Showing posts with label ခံစားချက်. Show all posts
Showing posts with label ခံစားချက်. Show all posts

Friday, March 22, 2013

My SISTAR19 Album

ခွိခွိ... ရူးလွန်းတယ်ပြောပြော ဘာဘဲပြောပြော
SISTAR19 ရဲ့ Album လေးဝယ်ထားတာ မနေ့က ရတယ်...
အရမ်းရမ်းရမ်းကို ပျော်နေတယ်...
Bora လေး တင်မကဘူး ဒိတခါ Hyorin ၇ဲ့ လက်မှတ်နဲ့ ဓာတ်ပုံပါရတယ်..
ကံစမ်းမဲပေါက်တာဆိုဘဲ...
ဘာဘဲဖြစ်ဖြစ် အလကားရတာ အကုန်ယူတယ်...ေိခိ
ပျော် ပျော် ပျော် လွန်းနေတယ်.....

သီချင်းတွေကတော့ နားထောင်တာ ထုံးစံအတိုင်း ဘာတွေဆိုထားမှန်းမသိပါ...



Thursday, February 28, 2013

ကျွန်တော်နှင့် UAEမြို.တော်မှ ကြောင်လေးများ



၂၀၁၁ ခုနှစ်ရဲ့ အစောပိုင်း၊ ချစ်သူနဲ့ ကြွဲပီး မိသားစုရဲ့ အဝေး အလုပ်သစ် နေရာသစ်မှာ ကိုယ်ပိုင်အခန်းအသစ်လေးနဲ့ အထီးကျန်စွာနေနေခဲ့ရချိန်မှာ သူမက ပထမဦးဆုံးသော အဖော်လေးပေါ့..
ဗိုက်ဆာတဲ့အချိန် တံခါးဝမှာ လာစောင့်ပြီး၊ စိတ်မထင်ရင်မထင်သလိုလဲ ထကိုက်တတ်တယ်..
လမ်းပေါ်မှာ ပျော်တတ်ပြီး၊ ညသ်ပတ်နေတဲ့ ခြေလက်တွေနဲ့ အိပ်ယာပေါ် တတ်အိပ်တဲ့ ကောင်မလေးဆိုးဆိုးလေးပေါ့... ခုတော့လဲ အပြင်မှာတွေ.တာတောင် ကျွန်တော့်ကို အဖတ်မလုပ်တော့ပြန်ဘူး...



ဂျောက်ဂျက်ဆိုတဲ့ ကျွန်တော့်ဘ၀ရဲ့ မင်းသားလေးပေါ့..
ဒီဘလော့လေးမှာ စာဖတ်မိတ်ဆွေတွေ တိုးအောင်လုပ်ပေးခဲ့တဲ့ ခပ်ဆိုးဆိုးချစ်စရာကောင်လေး ဆိုလဲ မမှားပါဘူး... သူလေးကြောင့် ချစ်စရာ အစ်မတွေ အစ်ကိုတွေနဲ့ ခင်ခဲ့ရတယ်...
ကျွန်တော့်လက်ထဲကို ပေတိပေစုတ်နဲ့ ရောက်လာခဲ့ပြီး၊ ကြီးပြင်းလာတော့ လမ်းပေါ်ကို ပေတိပေစုတ်ဘ၀လေးနဲ့ ထွက်ပြေးသွားတယ်... အချစ်ဆုံးကြောင်ကိုပြောပါဆိုရင် သူလေးဘဲဖြစ်မှာ သေချာပါတယ်... ချစ်စရာ သေးသေးလေးဘ၀ကနေ ကျွန်တော်နဲ့တူတူညစဉ် တစ်အိပ်ယာထဲမှာ တူတူအိပ်ပြီး ကျော်ဖြတ်ခဲ့ရတဲ့နေ့တွေက နှစ်တစ်ခုရဲ့ တစ်ဝက်စာလောက်တော့ ရှိခဲ့တာဘဲလေ...


အဲဒီကောင်မလေးပေါ့.. ကျွန်တော့် ဂျောက်ဂျက်လေးကို လာလုသွားတာ... နောက်ဆုံးတော့ သူလေးက အိမ်ပေါ်ရောက်ပြီး ဂျောက်လေးက အိမ်ကို စွန်.ခွာသွားတယ်...






ဘယ်လိုမေ့ပစ်ရမလဲ.. ဒီလောက်ချစ်စရာကောင်းတဲ့ ကလေးလေးတွေ ကျွန်တော့်အခန်းကျဉ်းလေးထဲမှာ မွေးခဲ့တယ်... ကြီးပြင်းလာကြတယ်.. ဆော့ကြတယ်.. ဆိုးကြတယ်.. ဆူကြတယ်..
နာမည်တွေပေးပြီး သူတို.လေးတွေကို နေ့စဉ်မှတ်တမ်းဓာတ်ပုံတွေရိုက်ပြီး ရူးခဲ့တယ်..
သူတို.အတွက်လိုအပ်တဲ့ အာဟာရတွေ၊ အားဆေးတွေဝယ်တယ်.. သားသမီးအရင်းတွေလိုချစ်ခဲ့ပြီးမှ စွန်.ပစ်ခဲ့ရတယ်... ဘယ်တော့မှ မမေ့ပါဘူး ... ခုတော့ ကျွန်တော့်ကလေးတွေ ဘယ်ရောက်နေပြီလဲ.. ဘာတွေလုပ်နေကြလဲ.. ဘယ်အရွယ်ရောက်နေပြီလဲ... ဘာမှ မတွေးချင်တော့ဘူး... ကြိုးစားပြီးမေ့ထားတယ်.. ဘာဘဲဖြစ်ဖြစ် အရမ်းသတိရတယ်...





