နော်..း)

Bora ကိုတော့ လွမ်းသေးတယ်..
ကောင်မလေးလဲ ပိုဆန်လာတယ်..
ဒါပါဘဲ.. လောလောဆယ်...
စိတ်ကြီးက ဗလာကြီးဖြစ်နေတယ်...း)

Wednesday, May 1, 2013

Tommy is BACK.. :P

ပြန်ရောက်ပြီ..း)
အမှန်တော့ ၂၉ရက်နေ့ကတည်းက ပြန်ရောက်တာ.. ဘလော့ကို ၀င်ကြည့်ဖြစ်ပေမယ့် update လုပ်ဖို.ပျင်းနေတာ..
အရမ်းကြည့်ချင်တဲ့ စိုင်းစိုင်းရှိုးကိုလဲ ကြည့်ခဲ့ရသလို..
ွှအရမ်းပျော်စရာ သင်္ကြန်ပွဲကိုလဲ ပျော်ခဲ့ရပါတယ်...
ဓာတ်ပုံတွေများကြီး ရိုက်ခဲ့သလို၊ မုန်.တွေလဲ တအားကြီး စားခဲ့တယ်..
ခုတော့ လုပ်ငန်းခွင်ထဲမှာ ..း(

အိမ်ကိုသိပ်မလွမ်းသလို၊ ဒီမှာလဲ သိပ်တော့မပျော်လှပါဘူး...
ဘာရယ်သေသေချာချာမသိဘဲ ရေရေရာရာ မရှိခြင်းတွေနဲ့ ပြည့်နှက်နေတယ်..
သေချာတာကတော့ ကောင်မလေးတစ်ယောက်ရထားတယ်... ဟိဟိ

Wednesday, April 3, 2013

April Fool

April ၁ရက်နေ့ကို April Fool Day လို. စသိခဲ့တာ ၆တန်းကျောင်းသူဘ၀လောက်ကမှပါ
သူများတွေကိုလဲ ထူးထူးခြားခြား အရူးမလုပ်တတ်ခဲ့သလို
ကိုယ်တိုင်လဲ သာမာန်စနောက်ခံရတာလောက်ကလွဲရင်
April Fool ဆိုတာ ပုံမှန်ရက်တစ်ရက်ပါဘဲ
.
.
အဲ.. ၂၀၁၃ ကတော့ စကတည်းက ယဉ်သကိုးဆိုသလို
နှစ်စကတည်းက ကပေါက်တိကပေါက်ချာတွေ ဖြစ်နေခဲ့တာ
April Fool ထိ ကံမကောင်းမှုတွေက ပါလာခဲ့တယ်ဗျ

၁) မနက် ၉း၀၀ မနက်စာစားပြီးလို. ရုံးခန်းထဲထိုင်တုန်း..
Fire Alarm မြည်လို. အလန်.တကြား Fire Control Room ကိုပြေးရတယ်
မနက်ခင်း တာဝန်ကျ Duty Manager က ကိုယ်တိုင်ဖြစ်နေတော့ ၂မိနစ်အတွင်း Control Room ကို ရောက်အောင်ပြေးရတာပေါ့ဗျာ..
စောစောစီးစီး စားထားတာလေးတွေတောင် ဘယ်ရောက်မှန်းမသိကိုဖြစ်လို.
Control Room လဲရောက်ရော Engineering နဲ့ Security အဖွဲ.သားတွေက ၀ိုင်းအော်တယ်
APRIL FOOL တဲ့...း(
ပြီးမှ သိတာက Fire Alarm က ကျွန်တော့်ရုံးခန်းတစ်ခုတည်းမြည်တာတဲ့...

Friday, March 29, 2013

ဒီနေ့

ဒီနေ့
မြန်မာသူငယ်ချင်းတွေလာလည်လို. လျောက်သွားဖြစ်တယ်..
အချိန်တော်တော်ကြာကြာမပြောရတဲ့ မြန်မာစကားတွေအများကြီးပြောဖြစ်တယ်..
အချိန်ပေးပြီး တကူးတလာလည်ပေးကြလို.လဲ ကျေးဇူးအရမ်းတင်တယ်..

