၂၀၁၁ ခုနှစ်ရဲ့ အစောပိုင်း၊ ချစ်သူနဲ့ ကြွဲပီး မိသားစုရဲ့ အဝေး အလုပ်သစ် နေရာသစ်မှာ ကိုယ်ပိုင်အခန်းအသစ်လေးနဲ့ အထီးကျန်စွာနေနေခဲ့ရချိန်မှာ သူမက ပထမဦးဆုံးသော အဖော်လေးပေါ့..
ဗိုက်ဆာတဲ့အချိန် တံခါးဝမှာ လာစောင့်ပြီး၊ စိတ်မထင်ရင်မထင်သလိုလဲ ထကိုက်တတ်တယ်..
လမ်းပေါ်မှာ ပျော်တတ်ပြီး၊ ညသ်ပတ်နေတဲ့ ခြေလက်တွေနဲ့ အိပ်ယာပေါ် တတ်အိပ်တဲ့ ကောင်မလေးဆိုးဆိုးလေးပေါ့... ခုတော့လဲ အပြင်မှာတွေ.တာတောင် ကျွန်တော့်ကို အဖတ်မလုပ်တော့ပြန်ဘူး...
ဂျောက်ဂျက်ဆိုတဲ့ ကျွန်တော့်ဘ၀ရဲ့ မင်းသားလေးပေါ့..
ဒီဘလော့လေးမှာ စာဖတ်မိတ်ဆွေတွေ တိုးအောင်လုပ်ပေးခဲ့တဲ့ ခပ်ဆိုးဆိုးချစ်စရာကောင်လေး ဆိုလဲ မမှားပါဘူး... သူလေးကြောင့် ချစ်စရာ အစ်မတွေ အစ်ကိုတွေနဲ့ ခင်ခဲ့ရတယ်...
ကျွန်တော့်လက်ထဲကို ပေတိပေစုတ်နဲ့ ရောက်လာခဲ့ပြီး၊ ကြီးပြင်းလာတော့ လမ်းပေါ်ကို ပေတိပေစုတ်ဘ၀လေးနဲ့ ထွက်ပြေးသွားတယ်... အချစ်ဆုံးကြောင်ကိုပြောပါဆိုရင် သူလေးဘဲဖြစ်မှာ သေချာပါတယ်... ချစ်စရာ သေးသေးလေးဘ၀ကနေ ကျွန်တော်နဲ့တူတူညစဉ် တစ်အိပ်ယာထဲမှာ တူတူအိပ်ပြီး ကျော်ဖြတ်ခဲ့ရတဲ့နေ့တွေက နှစ်တစ်ခုရဲ့ တစ်ဝက်စာလောက်တော့ ရှိခဲ့တာဘဲလေ...
အဲဒီကောင်မလေးပေါ့.. ကျွန်တော့် ဂျောက်ဂျက်လေးကို လာလုသွားတာ... နောက်ဆုံးတော့ သူလေးက အိမ်ပေါ်ရောက်ပြီး ဂျောက်လေးက အိမ်ကို စွန်.ခွာသွားတယ်...
ဘယ်လိုမေ့ပစ်ရမလဲ.. ဒီလောက်ချစ်စရာကောင်းတဲ့ ကလေးလေးတွေ ကျွန်တော့်အခန်းကျဉ်းလေးထဲမှာ မွေးခဲ့တယ်... ကြီးပြင်းလာကြတယ်.. ဆော့ကြတယ်.. ဆိုးကြတယ်.. ဆူကြတယ်..
နာမည်တွေပေးပြီး သူတို.လေးတွေကို နေ့စဉ်မှတ်တမ်းဓာတ်ပုံတွေရိုက်ပြီး ရူးခဲ့တယ်..
သူတို.အတွက်လိုအပ်တဲ့ အာဟာရတွေ၊ အားဆေးတွေဝယ်တယ်.. သားသမီးအရင်းတွေလိုချစ်ခဲ့ပြီးမှ စွန်.ပစ်ခဲ့ရတယ်... ဘယ်တော့မှ မမေ့ပါဘူး ... ခုတော့ ကျွန်တော့်ကလေးတွေ ဘယ်ရောက်နေပြီလဲ.. ဘာတွေလုပ်နေကြလဲ.. ဘယ်အရွယ်ရောက်နေပြီလဲ... ဘာမှ မတွေးချင်တော့ဘူး... ကြိုးစားပြီးမေ့ထားတယ်.. ဘာဘဲဖြစ်ဖြစ် အရမ်းသတိရတယ်...



