Friday, February 22, 2013

အိမ်မှာ အငယ်ဆုံးပီပီ.. မိသားစုပြဿနာဆိုရင် ကိုယ်နဲ့မဆိုင်သလို နေနေတတ်ခဲ့တဲ့ ကျွန်တော်တစ်ယောက် ခုတလော မိသားစုပြဿနာအချို.ကို အချိန်ပေးပြီး စဉ်းစားတတ်နေတယ်..
ကိုယ့်ကိုယ်ကို ရင့်ကျက်လာတယ်မထင်ပေမယ့် အမေ့ရဲ့ ရင်ဖွင့်သံတွေကို မျှဝေခံစားတတ်သူဖြစ်လာတယ်..
အမြဲလိုလို အနိုင်ယူတတ်ခဲ့သလို အလျော့ပေးရမယ့်အချိန်တွေအတွက်လဲ အဆင်သင့်ဖြစ်လာခဲ့တယ်..
အသက်တွေကြီးလာခဲ့ပြီ...
လိုတာထက်လဲ ပိုတွေးလာတတ်ခဲ့ပြီ...
ပေါင်းနေတဲ့ ဥရောပသူငယ်ချင်းတွေနဲ့လဲ ခဏခဏငြင်းခုံရန်ဖြစ်ရလောက်အောင်လဲ ဇီဇာကြောင်တတ်လာတယ်..
မြန်မာတွေက အာရုံနောက်တယ် .. အပေါင်းအသင်းမလုပ်ချင်ဘူးဆိုပြီး ပွင့်လင်းတဲ့ နိုင်ငံခြားသားတွေနဲ့ဘဲ ရွေးပေါင်းခဲ့တဲ့ ကျွန်တော် အခုတော့ အမြင်မတူတဲ့ ယဉ်ကျေးမှုမတူတဲ့ လူတွေဆီကနေထွက်ပြေးနေမိပြီ..
ဘာဘဲဖြစ်ဖြစ်လေ..
အချိန်တန်တော့လဲ သူ.အလိုလိုပြောင်းလဲလာကြတာဘဲ..
ကျွန်တော်တောင် အမြဲပေါ့ပေါ့ပါးပါးနဲ့ မျောက်တစ်ကောင်လို ခုန်ဆွဆွနေတတ်ခဲ့တာ
အခုတော့ အတွေးများ ဇီဇာကြောင်တဲ့ အန်တီကြီးတစ်ယောက် မကြာခင်ဖြစ်တော့မှာဘဲလေ...
အသက်၂၈ဆိုတာ ငယ်မှ မငယ်တော့တာနော်... 
း)

Tuesday, February 5, 2013

June Moe~~



ဒီကောင်လေးကို 6.3.1994 က ဂျွန်လ မိုးတွေရွာနေတုန်းမှာ မွေးတဲ့ ကျွန်တော်တို.အိမ်ရဲ့ ပထမဆုံးအဖြူရောင်ကြောင်လေးမို.လို. ဂျွန်မိုး လို.နာမည်ပေးခဲ့ကြတယ်..
ငယ်ငယ်လေးကတည်းက အိမ်ကလူကြီးတွေပေါ်အချွဲသန်ပြီး၊ တခြားကြောင်တွေပေါ်မှာ မနာလိုတတ်တာကလွဲလို. အိမ်မှာ ဘာပြသနာမှကြီးကြီးကျယ်ကျယ်မရှာဖူးဘူး..
ကြောင်၂၁ကောင်ရှိခဲ့ဖူးတဲ့ ကျွန်တော်တို.အိမ်မှာ ဒီကောင်လေးက အစ်ကိုကြီးပေါ့.. ကျန်တဲ့ကောင်လေး၊ ကောင်မလေးတွေ တစ်ကောင်ပြီး တစ်ကောင် သေကုန်တာတောင် ဂျွန်က အသက်ရှည်ကျန်းမာလျက်ဘဲ..

ကျွန်တော်တို. တစ်မိသားစုလုံး မြန်မာပြည်ကနေထွက်ခဲ့ကြတော့ ဂျွန်အပါအ၀င် ကြောင်လေး၃ကောင်ကို သူငယ်ချင်းတစ်ယောက်အိမ်မှာ ထားခဲ့ရတယ်..
သူတို.မိသားစုကလဲ ကျွန်တော်တို.ထက် ကြောင်ကိုစနစ်တကျမွေးတတ် ချစ်တတ်သူတွေဆိုတော့ အစစအရာရာ စိတ်ချရတယ်လေ..
တခြားအငယ်၂ကောင်က သူ.အချိန်ရောက်လို. ဆုံးသွားပေမယ့်၊ ဂျွန့်အကြောင်းကတော့ လုံးဝမမေးဖြစ်တော့ဘူး.. အမှန်တော့ ကျွန်တော်တို. စိတ်ထဲမှာ တခြားအငယ်တွေတောင် သေကုန်ပြီဆိုတော့ သူ.ကိုလဲ အသက်ရှင်ဦးမယ်လို. လုံးဝထင်မထားဘူး...
ဒီနေ့တော့ သူငယ်ချင်းက facebook ကနေလှမ်းပို.တယ်...ဒီကောင်လေးကိုမှတ်မိသေးလားတဲ့
ကျွန်တော် အရမ်းကို ထခုန်မတတ် ၀မ်းသားမိတယ်..
သားလေးက ငယ်ငယ်ကလိုဘဲ ချစ်စရာကောင်းတုန်း
အရမ်းမ၀တော့ပေမယ့် သူ.အသက်နဲ့သူတော့ ကျန်းမာနေတုန်းဘဲ..
ကြောင်တစ်ကောင်သက်တမ်းက ၁၉နှစ်ရှည်မယ်လို. တခါမှ မတွေးခဲ့ဖူးဘူး....
ကြည့်ပါဦးဗျာ.. ကျွန်တော့်သားလေးက ချောတယ်နော်...ေိခိ
ပျော်လိုက်တာ.. ဒီတစ်ခေါက် ရန်ကုန်ရောက်ရင် သွားကြည့်ရမယ်.. :D

Saturday, January 26, 2013

မတူညီတဲ့ ဘ၀ အရောင်အချို.