မြန်မာတွေရဲ့မျက်စိအမြင်အောက်မှာတော့ ကျွန်တော်က Tomboy ကလေးလေးပါဘဲ
အသက်တွေဘယ်လောက်ကြီးကြီး
အစ်ကိုတွေ အစ်မတွေကတော့ ကျွန်တော့်ကို လူကြီးတစ်ယောက်လို မဆက်ဆံကြဘူး
အမြဲလိုလို ကောင်မလေးတွေကို လိုက်ကြောင်တတ်တဲ့ Tom လေးတစ်ယောက်လို ဆက်ဆံနေကြတုန်းဘဲ
ကျွန်တော်ကိုယ်တိုင်ကလဲ ၀တ်စုံပြည့်ယူနီဖောင်းကြီးဝတ်စရာမလိုဘဲ
ဂျင်းဘောင်းဘီတို၊ ဝေါ့ကင်းရှူးနဲ့ တီရှပ်အကျီကိုဝတ်ပြီး မြန်မာအစ်မတွေရဲ့ လက်မောင်းကိုဖက်ပြီး လမ်းလျောက်ရတာ တကယ်ကို လွပ်လပ်ပေါ့ပါးခဲ့တယ်..

ရင်တွေပေါ့သွားသလိုဘဲ..
လာလည်တဲ့သူတွေကတော့ တော်တော်နားညည်းသွားပုံဘဲ..း)


အိမ်ပြန်ချိန်

အိမ်ပြန်ရချိန် အရမ်းနီးနေပြီ...
အရမ်းလဲ ပျော်နေတယ်..
သင်္ကြန်မဏ္ဏပ်ထိုင်ဖို. အစီအစဉ်ပျက်တယ်.. မေကြီးက အိမ်ကလူတွေမပါဘဲ ဘယ်မှ မသွားရဘူးတဲ့..
း(
တတ်နိုင်ဘူးလေနော်... မြန်မာပြည်မှာလဲ သိပ်မငြိမ်းချမ်းတော့ အမေ့စကားနားထောင်လိုက်ပါတယ်လေ..
မကြီးနဲ့ အကြတ်နေ့ ကားလည်မယ်.. အစ်မ၀မ်းကွဲနဲ့ အတတ်နေ့ ကားလည်မယ်..
အကြိုနဲ့ အကျ မေကြီးနဲ့တူတူ ဥပုသ်စောင့်မယ်..
နှစ်ဆန်းတစ်ရက်နေ့ ရွှေတိဂုံဘုရားနဲ့ မဟာဝိဇယသွားမယ်..
သတ်သတ်လွတ်စားမယ်၊ ငှက်ကလေး ငါးကလေးတွေလွှတ်မယ်..း)
မြန်မာဝတ်စုံလေးဝတ်သွားမယ်.. ဟိဟိ..

လက်ဆောင်တွေဝယ်တာများပြီး သုံးစရာမရှိတော့လို. နားရက် အိမ်ထဲမှာဥနေတယ်..
ဝတ္ထုရေးတာ တစ်ပိုင်းပြီးပြီ...

Friday, March 22, 2013

My SISTAR19 Album

ခွိခွိ... ရူးလွန်းတယ်ပြောပြော ဘာဘဲပြောပြော
SISTAR19 ရဲ့ Album လေးဝယ်ထားတာ မနေ့က ရတယ်...
အရမ်းရမ်းရမ်းကို ပျော်နေတယ်...
Bora လေး တင်မကဘူး ဒိတခါ Hyorin ၇ဲ့ လက်မှတ်နဲ့ ဓာတ်ပုံပါရတယ်..
ကံစမ်းမဲပေါက်တာဆိုဘဲ...
ဘာဘဲဖြစ်ဖြစ် အလကားရတာ အကုန်ယူတယ်...ေိခိ
ပျော် ပျော် ပျော် လွန်းနေတယ်.....

သီချင်းတွေကတော့ နားထောင်တာ ထုံးစံအတိုင်း ဘာတွေဆိုထားမှန်းမသိပါ...



Tuesday, March 19, 2013

လေယာဉ်လက်မှတ်ရပြီ~~ :D


အဟိ အဟိ.... Air Ticket ရပြီ~~
အိမ်ပြန်ရတော့မည်..
သိကြားမင်းကို မီးသတ်ပို်က်နှင့်ထိုးမည်..
တွေ.သမျှလူ ခွက်စောင်းခုတ်မည်...
အသားတွေမည်းအောင် ကားနှင့်လည်မည်..
ရန်ကုန်တခွင်ပြဲပြဲစင်အောင် ကဲပလိုက်ဦးမည်..
ကျလိ ကျလိ..
ရမ်းရမ်းကိုပျော်နေဘီ... ခွိခွိ.......