ကမ္ဘာကျော် ကာတွန်းကား Madagascar ကိုဖန်တီးခဲ့တဲ့ တကယ့် Madagascar မြို.တော်ကြီးမှာ၊ လူဦးရေ ထောင်သောင်းများစွာက အမှိုက်ပုံထဲမှာ နေထိုင်ကြပါသတဲ့...
တနေ့ တနေ့ အမှိုက်ကားလာချိန်ကို စောင့်မျှော်ရင်း၊ ပစ်ချပေးတဲ့ အမှိုက်ပုံထဲက Cracker အပိုင်းအစအချို.အတွက် အချင်းချင်းဝိုင်းဝန်းရိုက်နှက်ကြဖို.၀န်မလေးကြဘူး...
သူတို.ရဲ့ တစ်နေ့စာ အစားအသောက်အတွက် ကုန်ကျငွေ ဒေါ်လာ၁.၅ ဘဲ ရှိပါတယ်... ဒါပေမယ့် သူတို.ဆီမှာ အဲဒီလောက်ဝင်ငွေမရှိလို.၊ အမှိုက်ကားက ချပေးသမျှကိုဘဲ တမတ်တမော စောင့်ယူကြပါတယ်...
မြေကြီးကို တွင်းတူးပြီး၊ သူ့ရဲ့အရပ်ထက် ၁၀ပေမက ပိုနက်တဲ့ တွင်းနက်ထဲမှာ အလုပ်လုပ်နေရတဲ့ ၁၆နှစ်အရွယ်ကောင်ငယ်လေးက နဖူးကချွေး ခြေမကျအောင် နေထွက်ကနေ နေ၀င်ထိလုပ်ခဲ့ရတဲ့ တနေ့လုပ်ခလစာက ဆင့်၁၀မှ ၅၀ထိဘဲရှိပါတယ်တယ်..
မိသားစုဝင်ထဲက ပထမသားအကြီးပီသစွာ၊ အသက် ၁၀နှစ်အရွယ်ကတည်းက ကျောင်းထွက်ပြီး ဒီအလုပ်နဲ့ မိသားစုဝင်ငွေကို ထောက်ပံ့နေသူလေးပါ..
ထောက်ပံ့ရေးအဖွဲ.တွေက အစားအသောက်တွေဝေငှကျွေးတော့၊ သူရတဲ့ ဝေစုကို မစားရက်ဘဲ မောင်နှမအငယ်လေးတွေကို ဝေမျှကျွေးတဲ့ အသက် ၁၃နှစ်အရွယ် ကလေးမလေးက မနက်ဖန်မှာ သူ.မောင်လေး၊ ညီမလေးတွေ အစားအသောက်ငတ်မှာ ကြိုသိနေသတဲ့လား...
Interviewer အမျိုးသမီးက ကျောင်းနေချင်လားမေးတာတောင် ကျောင်းဆိုတာဘာလဲ မသိတဲ့ ကလေးငယ်တွေရဲ့ဘ၀၊ မွေးစာရင်းမရှိလို. ကိုယ့်အသက်တောင် ဘယ်နှနှစ်ရှိမှန်းမသိသူတွေ...
အဲဒါ ဘ၀တွေတဲ့လား...
ကျွန်တော့်ဘ၀နဲ့ သူတို.ဘ၀.. ဘာလို.အဲလောက်ကွာခြားရတာပါလဲ...
တနေ့တနေ့ အပျင်းပြေ သူငယ်ချင်းတွေနဲ့ ၁၀မိနစ်လောက်အပျော်စကားပြောရတဲ့ Mobile Phone ကျသင့်ငွေက Madagascar က ကလေးတွေအတွက်တော့ တနေ့စာဝမ်းရေး ဖြေရှင်းနိုင်တဲ့ မက်လောက်စရာ ပမာဏတစ်ခုပါ...
ဒီလိုအစီအစဉ်တွေ တစ်ခါမှ မကြည့်ဖူးတဲ့ (အမှန်တော့ အဲဒါမျိုးတွေ မကြည့်ဖြစ်အောင် ရှောင်ရှားတတ်တဲ့) ကျွန်တော့်အတွက်တော့ ဒီနေ့မှာ တွေးစရာတွေ အများကြီးရှိနေခဲ့တယ်...
ဒီလိုလူမျိုးတွေ ကျွန်တော်တို.နိုင်ငံမှာရော... ရှိနေမှာလား.. သူတို.လောက်မဟုတ်တောင်၊ သူတို.နှီးပါး အဖြစ်တွေ ဆိုးနေကြလား...
ကျွန်တော့်လို. မသိချင်ယောင်ဆောင်နေတတ်တဲ့ အတ္တသမားတွေရော... ဘယ်နှယောက်ရှိနေသေးလဲ...
ဘာဘဲပြောပြော ဒီနေ့ ကျွန်တော် သေသေချာချာတွေးဖြစ်မှာပါ...


Wednesday, January 16, 2013

ဒီနေ့ကျမှဗျာ...
မနေ့တနေ့ကမှ ပြတ်ထားတဲ့ ကောင်မလေးက ရည်းစားအသစ်ရပြီး၊ Relationship Status ကို FACEBOOK မှာ တင်တယ်..
လွန်ခဲ့တဲံ ၃နှစ်လောက်က ကြိုက်ခဲ့ဖူးတဲ့ ရည်းစားဟောင်းက လာမယ့် တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်တော့မယ်တဲ့
အရမ်းချစ်ခဲ့ပါတယ်ဆိုတဲ့ အမျိုးသမီးကလဲ ဒီနေ့ သူ.မွေးနေ့မို.လို.ဆိုပြီး၊ Birthday cake နဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံလှမ်းပို.တယ်...
တော်တော်ရင်ခံသွားတယ်...
မနက် အိပ်ရာနိုးနိုးချင်း မကောင်းတဲ့သတင်းတွေ ပိုးစိုးပက်စက်ဝင်လာသလိုခံစားရတယ်..
လျာရှည်ပြီး အားတိုင်းယားတိုင်း Facebook ဖွင့်မိတဲ့ ကိုယ့်ကိုယ်ကိုဘဲ စိတ်နာတယ်..
သူတို.ကို ချစ်လွန်းလို.တော့မဟုတ်ပေမယ့် သူတို.တွေ အတွဲကိုယ်စီနဲ့ ပျော်ရွှင်နေချိန်မှာ ကိုယ်တစ်ယောက်ထဲ ဟက်ကော့ကြီးကျန်ခဲ့ရတာကို မခံစားနိုင်တာ...
အလုပ်လုပ်တာတောင် စိတ်မပါလက်မပါဖြစ်သွားတယ်...
မုန်းဒယ်... မုန်းဒယ်...
လောကကြီးကို စိတ်နာဒယ်...း(

Sunday, January 6, 2013

အေးဆေးပါဆိုပြီး စခဲ့တဲ့ဇာတ်လမ်းမှာ
ခုတော့ ငါ့ဇယားနဲ့ ငါတိုင်ပတ်နေပြီ..
နင်ခရီးထွက်နေတဲ့ ၅ရက်အတွင်းမှာ
နင့်ချစ်သူတင်တဲ့ Status တွေကိုကြည့်ုပြီး ငါရူးချင်နေတယ်...
မပိုင်ဆိုင်နိုင်သူကိုမှ စည်းကျော်ပြီးချစ်ခဲ့မိတဲ့ ငါ့ကိုယ်ငါဘဲ အပြစ်တင်ပါတယ်...

ဒီကြားထဲ နင့်ချစ်သူက ငါ့ကိုမယုံလို. စာမေးပွဲလာစစ်တော့
ဒုတိယတစ်ယောက်နာမည် ညာသုံးပြီး ကာလိုက်ရတယ်..
ငါ့လိပ်ပြာ ငါမလုံတာ အသိဆုံးပါ..
နင့်ချစ်သူက အဲလောက်နူးညံ့တတ်မှန်း ငါမသိခဲ့ဘူး
နင့်ကိုလဲ မေ့လို.မရသလို... နင့်ချစ်သူကိုလဲ အားနာနေမိတယ်..

ငါ.. ဘာဆက်လုပ်ရမလဲ..

Thursday, December 27, 2012

ဒီနေ့ ကျွန်တော်အရမ်းပျော်နေတယ်...
မေကြီးက မနေ့ကဖုန်းဆက်တယ်.. ကျွန်တော်နဲ့ အစ်မလတ်အတွက် မြို.ထဲမှာ တိုက်ခန်းတစ်ခန်းဝယ်ပေးထားတယ်တဲ့.. အိမ်ပြန်လာဖို. ပြင်ကြတော့တဲ့...
New Year အတွက် လက်ဆောင်တဲ့....တစ်ယောက်ထဲနေကြတာကြာတော့ မိသားစုနဲ့ မနေတတ်မှာစိုးလို. မေကြီးက သူ.ရှိသမျှလေးနဲ့ စီစဉ်ပေးရှာတာ... မေကြီးကို သနားလဲ သနား..အရမ်းလဲပျော်တယ်...
ကျွန်တော့်အတွက်က ဘယ်သူနဲ့ နေရနေရ ပြသနာမရှိပေမယ့်..ကျွန်တော့်အစ်မလတ်က လွတ်လပ်မှုကိုကြိုက်တယ်.. အမေနဲ့ တူတူနေရင် သူ.အတွက်မလွယ်ဘူး...
ဘာဘဲပြောပြော ရန်ကုန်ပြန်ပြီး တိုက်ခန်းအသစ်လေးမှာနေရမယ်ဆိုတော့ ညီအစ်မ၂ယောက်လုံးပျော်နေကြတယ်...
ကျွန်တော်တို. ပိုကဆံနဲနဲစုပြီးရင် (ရောက်ရောက်ချင်း အလုပ်မရှိခင် သုံးစရာမရှိမှာစိုးလို့) June, July လောက်ကို မြန်မာပြည်အပြီးပြန်တော့မယ်... ဒီမှာနေလဲ စုမိဆောင်းမိမရှိတဲ့တူတူ မေကြီးနားကပ်ပြီးဘဲ ချွဲတော့မယ်...း)
တစ်ညလုံးပျော်ပြီး အိပ်လို.တောင်မရဘူး
အထီးကျန်တဲ့ UAE ညတွေ ပြီးဆုံးတော့မယ်...
မေကြီးနဲ့ တနင်္ဂနွေမနက်တိုင်း ရွှေတိဂုံဘုရားသွားကြမယ်... မေကြီးချက်ကျွေးတဲ့ အိမ်ထမင်း အိမ်ဟင်းတွေစားပြီး ၀တုတ်ကြီးတွေဖြစ်ရဦးမယ်...း)
wow... 2013 က ပျော်စရာလေးတွေပေးပါစေ မျှော်လင့်တာဘဲ.. ကျွန်တော့်ဘာသာဆိုရင် Jan, feb လောက်ကို ပြန်ချင်တာ.. အစ်မလတ်က အခန်း decoration နဲ့ လိုအပ်တာလေးတွေအတွက် ပိုက်ဆံစုပါဦးဆိုလို. သူ.့စကားနားထောင်လိုက်ရတာ...
ဒီအတိုင်းဆို April ကို Vacation ပြန်ဖြစ်ဦးမယ်မထင်ဘူး... June, July ကျမှဘဲ အပြီးပြန်တော့မယ်ဗျာ....
အိမ်ပြန်ရတော့မယ်.........း) အရမ်း..အရမ်းပျော်နေပြီ...
မေကြီးရေ ကျန်းမာရေးကောင်းအောင်နေနော်... မေ့သမီးဆိုးပေ ပြန်လာတော့မှာ... ခေါင်းကိုက်ဖို.သာပြင်ထား...ေိခိ