ကန်တော်ကြီးက X2O မှာ၂ရက်ရှိမည် (ဒီတခါတော့ ဗုံးထပ်မပေါက်ဟု မျှော်လင့်ရသည်)
တစ်ရက် ကားနှင့်လည်မည်...း) မေကြီးက ဂျစ်ကား အဆင်သင့်ပြင်ထားသည်ပြောသည်..




Saturday, March 9, 2013

My Coffee Tumbler



အရမ်း အရမ်း အရမ်းကိုပျော်နေတယ်... ဘိုရာ့ပုံလေးနဲ့ ကော်ဖီခွက်လေးရလာတယ်...
ပျော်ထှာ...ခိခိခိခိခိခိ... :D

Thursday, March 7, 2013

My Drawing



ဒီနေ့ ဒီပုံလေးတွေ ဆွဲဖြစ်တယ်... တူလား..း)

Saturday, March 2, 2013

YES or NO - 2


 ခုလောလောဆယ် Yes or No အပိုင်း ၂ ကြည့်နေတယ်...


ဒါက အပိုင်း - ၁


Thursday, February 28, 2013

ကျွန်တော်နှင့် UAEမြို.တော်မှ ကြောင်လေးများ



၂၀၁၁ ခုနှစ်ရဲ့ အစောပိုင်း၊ ချစ်သူနဲ့ ကြွဲပီး မိသားစုရဲ့ အဝေး အလုပ်သစ် နေရာသစ်မှာ ကိုယ်ပိုင်အခန်းအသစ်လေးနဲ့ အထီးကျန်စွာနေနေခဲ့ရချိန်မှာ သူမက ပထမဦးဆုံးသော အဖော်လေးပေါ့..
ဗိုက်ဆာတဲ့အချိန် တံခါးဝမှာ လာစောင့်ပြီး၊ စိတ်မထင်ရင်မထင်သလိုလဲ ထကိုက်တတ်တယ်..
လမ်းပေါ်မှာ ပျော်တတ်ပြီး၊ ညသ်ပတ်နေတဲ့ ခြေလက်တွေနဲ့ အိပ်ယာပေါ် တတ်အိပ်တဲ့ ကောင်မလေးဆိုးဆိုးလေးပေါ့... ခုတော့လဲ အပြင်မှာတွေ.တာတောင် ကျွန်တော့်ကို အဖတ်မလုပ်တော့ပြန်ဘူး...



ဂျောက်ဂျက်ဆိုတဲ့ ကျွန်တော့်ဘ၀ရဲ့ မင်းသားလေးပေါ့..
ဒီဘလော့လေးမှာ စာဖတ်မိတ်ဆွေတွေ တိုးအောင်လုပ်ပေးခဲ့တဲ့ ခပ်ဆိုးဆိုးချစ်စရာကောင်လေး ဆိုလဲ မမှားပါဘူး... သူလေးကြောင့် ချစ်စရာ အစ်မတွေ အစ်ကိုတွေနဲ့ ခင်ခဲ့ရတယ်...
ကျွန်တော့်လက်ထဲကို ပေတိပေစုတ်နဲ့ ရောက်လာခဲ့ပြီး၊ ကြီးပြင်းလာတော့ လမ်းပေါ်ကို ပေတိပေစုတ်ဘ၀လေးနဲ့ ထွက်ပြေးသွားတယ်... အချစ်ဆုံးကြောင်ကိုပြောပါဆိုရင် သူလေးဘဲဖြစ်မှာ သေချာပါတယ်... ချစ်စရာ သေးသေးလေးဘ၀ကနေ ကျွန်တော်နဲ့တူတူညစဉ် တစ်အိပ်ယာထဲမှာ တူတူအိပ်ပြီး ကျော်ဖြတ်ခဲ့ရတဲ့နေ့တွေက နှစ်တစ်ခုရဲ့ တစ်ဝက်စာလောက်တော့ ရှိခဲ့တာဘဲလေ...


အဲဒီကောင်မလေးပေါ့.. ကျွန်တော့် ဂျောက်ဂျက်လေးကို လာလုသွားတာ... နောက်ဆုံးတော့ သူလေးက အိမ်ပေါ်ရောက်ပြီး ဂျောက်လေးက အိမ်ကို စွန်.ခွာသွားတယ်...