Wednesday, December 26, 2012

မကြာတော့သော January 2013 ရဲ့ တတိယပတ်မှာ ကျွန်တော်ချစ်တဲ့ Daddy တစ်ယောက် သူ.သမီးရှိတဲ့ လန်ဒန်ကို အပြီးပြောင်းတော့မယ်တဲ့။
ဒီနေ့ Daddy ကဖုန်းဆက်ပြီးပြောတယ်... ကျွန်တော်က ဘယ်လိုမှမနေလို.တဲ့။
ကျွန်တော့်ကို ဘာဖြစ်စေချင်လို.လဲ Daddyရယ်... ကျွန်တော် အားလုံးကိုချစ်ပါတယ်.. ဒါပေမယ့် ကျွန်တော်ချစ်နေတာ တစ်ခုတည်းနဲ့ Daddy ဒီနိုင်ငံမှာ ဆက်နေမှာမှ မဟုတ်တာ... လူတိုင်းမှာ ကိုယ်ပိုင်ဘ၀ကိုယ်စီရှိကြတာဘဲလေ.... Daddy မှာလဲ ကိုယ်ပိုင်မိသားစုရှိတာဘဲ... အချိန်တန်လို. မိသားစုနောက်လိုက်တာ သဘာဝဘဲလေ ... ကျွန်တော် ငိုကြွေးနေလို.ရော Daddy ပြန်လာမှာမှ မဟုတ်တာ...
Daddy ကပြောတယ်.. ကျွန်တော် အသဲမာတယ်တဲ့.. အသဲမာမာ ပျော့ပျော့ ကျွန်တော်လဲ ခံစားချက်ရှိတဲ့ လူတစ်ယောက်ပါဘဲ... ခက်တာက ကျွန်တော် ကိုယ့်ကိုယ်ကို ပိုချစ်တယ်.. ကိုယ့်ကိုယ်ကို စိတ်ထိခိုက်စေမယ့် အတွေးမျိုးကို ရှောင်ဖြစ်တယ်....
သူငယ်ချင်းတစ်ယောက်ကမေးဖူးတယ်... ငါသေသွားရင် ငိုမှာလားတဲ့... ပြန်ဖြေမိတာက ငိုတော့ငိုမယ်... ကြာရှည်တော့ ပူဆွေးတမ်းတနေမှာမဟုတ်ဘူးလို.၊ တကယ်ပြောတာပါ.. သူငယ်ချင်းမှ မဟုတ်ပါဘူး... အချစ်ဆုံး အမေမရှိတော့ရင်တောင် ချက်ချင်းတော့ ငိုမိမှာပေါ့... ကြာလာရင်တော့ မေ့သွားမှာဘဲလေ...အချိန်ပြည့် တမ်းတနေဖို.မှ မဖြစ်နိုင်တာ... တိုက်ဆိုင်မှုရှိရင်တော့ လွမ်းမှာပေါ့...
လူဆိုတာ ကိုယ့်လမ်းကိုယ်လျောက်နေရတာ... တစ်ယောက်သေလို. ကိုယ်လိုက်သေလို.မှမရနိုင်တာ...
သံယောဇဉ်မဲ့တယ်ဘဲ ပြောချင်ပြောကြပေါ့
ကျွန်တော် သိပ်ချစ်ရတဲ့ ကြောင်ကလေးတွေကိုတောင် လုံးဝထပ်သွားမတွေ.ဘူးလို. ဆုံးဖြတ်ချက်ချထားခဲ့တာဘဲလေ....
ဘာဘဲပြောပြော December က နဲနဲတော့ လွန်လာပြီ... ကျွန်တော့်ကို တစ်ကောင်ကြွက်လုံးလုံးဖြစ်စေတယ်... ဒါပေမယ့် ကျွန်တော် ဆက်လက်ရှင်သန်နေဆဲပါ...
New Year ညကို သူငယ်ချင်းတွေနဲ့ မကဲဘဲ မနက်စောစောထပြီး ဘုရားရှိခိုးဖို. စိတ်ကူးရှိတယ်ဆိုတာ ဖွင့်ပြောပြမိတော့ ရူးနေပြီဆိုတဲ့ အကြည့်နဲ့  ကြည့်ခံခဲ့ရတယ်....
အမြင်မတူသူတွေနဲ့မှ ပေါင်းမိတော့လဲ ဒီလောက်တော့ ခံရပေမပေါ့လေ...
အပျော်အပါးမက်ပါတယ်.. ဒါပေမယ့် ဘာသာရေးဆိုတာ ပစ်ထားလို.ကောင်းတဲ့ အရာမှ မဟုတ်တာလေ...
ကျွန်တော်ကတော့ တွေးမိတဲ့အတိုင်း ဒဲ့ပြောချမိတယ်.. ဒါကို အချို.တွေက တစ်မျိုးမြင်ကြတယ်...
ထားလိုက်ပါ.. မတူတဲ့ အမြင်တွေကို လိုက်ညှိနေလို. ဘာပိုထူးမှာလဲ...
ဒီညနေတော့ နားမထောင်တာကြာပြီဖြစ်တဲ့ AKON ရဲ့ သီချင်တွေ နားထောင်ဖြစ်တယ်...
ဘာရယ်မဟုတ် သီလရှင်ဝတ်ချင်စိတ်ပေါက်နေတယ်...
စာသင်ကျောင်းမှာမဟုတ်ဘဲ.. စစ်ကိုင်းချောင်လိုနေရာမှာ ၀တ်ချင်တယ်...
April ပြန်ရင် သင်္ကြန်မကဲဘဲ စစ်ကိုင်းသွားရကောင်းမလား...း(

Saturday, December 22, 2012

December ကို အပြစ်မတင်တော့ပါဘူး...
သေချာတာက ကျွန်တော့် အချစ်ဆုံးတွေနဲ့ ဝေးကွာခဲ့ရတယ်...
ဘာဘဲပြောပြော နှစ်တစ်နှစ်ကုန်ဆုံးချိန်မှာ အချစ်တွေလဲ ကုန်ဆုံးခဲ့ရသလိုပေါ့...