ဘယ်လိုမေ့ပစ်ရမလဲ.. ဒီလောက်ချစ်စရာကောင်းတဲ့ ကလေးလေးတွေ ကျွန်တော့်အခန်းကျဉ်းလေးထဲမှာ မွေးခဲ့တယ်... ကြီးပြင်းလာကြတယ်.. ဆော့ကြတယ်.. ဆိုးကြတယ်.. ဆူကြတယ်..
နာမည်တွေပေးပြီး သူတို.လေးတွေကို နေ့စဉ်မှတ်တမ်းဓာတ်ပုံတွေရိုက်ပြီး ရူးခဲ့တယ်..
သူတို.အတွက်လိုအပ်တဲ့ အာဟာရတွေ၊ အားဆေးတွေဝယ်တယ်.. သားသမီးအရင်းတွေလိုချစ်ခဲ့ပြီးမှ စွန်.ပစ်ခဲ့ရတယ်... ဘယ်တော့မှ မမေ့ပါဘူး ... ခုတော့ ကျွန်တော့်ကလေးတွေ ဘယ်ရောက်နေပြီလဲ.. ဘာတွေလုပ်နေကြလဲ.. ဘယ်အရွယ်ရောက်နေပြီလဲ... ဘာမှ မတွေးချင်တော့ဘူး... ကြိုးစားပြီးမေ့ထားတယ်.. ဘာဘဲဖြစ်ဖြစ် အရမ်းသတိရတယ်...





Wednesday, February 27, 2013

Pre Test

သန်ဘက်ခါ စာမေးပွဲရှိတယ်..
ခုလောလောဆယ် စာတွေ အသဲအသန်ကျက်နေရတယ်.. ပစ်ထားတာ ၆လလောက်ရှိပြီ...
Energy Atmosphere တွေနဲ့ Water Inefficiency နဲ့ Green Building နဲ့ ဘာတွေမှန်းမသိ အကုန်ရောကုန်ပြီ...
စာအုပ်တွေလဲ ဟိုဟာပြန်ဖတ်လိုက် ဒီဟာပြန်လှန်လိုက်နဲ့
ဖတ်ပြန်တော့လဲ သိသလိုလိုနဲ့ တကယ်ကျတော့ မသိဘူး ဖြစ်နေတယ်..
နောက်နေ့မှ ကျက်မယ်ဆိုတဲ့ စိတ်ကြောင့်.. ခုချိန်ထိ မနက်ဖန်မှ ကြည့်မယ်ဆိုပြီး အကြွေးထားထားသေးတယ်..

ဒီ Pre Test ၂ခုကိုအောင်မှ တကယ့် စာမေးပွဲကို ၀င်ဖြေလို.ရမှာ..း(
စိတ်လဲညစ်တယ်.. စာမရပေမယ့် မြန်မြန်တော့ ဖြေပြီးချင်သား...
အောင်လား၊ ကျလား မြန်မြန်သိရတော့လဲ မြန်မြန်ပြီးတာပေါ့လေနော်...း)

စာကျက်နေတဲ့ကြားကနေ ဘိုရာလေးရဲ့ variety show ကို English စာတန်းထိုးတာလေးတင်လို. ပြေးကြည့်ရသေးတယ်.. ဟိဟိ.. Break Time ယူတာ...

ခရီးသွားဖို.ကလဲ လေယာဉ်လက်မှတ်တွေ ဈေးကြီးလိုက်တာ..း(
မေကြီးကတော့ပြောတယ်... ငါဘာမှ မပြောတော့ဘူး.. စိတ်ညစ်တယ်တဲ့...ေိခိ...
ဆောရီးပါ ချစ်မေကြီးရယ်.. မြန်မာပြည်ပြန်ရောက်ရင် လိမ်မာပါ့မယ်နော်... အာဘွား