ခုတလော အင်တာနက်ရှေ.ထိုင်ခြင်းထက် ကြက်တောင်ရိုက်ခြင်း၊ ကော်ဖီထွက်သောက်ခြင်းနဲ့ အချိန်ဖြုန်းနေတတ်ခဲ့ပြီ...
Online friend တွေထက် အပြင်က friend တွေကို အချိန်ပိုပေးလိုက်တယ်..
Christmas နဲ့ New Year ကို ကျင်းပဖို. တခါမှ စိတ်မ၀င်စားခဲ့ပေမယ့် သူငယ်ချင်းတွေ ခေါ်တဲ့ ပါတီတွေကိုတော့ မငြင်းထားဘူး...
အခန်းကျဉ်းလေးထဲမှာ ထိုင်နေတဲ့ အချိန်တွေနည်းသထက်နည်းလာပြီး၊ အပြင်မှာ နေချိန်တွေ များလာခဲ့တယ်...

လူတွေကို ပိုမိုလေ့လာရင်း... တစ်ယောက်တည်းဆိုတဲ့ ဘ၀ကို ကြိုးစား မေ့ဖျောက်နေတယ်...

အားလုံးဘဲ Merry Christmas & Happy New Year ပါ...

Saturday, December 15, 2012

ဒီနေ့ ကျွန်တော် အလုပ်ကနေ နေ့တစ်ဝက်ခွင့်ယူပြန်လာခဲ့ရတယ်
Personal ကို အလုပ်ထဲမပါဖို. ကြိုးစားခဲ့ပေမယ့်
အလုပ်လုပ်ချင်စိတ်ကို ဘယ်လိုမှမရှိတော့လို.ပါ
မနေ့ညက တစ်ညလုံး အိပ်မရဘူး
နားထဲမှာ ဆူဆူညံညံအသံလေးတွေ လွမ်းနေတုန်းဘဲ
ခု မျက်လုံးကိုက်နေတယ်
ခဏ အိပ်ဦးမယ်
အိပ်မက် မမက်အောင် ဆုတောင်းပေးကြပါ..

Friday, December 14, 2012

ဒီလိုနေ့ရက် တနေ့ရောက်မယ်ဆိုတာ သိပေမယ့်
ဒီအချိန်မှာ ဒီလိုခံစားရမယ့်ဆိုတာ သိပေမယ့်
အားလုံးကောင်းဖို.အတွက် လုပ်တာဆိုတာ သိပေမယ့်

ကျွန်တော် ဘာလို. ငိုကြွေးနေမိတာလဲ
သူငယ်ချင်း တစ်ယောက်လောက် ရှိရင်ကောင်းမှာ
သူငယ်ချင်းလေး ပခုံးပေါ် မျက်နှာအပ်ပြီး ငိုခွင့်ရခဲ့ရင် စိတ်များပိုသက်သာနိုင်မလား
အရင်ကတော့ ကွန်ပျူတာတစ်လုံးရှိရင် အရာရာပြည့်စုံပြီလို.ထင်ခဲ့တာ
အမေနဲ့ အစ်မတွေကိုသာ လိုအပ်တာလို.ထင်နေခဲ့တာ
ခုတော့ အရာရာနားလည်ပေးမယ့် သူငယ်ချင်းလေးတစ်ယောက်လောက် လိုချင်မိတယ်
မေမေက ဖုန်းတွေခဏခဏဆက်ပြီး အားပေးပေမယ့်
ကျွန်တော် ၀မ်းမနည်းဘဲ နေလို.မရဘူးမေမေ

ကလေးတွေ ဒီအချိန် နေလို.ထိုင်လို.မှ အဆင်ပြေပါ့မလား
တစုံတစ်ယောက်ကများ ရန်မူနေမလား မေမေ

မြတ်စွာဘုရား.. တပည့်တော်ရဲ့ ကလေးလေးတွေ ကံကောင်းနိုင်ကြပါစေ....



The Last Day


ကလေးတွေနဲ့ သူတို.မေမေကို ပန်းခြံမှာထားခဲ့ရပြီ
သူတို.မေမေကတော့ အပြင်ထွက်ပြီး နေရာသစ်ကို လေ့လာနေတယ်
ကလေးတွေက သိပ်ငယ်သေးပါတယ်
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ မိုးဖွဲဖွဲရွာနေတယ်
ကျွန်တော့်ကလေးတွေ ကျန်းကျန်းမာမာကြီးပြင်းနိုင်ပါစေ
ဟုတ်ကဲ့...အခုတော့ ကြောင်လေးတွေကို အစာကျွေးတာ အလကားနေ မကျေနပ် အပြစ်ပြောတတ်တဲ့
အရှေ.ခန်းက ဦးလေးကြီး ၀မ်းသာနိုင်ပါပြီ
ကြောင်အော်သံ သေးသေးလေးကို ဆူညံတယ်ပြောတဲ့ ဘေးခန်းက အစ်ကိုကြီးလဲ ပျော်လိုက်ပါ
ကလေးကျန်းမာရေးထိခိုက်တာ အခန်းထဲက ကြောင်တွေကြောင့်ဆိုတဲ့ တစ်ခန်းကျော်က မိသားစုလဲ ခင်ဗျားတို.ကလေး ကျန်းမာရေးကောင်းဖို.အတွက် ကျွန်တော့်ကလေးတွေစတေးလိုက်ပါပြီ

ခင်ဗျားတို.သိကြရဲ့လား သူတို.လဲ ကလေးလေးတွေပါဘဲ
လူမဟုတ်ပေမယ့် အသက်ရှိပါတယ်
သူတို.လဲ ကြောက်မှာပေါ့ဗျာ
မွေးကတည်းက တစ်ခါမှ မမြင်ဘူးတဲ့ ကောင်းကင်ပြာပြာကြီးနဲ့ လေကြမ်းကြမ်းတွေကို
ကျွန်တော့် ကလေးတွေ ခံနိုင်ရည်ရှိပါ့မလား
ကျောက်တုံးတွေနဲ့ မြက်ခင်းမှာရော အိပ်နိုင်ပါ့မလား
အခြားကြောင်တွေက ကလေးတွေကို ကိုက်ကြ၊ ရန်ရှာကြဦးမှာလား

ကျွန်တော်ဆုတောင်းပါတယ်..
ဖြစ်လေရာဘ၀တိုင်းမှာ ကျွန်တော့်ကလေးလေးတွေ ကံကောင်းနိုင်ကြပါစေ...
ခုတော့ အရမ်းအရမ်း ၀မ်းနည်းနေတယ်


နံရံပေါ်မှာ ကပ်လိုက်ပြီ....း)

First & Last Drawing of 2012

ဒီနေ့ အိပ်ရာစောစောနိုးလို. အိမ်ရှင်းပြီး Internet မသုံးချင်တာနဲ့ ဘာလုပ်ရကောင်းမလဲ တွေးမိတယ်...
နောက်ဆုံးတော့ ပန်းချီမဆွဲရတာ ကြာလို. ထဆွဲတယ်..
လက်ရာမကောင်းပေမယ့် ၀ါသနာကို ဘယ်သူတားလို.ရမှာလဲနော်..
ကျွန်တော်က ပန်းချီဆွဲတာထက် ကာတွန်းကို ပိုအားသန်တယ်
ဒါပေမယ့် တခါတလေတော့လဲ ကင်းဗတ်စပေါ် ပုံဆွဲပြီး ဆေးခြယ်ရတဲ့အရသာကို နှစ်သက်မိပြန်ရော...
လွယ်လွယ်ကူကူ ရေဆေးဘဲ ဆွဲဖြစ်တယ်...









Saturday, December 1, 2012

အိမ်ပြန်ရောက်ပြီ
ဒီနေ့ပျော်နေတယ်
ကော်ဖီဆိုင်ကို နောက်ထပ်သွားစရာလိုတော့ဘူး
Facebook ဖျက်သိမ်းလိုက်ပြီ
း)

Friday, November 30, 2012

ဒီနေ့ မိုးတွေရွာတယ်
သဲကနာရရဲ့ ရှားပါးသော မိုးရွာဖူးတဲ့ နေ့ရက်လေးတွေထဲက တစ်နေ့ပေါ့
ဒီလို မိုးရွာတဲ့ နေ့လေးတစ်ရက်မှာဘဲ
ချစ်တဲ့ကောင်မလေးဆီက အဖြေရခဲ့ဖူးတယ်
မိုးဖွဲဖွဲကျတဲ့ နောက်နှစ်ရဲ့ညမှာဘဲ
အဲဒီကောင်မလေးကထားခဲ့ဖူးတာ ခံခဲ့ရတယ်
ရူးမတတ်ခံစားခဲ့ရပါတယ်

ချစ်သူတွေ ထပ်မထားတော့ဘဲ အပျော်တွဲသူတွေဘဲထားခဲ့တယ်
သူငယ်ချင်းတွေနဲ့ပျော်ရွှင်ခဲ့တယ်

တိုက်တိုက်ဆိုင်ဆိုင်
မိုးတွေရွာတဲ့ ဒီနှစ်ရဲ့အချိန်တွေမှာလဲ
ချစ်တဲ့သူငယ်ချင်းနဲ့ ဝေးခဲ့ရတယ်

မိုးရယ်..
ဘာလို.ကျွန်တော့်ကို စိတ်ဝေဒနာတွေရစေတာလဲ

း(

Thursday, November 29, 2012

၃၀.၁၁.၂၀၁၂

မနေ့ညက မိုးတွေရွာတယ်..
ကျွန်တော် အိပ်ရာစောစောဝင်ဖြစ်တယ်
Facebook သုံးစရာ မလိုတော့ဘူးဆိုတော့လဲ
မျက်လုံးအတွက် အနားရတာပါ့နော်...

ကလေးလေးတွေ ကြီးလာကြပြီ..
မနေ့က သူတို.အတွက် ကလေးစာတွေ ၀ယ်လာရပြီ
နက်ဖန်၊ သန်ဘက်ခါဆို အစာစစားကြတော့မယ်ထင်တယ်
ချစ်စရာ ကလေးငယ်လေးတွေကို အသက်ရှင်အောင်မွေးခဲ့ရတာ
ဘာလိုလိုနဲ့ ၁လပြည့်တော့မယ်..

ဘေးအခန်းက လင်မယားကလဲ vacation က အပြန် ကလေးလေးခေါ်လာတယ်
သွားတော့ မကြည့်ရသေးပါဘူး
ကျွန်တော်က လူမှုရေးညံ့တယ်ပြောရမလားဘဲ
အဲဒီ၂ယောက်လုံးက သူငယ်ချင်းတွေပါ
ဒါပေမယ့် ကလေးတော့ သိပ်မချစ်တတ်တာနဲ့
ဘာသတင်းမှ မမေးဖြစ်ဘူး..
သူများတွေ ပြောနေသံတော့ကြားတယ်
ယောက်ျားလေးမွေးတယ်ဆိုလားဘဲ

December ရောက်တော့မယ်
သဲကနာရကြီးလဲ အေးလာပြီ
ခုတလော ညဖက်မှာ အနွေးထည်မပါရင်
 အပြင်ထွက်ရတာ တော်တော်မလွယ်ဘူး