Monday, February 25, 2013

ဂျပန်သွားမယ်

နှစ်တစ်နှစ်ကူးပြီဆိုတော့ ခရီးသွားရတာ စိတ်မပါဘူး ဘယ်လောက်ပြောပြော အချိန်တန်တော့လဲ ဟိုလိုလို ဒီလိုလိုနဲ့ ခရီးစဉ်တွေ ကောက်စီစဉ်မိပြန်ရော...
အမှန်တော့ လာမယ့် June လလောက်မှ Japan ကိုသွားဖို. အစီအစဉ်၇ှိတာပါ...
မြန်မာပြည်ကိုတော့ သင်္ကြန်ပြန်ကဲမယ်ပေါ့
ဒါပေမယ့် အစ်မလတ်က အကြံပေးတယ်.. June, July ဆို အိမ်ကို အပြီးပြန်ရခါနီးတော့ ပိုက်ဆံကုန်မှာ နှမြောပြီး သွားဖြစ်မှာ မဟုတ်ဘူးတဲ့။ စောစောစီးစီး March, April လောက်ကို သွားပြီး၊ သင်္ကြန်ပြန်ဖို.ကို cancel လုပ်လိုက်တဲ့။
သူအားပေးတာနဲ့ နောက်လသွားဖို. စီစဉ်လိုက်တယ်။ ခုလောလောဆယ်တော့ Visa ကိစ္စစီစဉ်နေတယ်..
အဆင်ပြေပါစေ~~
အဆင်ပြေပါစေ~~
ဝိုင်းဆုတောင်းပေးကြပါနော်...
ထုံးစံအတိုင်း အကြာကြီးမသွားဘူး... ၃ရက်လောက်လည်ပြီးရင် ပြန်လာမယ်...
ဓာတ်ပုံတွေများကြီးရိုက်ခဲ့မယ်... :D

Friday, February 22, 2013

အိမ်မှာ အငယ်ဆုံးပီပီ.. မိသားစုပြဿနာဆိုရင် ကိုယ်နဲ့မဆိုင်သလို နေနေတတ်ခဲ့တဲ့ ကျွန်တော်တစ်ယောက် ခုတလော မိသားစုပြဿနာအချို.ကို အချိန်ပေးပြီး စဉ်းစားတတ်နေတယ်..
ကိုယ့်ကိုယ်ကို ရင့်ကျက်လာတယ်မထင်ပေမယ့် အမေ့ရဲ့ ရင်ဖွင့်သံတွေကို မျှဝေခံစားတတ်သူဖြစ်လာတယ်..
အမြဲလိုလို အနိုင်ယူတတ်ခဲ့သလို အလျော့ပေးရမယ့်အချိန်တွေအတွက်လဲ အဆင်သင့်ဖြစ်လာခဲ့တယ်..
အသက်တွေကြီးလာခဲ့ပြီ...
လိုတာထက်လဲ ပိုတွေးလာတတ်ခဲ့ပြီ...
ပေါင်းနေတဲ့ ဥရောပသူငယ်ချင်းတွေနဲ့လဲ ခဏခဏငြင်းခုံရန်ဖြစ်ရလောက်အောင်လဲ ဇီဇာကြောင်တတ်လာတယ်..
မြန်မာတွေက အာရုံနောက်တယ် .. အပေါင်းအသင်းမလုပ်ချင်ဘူးဆိုပြီး ပွင့်လင်းတဲ့ နိုင်ငံခြားသားတွေနဲ့ဘဲ ရွေးပေါင်းခဲ့တဲ့ ကျွန်တော် အခုတော့ အမြင်မတူတဲ့ ယဉ်ကျေးမှုမတူတဲ့ လူတွေဆီကနေထွက်ပြေးနေမိပြီ..
ဘာဘဲဖြစ်ဖြစ်လေ..
အချိန်တန်တော့လဲ သူ.အလိုလိုပြောင်းလဲလာကြတာဘဲ..
ကျွန်တော်တောင် အမြဲပေါ့ပေါ့ပါးပါးနဲ့ မျောက်တစ်ကောင်လို ခုန်ဆွဆွနေတတ်ခဲ့တာ
အခုတော့ အတွေးများ ဇီဇာကြောင်တဲ့ အန်တီကြီးတစ်ယောက် မကြာခင်ဖြစ်တော့မှာဘဲလေ...
အသက်၂၈ဆိုတာ ငယ်မှ မငယ်တော့တာနော်... 
း)

Tuesday, February 5, 2013

June Moe~~



ဒီကောင်လေးကို 6.3.1994 က ဂျွန်လ မိုးတွေရွာနေတုန်းမှာ မွေးတဲ့ ကျွန်တော်တို.အိမ်ရဲ့ ပထမဆုံးအဖြူရောင်ကြောင်လေးမို.လို. ဂျွန်မိုး လို.နာမည်ပေးခဲ့ကြတယ်..
ငယ်ငယ်လေးကတည်းက အိမ်ကလူကြီးတွေပေါ်အချွဲသန်ပြီး၊ တခြားကြောင်တွေပေါ်မှာ မနာလိုတတ်တာကလွဲလို. အိမ်မှာ ဘာပြသနာမှကြီးကြီးကျယ်ကျယ်မရှာဖူးဘူး..
ကြောင်၂၁ကောင်ရှိခဲ့ဖူးတဲ့ ကျွန်တော်တို.အိမ်မှာ ဒီကောင်လေးက အစ်ကိုကြီးပေါ့.. ကျန်တဲ့ကောင်လေး၊ ကောင်မလေးတွေ တစ်ကောင်ပြီး တစ်ကောင် သေကုန်တာတောင် ဂျွန်က အသက်ရှည်ကျန်းမာလျက်ဘဲ..

ကျွန်တော်တို. တစ်မိသားစုလုံး မြန်မာပြည်ကနေထွက်ခဲ့ကြတော့ ဂျွန်အပါအ၀င် ကြောင်လေး၃ကောင်ကို သူငယ်ချင်းတစ်ယောက်အိမ်မှာ ထားခဲ့ရတယ်..
သူတို.မိသားစုကလဲ ကျွန်တော်တို.ထက် ကြောင်ကိုစနစ်တကျမွေးတတ် ချစ်တတ်သူတွေဆိုတော့ အစစအရာရာ စိတ်ချရတယ်လေ..
တခြားအငယ်၂ကောင်က သူ.အချိန်ရောက်လို. ဆုံးသွားပေမယ့်၊ ဂျွန့်အကြောင်းကတော့ လုံးဝမမေးဖြစ်တော့ဘူး.. အမှန်တော့ ကျွန်တော်တို. စိတ်ထဲမှာ တခြားအငယ်တွေတောင် သေကုန်ပြီဆိုတော့ သူ.ကိုလဲ အသက်ရှင်ဦးမယ်လို. လုံးဝထင်မထားဘူး...
ဒီနေ့တော့ သူငယ်ချင်းက facebook ကနေလှမ်းပို.တယ်...ဒီကောင်လေးကိုမှတ်မိသေးလားတဲ့
ကျွန်တော် အရမ်းကို ထခုန်မတတ် ၀မ်းသားမိတယ်..
သားလေးက ငယ်ငယ်ကလိုဘဲ ချစ်စရာကောင်းတုန်း
အရမ်းမ၀တော့ပေမယ့် သူ.အသက်နဲ့သူတော့ ကျန်းမာနေတုန်းဘဲ..
ကြောင်တစ်ကောင်သက်တမ်းက ၁၉နှစ်ရှည်မယ်လို. တခါမှ မတွေးခဲ့ဖူးဘူး....
ကြည့်ပါဦးဗျာ.. ကျွန်တော့်သားလေးက ချောတယ်နော်...ေိခိ
ပျော်လိုက်တာ.. ဒီတစ်ခေါက် ရန်ကုန်ရောက်ရင် သွားကြည့်ရမယ်.. :D

Monday, February 4, 2013

ဒီနေ့ ပစ်ထားတာကြာနေတဲ့ စာတွေပြန်လုပ်ဖြစ်တယ်..
စာမေးပွဲက တဖြေးဖြေးနဲ့ နီးလာတယ်..
အရေးရယ် အကြောင်းရယ်ဆိုတော့ BORA လဲ မကယ်နိုင်ဘူး...
ကိုယ့်ဘာသာမှ မကျက်ရင် စာမေးပွဲကြေးကုန်တာ အလကားဖြစ်မယ်.. မျက်နှာငယ်ရမယ်.. စိတ်ဓာတ်ကျရမယ်.. ရာထူးတတ်တာနှေးမယ်...
ဒီတော့ စာပြန်ကျက်နေတယ်.. :D
ဘယ်နှရက် ကျက်ဖြစ်မလဲတော့ မသိ.. စောင့်ကြည့်...