ခုတလော Tommy တစ်ယောက် Starbucks မှာ ဓာတ်ကျနေတယ်
Coffee Mocha လေးသောက်ရင်း တွေးချင်တာ တစ်ယောက်တည်း တွေးနေရတာ
တခါတခါ ပျင်းရင် နားကြပ်လေးတပ်ပြီး SISTAR သီချင်းတွေနားထောင်
အချိန်တော်တော်ကုန်မှ အိမ်ပြန်လာ...
လူတွေနဲ့ စကားမပြောချင်တော့ဘူးဗျာ

အချစ်ဆိုတာ မယုံရဘူးဆိုတာ ချစ်သူတစ်ယောက်က သင်ပေးသွားတယ်
အခုလဲ သူငယ်ချင်းဆိုတာ မယုံရဘူးလို. သူငယ်ချင်းတစ်ယောက်က ထပ်သင်ပေးသွားတယ်
ဟားဟား.....တစ်ယောက်တည်းနေချိန်အတွက်
ဘ၀ရဲ့ သင်ခန်းစာအသစ်တွေပေါ့
ကဲ... April သင်္ကြန်မှာ အိမ်ပြန်ကဲမယ်...
ဘယ်သူလိုက်မလဲ...း)

Friday, November 23, 2012

ကြောင်...း)

ဒီနေ့ သောကြာနေ့ ..ရုံးပိတ်တယ်
ထုံးစံအတိုင်း နေ့လည်၃း၃၀မှ အိပ်ယာနိုးခဲ့တယ်
နိုးနိုးချင်း Online မှာ သူငယ်ချင်းတွေမတွေ.တာနဲ့ အိမ်သန်.ရှင်းရေးနဲနဲလုပ်ဖြစ်တယ်
အိမ်သန်.ရှင်းရေးဆိုတာထက် ကြောင်လေးတွေ နေရာချထားရေးဆို ပိုမှန်မယ်
ကလေးတွေ ၂ပတ်ကျော်ပြီလေ၊ မျက်လုံးလေးတွေလဲ ပွင့်ကြပြီ
အချိန်တန်ရင် တနေရာရာကို ပြန်စွန်.ပစ်ရမှာဆိုတော့ (ကျွန်တော်နဲ့ တူတူထားခွင့်မှ မရှိတာ)
ဒီနေရာရဲ့ ရာသီဥတုနဲ့ သူတို.ကိုကြီးပြင်းရအောင်
Balcony မှာ နေရာချထားဖြစ်တယ်
မဟုတ်ရင် အိမ်ခန်းထဲမှာ ကလေးတွေက အကျင့်မရှိဖြစ်နေမှာစိုးလို.ပါ

ဒီနေ့ ကလေးတွေကို အပြင်ထုတ်တော့ အော်လိုက်ကြတာဗျာ
သနားပါတယ်
ကျွန်တော် ရင်တွေကွဲမတတ်ဘဲ
ချက်ချင်း အထဲပြန်သွင်းချင်ပေမယ့်
ကိုယ့်စိတ်ကိုယ်ထိန်းထားရတယ်
ခုလို အိမ်ထဲကနေ Balcony ကိုထုတ်တာတောင် ကျွန်တော် ခံစားနေရရင်
တကယ် အပြင်ကို ထုတ်ရတဲ့နေ့ကျရင် ဘယ်လိုလုပ်ရမလဲ
ကျွန်တော် တယုတယမွေးထားရတဲ့ ကလေးလေးတွေကို
လမ်းပေါ်ပို.ပစ်လိုက်ရမှာ
မတွေးရဲဘူးဗျာ

ဖြစ်နိုင်ရင် ကြောင်မွေးခွင့်လိုင်စင်လေးရချင်တယ်...
ဘာမှ အများကြီးမလိုချင်ပါဘူး
ကြောင်လေးတွေ ကျွန်တော်နဲ့တူတူကြီးပြင်းနိုင်ရင် ကျေနပ်ပါတယ်
ခုတော့.....း(

ကျွန်တော့် ကလေးလေးတွေ ဓာတ်ပုံလေးတွေခံစားကြပါဦးနော်...


သမီးလေး ကျူတီ..နို.စို.နေတာ (သူက အစားအပုတ်ဆုံးဗျ)


သမီးလေး ဘိုရာက သူနို.မစို.ရလို.တဲ့ (သူလေးက အချောဆုံးလေးနော်)


ဒါကတော့ နာမည်ကျော် သားသားလေး ကိုကာကိုလာလေးပေါ့ဗျာ




Sunday, November 4, 2012

မင်္ဂလာနံနက်ခင်းပါ...
ကျွန်တော့်အတွက်တော့ ဒီနေ့မနက်ခင်းက တကယ့် မင်္ဂလာပါဘဲ...
ကျွန်တော့် ကြောင်မလေး ညက ကလေးလေးတွေမွေးတယ်ဗျ... ညကချောင်းကြည့်ထားရသလောက်တော့ ၂ကောင်တွေ.တာဘဲ.. သားသားလား၊ မီးမီးလား ပိုမွေးသေးလားကတော့ သူက ကပ်စီးနည်းပြီး ကလေးတွေဖွက်ထားတော့ ကြည့်မရသေးဘူး..း(
ခန်းဆီးလေးဖွင့်လိုက်ရင် သူ.Body ကြီးနဲ့ကွယ်ထားတော့ အသံလေးတွေသာကြားရပြီး အကောင်လေးတွေ မြင်ရဘူးဗျ...
ဘာဘဲပြောပြောပေါ့ဗျာ သူတို.ရဲ့ ချစ်စရာအသံလေးတွေ ကြားရတာနဲ့တင် ရင်ထဲမှာ ပျော်လိုက်တာ အရမ်းဘဲ...း)
ခုတော့ အလုပ်သွားလိုက်ဦးမဗျ... ညနေပြန်လာရင်တော့ ကောင်မလေးတစ်ယောက် ကလေးတွေ ကပ်စီးနဲပြီး ဆက်မဖွက်လောက်ဘူး ထင်ပါရဲ့..း)