Wednesday, January 30, 2013


ဒီနေ့ Bora လေးရဲ့ မွေးနေ့ပါ..
ကျွန်တော်ပေးတဲ့ လက်ဆောင်ရပြီလို. ထင်ပါတယ်..
ဘာဘဲဖြစ်ဖြစ် ကျွန်တော် ဒီနေ့ တစ်နေ့လုံး ပြုံးနေဖြစ်တယ်... ဘာလို.မှန်းတော့ ကိုယ်တိုင်လဲ သေချာမသိပါဘူး..
မနက်ဖန် မနက်၇နာရီမှာ သူတို. SISTAR19 ရဲ့ သီချင်းအသစ်ထွက်မယ်... ဒီတော့ ကျွန်တော် စောစောထပြီး စောင့်ကြည့်မယ်..
ဒီညတော့ စောစောအိပ်တော့မယ်... ဟိဟိ
အရမ်း အရမ်း ပျော်နေတယ်..
ဘာလို.မှန်းကို မသိဘူး
ပျော်တာဘဲ သိတယ်..
အိပ်လို.တောင် ရပါ့မလားရယ်မသိဘူး
ေိခိေိခိေိခိ

Saturday, January 26, 2013

မတူညီတဲ့ ဘ၀ အရောင်အချို.

ကမ္ဘာကျော် ကာတွန်းကား Madagascar ကိုဖန်တီးခဲ့တဲ့ တကယ့် Madagascar မြို.တော်ကြီးမှာ၊ လူဦးရေ ထောင်သောင်းများစွာက အမှိုက်ပုံထဲမှာ နေထိုင်ကြပါသတဲ့...
တနေ့ တနေ့ အမှိုက်ကားလာချိန်ကို စောင့်မျှော်ရင်း၊ ပစ်ချပေးတဲ့ အမှိုက်ပုံထဲက Cracker အပိုင်းအစအချို.အတွက် အချင်းချင်းဝိုင်းဝန်းရိုက်နှက်ကြဖို.၀န်မလေးကြဘူး...
သူတို.ရဲ့ တစ်နေ့စာ အစားအသောက်အတွက် ကုန်ကျငွေ ဒေါ်လာ၁.၅ ဘဲ ရှိပါတယ်... ဒါပေမယ့် သူတို.ဆီမှာ အဲဒီလောက်ဝင်ငွေမရှိလို.၊ အမှိုက်ကားက ချပေးသမျှကိုဘဲ တမတ်တမော စောင့်ယူကြပါတယ်...
မြေကြီးကို တွင်းတူးပြီး၊ သူ့ရဲ့အရပ်ထက် ၁၀ပေမက ပိုနက်တဲ့ တွင်းနက်ထဲမှာ အလုပ်လုပ်နေရတဲ့ ၁၆နှစ်အရွယ်ကောင်ငယ်လေးက နဖူးကချွေး ခြေမကျအောင် နေထွက်ကနေ နေ၀င်ထိလုပ်ခဲ့ရတဲ့ တနေ့လုပ်ခလစာက ဆင့်၁၀မှ ၅၀ထိဘဲရှိပါတယ်တယ်..
မိသားစုဝင်ထဲက ပထမသားအကြီးပီသစွာ၊ အသက် ၁၀နှစ်အရွယ်ကတည်းက ကျောင်းထွက်ပြီး ဒီအလုပ်နဲ့ မိသားစုဝင်ငွေကို ထောက်ပံ့နေသူလေးပါ..
ထောက်ပံ့ရေးအဖွဲ.တွေက အစားအသောက်တွေဝေငှကျွေးတော့၊ သူရတဲ့ ဝေစုကို မစားရက်ဘဲ မောင်နှမအငယ်လေးတွေကို ဝေမျှကျွေးတဲ့ အသက် ၁၃နှစ်အရွယ် ကလေးမလေးက မနက်ဖန်မှာ သူ.မောင်လေး၊ ညီမလေးတွေ အစားအသောက်ငတ်မှာ ကြိုသိနေသတဲ့လား...
Interviewer အမျိုးသမီးက ကျောင်းနေချင်လားမေးတာတောင် ကျောင်းဆိုတာဘာလဲ မသိတဲ့ ကလေးငယ်တွေရဲ့ဘ၀၊ မွေးစာရင်းမရှိလို. ကိုယ့်အသက်တောင် ဘယ်နှနှစ်ရှိမှန်းမသိသူတွေ...
အဲဒါ ဘ၀တွေတဲ့လား...
ကျွန်တော့်ဘ၀နဲ့ သူတို.ဘ၀.. ဘာလို.အဲလောက်ကွာခြားရတာပါလဲ...
တနေ့တနေ့ အပျင်းပြေ သူငယ်ချင်းတွေနဲ့ ၁၀မိနစ်လောက်အပျော်စကားပြောရတဲ့ Mobile Phone ကျသင့်ငွေက Madagascar က ကလေးတွေအတွက်တော့ တနေ့စာဝမ်းရေး ဖြေရှင်းနိုင်တဲ့ မက်လောက်စရာ ပမာဏတစ်ခုပါ...
ဒီလိုအစီအစဉ်တွေ တစ်ခါမှ မကြည့်ဖူးတဲ့ (အမှန်တော့ အဲဒါမျိုးတွေ မကြည့်ဖြစ်အောင် ရှောင်ရှားတတ်တဲ့) ကျွန်တော့်အတွက်တော့ ဒီနေ့မှာ တွေးစရာတွေ အများကြီးရှိနေခဲ့တယ်...
ဒီလိုလူမျိုးတွေ ကျွန်တော်တို.နိုင်ငံမှာရော... ရှိနေမှာလား.. သူတို.လောက်မဟုတ်တောင်၊ သူတို.နှီးပါး အဖြစ်တွေ ဆိုးနေကြလား...
ကျွန်တော့်လို. မသိချင်ယောင်ဆောင်နေတတ်တဲ့ အတ္တသမားတွေရော... ဘယ်နှယောက်ရှိနေသေးလဲ...
ဘာဘဲပြောပြော ဒီနေ့ ကျွန်တော် သေသေချာချာတွေးဖြစ်မှာပါ...


Thursday, January 24, 2013

၂၄.၁.၂၀၁၃

ဒီနေ့ ရုံးပိတ်တယ်..
အိပ်ရာက ၁၁နာရီထိုးမှထတယ်.. အခန်းနဲနဲရှင်းပြီး အ၀တ်လျော်တယ်..
အပြင်မှာ ရာသီဥတုလေးက တော်တော်လှပတယ်..
ကလေးတွေ မရှိကတည်းက ပစ်ထားတဲ့ Balcony ကို ထွက်ပြီး ရှင်းဖြစ်တယ်..
ကြောင်စာခွက်တွေ၊ ကြောင်စာအကျန်လေးတွေ၊ သူတို.အိပ်သွားတဲ့ အိပ်ယာလေးတွေတွေ.တော့ ခဏငိုဖြစ်တယ်..
ဒါပါဘဲ.. ကျွန်တော်ပေးနိုင်တာ မျက်ရည်တစ်ခုဘဲလေ..
သူတို.အတွက် လုံခြုံသာယာတဲ့ အိမ်မပေးနိုင်ခဲ့ပါဘူး..

ဒီနေ့ SISTAR19 ကခွေအသစ်ထွက်မှာမို.လို. ကြော်ငြာထွက်တယ်..
ထုံးစံအတိုင်း BORA လေးက ချောမြဲ လှမြဲပါဘဲ..
ကျွန်တော်ကလဲ ရူးမြဲ ကြိုက်မြဲဘဲပေါ့..
ဘာလိုလိုနဲ့ ဇန်န၀ါရီလကုန်တော့မယ်.. July, August ကို မြန်မြန်ရောက်ချင်လှပြီဗျာ..
အိမ်ပြန်ချိန်တွေကို ရေတွက်နေရတာလဲ ရင်ခုန်စရာတစ်မျိုးဘဲလေ..

မေမေက ဒီနေ့ နေသိပ်မကောင်းဘူးတဲ့.. အိမ်ပြင်နေတာကို စောင့်ကြည့်နေရတော့ ဆူညံသံတွေကြားမှာ ခေါင်းကိုက်နေရှာမှာပေါ့နော်..

Daddy ကတော့ london ကိုရောက်သွားပြီ၊ ကျွန်တော့်ကို လွမ်းတယ်တဲ့.. ကျွန်တော်ကတော့ သိပ်မလွမ်းပါဘူး.. ကိုယ့်ဘ၀နဲ့ကိုယ်ဘဲဟာ..

ခုတလော ဆောင်းတွင်းကအေးလွန်းတယ်.. နေ့လည်၁၂နာရီတောင် မြူတွေဆိုင်းလို.
အသားတွေလဲ တော်တော်ခြောက်တယ်.. ၀က်ခြံတွေတောင် ထွက်နေပြီ..း(