Showing posts with label Short Novel. Show all posts
Showing posts with label Short Novel. Show all posts

Wednesday, January 9, 2013

New Roommate - 5 (Final)


Chapter – 5 (FINAL)
Ting Tong…….. Ting Tong…….
အိပ်မက် မက်နေသလို ခေါင်းလောင်တီးသံအချို.က အဝေးကြီးကနေ ကြားနေရသလိုဘဲ………..
Ting Tong… Ting Tong…
အာ… သေချာပြီ ဒါအိပ်မက်မဟုတ်… မျက်လုံးကို အားယူရင်းဖွင့်ကြည့်လိုက်တော့…
ခေါင်းကိုက်ခြင်း ဝေဒနာက ချက်ချင်းဖြစ်ပေါ်လာသည်…
Ting Tong.. Ting Tong….
“လာပြီ… လာပြီ…” အမြန်အော်ရင်း စောင်ကိုခွာကာ ကုတင်ပေါ်မှ ထထိုင်လိုက်တော့ ကိုယ်ပေါ်မှာ အ၀တ်အစားတွေ မရှိမှန်း သတိရသည်….
အာ….
Wardrobe ကိုဖွင့်ကြည့်လိုက်တော့ အဆင်သင့် Bathrobe တစ်ထည်ကိုတွေ.သည်မို. ကောက်စွပ်ရင်း… အခန်းတံခါးကို အလျင်အမြန်ပြေးဖွင့်လိုက်သည်။
“မင်္ဂလာပါ… မနက်စာ လာပို.တာပါ…”
Hotel ၀န်ထမ်း ကောင်မလေးက မျက်လွှာချရင်း ယဉ်ကျေးစွာပြောသည်…
ဘာမှ ပြန်မပြောတော့ဘဲ သူမ အခန်းထဲ ၀င်သာအောင် ကိုယ်ကိုနံဘေးကပ်ပေးလိုက်သည်…
“မနက်စာ သုံးဆောင်ပါရှင်… လိုအပ်တာရှိရင် Reception  ကိုလှမ်းခေါ်လိုက်ပါရှင်…”
သူမက ယဉ်ကျေးစွာ နှုတ်ဆက်ရင်း ထွက်သွားသည်။
ရှုပ်ပွနေသော ဆံပင်တွေကို ထပ်ဖွရင်း မနက်စာတွန်းလှည်းကို ချည်းကပ်လိုက်သည်။
Wow… look yummy!
သွားတိုက်ဖို.စဉ်းစားမနေတော့ဘဲ မနက်စာကို ပလုတ်ပလောင်းစားပစ်လိုက်သည်…
တော်တော် ဗိုက်ဆာနေသည်ဘဲ….
မနက်စာစားပြီး ဟိုကြည့်သည်ကြည့်လုပ်တော့ Side Table လေးပေါ်မှာ စာတစ်စောင်...
“ဟိတ်…နာမည်မသိပေမယ့် အရမ်းအချစ်တော်သော ကောင်ကလေး…
တို.အလုပ်ဆင်းရမှာမို.လို. သွားနှင့်ပြီ…..
မင်းကတော့ တော်တော်ပင်ပန်းနေပုံရလို. မနှိုးတော့ဘဲ ထားခဲ့တယ်…
မနက်စာ ၁၀း၃၀ မှာပို.ပေးဖို. Reception ကို မှာခဲ့မယ်နော်…
ရေစက်ရှိရင် မင်းနဲ့ ထပ်ချစ်ချင်ပါသေးတယ်….
P.S.   မင်း မနေ့ညက တစ်ညလုံးခေါ်နေတဲ့ မမ ဆိုတာ တို.တော့ဟုတ်မယ်မထင်ဘူး…
မမက မင်းရည်းစားမဟုတ်ဘူးဆိုရင်တော့ မမကို ရအောင် လုပ်သင့်နေပြီ
မင်းက မမကို ချစ်နေပြီ ….”
သူမရေးသွားသော စာတိုလေးကိုဖတ်ရင်း ကျွန်တော်ငိုင်နေမိတယ်… ညက ဘာတွေလုပ်ခဲ့မိပါလိမ့်….
ကျွန်တော်တို. နှစ်ယောက်…
ဟင်း… ဆက်မစဉ်းစားချင်တော့.. သေချာတာ ကျွန်တော် မမကို မနေ့ညကအရမ်းလွမ်းနေခဲ့သည်…
ဟိုကောင်မလေးနေရာမှာ မမကို အစားထိုးကာ ချစ်ခဲ့သည်..
ရုတ်တရက်သတိရပြီး ဖုန်းကို ကျောပိုးအိတ်ထဲမှ ထုတ်ကြည့်တော့ ဖုန်းထဲမှာ မမဆီက Miss Call တွေ ပြည့်နေပြီ….
“သေပြီဆရာ…”
Xxx xxx xx
ကျွန်တော် Club သွားပြီး ပြန်လာတဲ့ နောက်နေ့မှာ မမက စိတ်ကောက်နေခဲ့သည်။ သူမကို ပစ်ထားခဲ့ပြီး တစ်ညလုံး အပြင်ကို လျောက်သွားနေမှုနဲ့ပေါ့..
ကျွန်တော်ပြန်ချော့တော့ ခွင့်လွှတ်ပေးပေမယ့် ညအိပ်ညနေ သူမကို အသိမပေးဘဲ အပြင်မထွက်ရဟူသော အမိန်.ကို ထုတ်သည်။ ကျွန်တော်လဲ ကြည်ကြည်ဖြူဖြူ လက်ခံလိုက်သည်။ အိမ်ပေါ်က နှင်မချတာ တော်သေးတာပေါ့နော်… နောက်နေ့ညတွေမှာတော့ သူမနှင့် တူတူအိပ်ရန် ထပ်မခေါ်တော့….
Xxx xxx
“Hello…”
“ငုဝါလား… ဒီနေ့ တောင်ကြီးကနေ ပြန်လာမယ်ဆို..”
“Sorry သူငယ်ချင်းရယ်.. ငါဒီနေ့ အလုပ်က အရေးတကြီး အစည်းအဝေးတတ်ရမှာမို.လို. ရန်ကုန်ပြန်မလာနိုင်တော့ဘူး….”
“ဟုတ်လား…”
“Happy Birthday ပါ သယ်ရင်းလေးရယ်… ဒီနှစ်မွေးနေ့ ငါ နင့်အနားမှာ ရှိမနေနိုင်တာ ခွင့်လွှတ်နော်…
အစည်းအဝေးခန်းထဲ ၀င်ရတော့မှာမို.လို. တာ့တာနော် သယ်ရင်း..”
ငုဝါ ဖုန်းချသွားတော့ မိုး တစ်ယောက်တည်း ငိုင်ကျန်နေခဲ့သည်။ မွေးနေ့ကို တစ်ယောက်တည်း အထီးကျန်မနေချင်တတ်တာ မိုးရဲ့အကျင့်….
ငုဝါ တောင်ကြီးကနေ ၁ညအိပ်ပြန်လာမယ်ဆိုလို. မနက်ကတည်းက ပျော်ရွှင်ပြီး စားဖို.သောက်ဖို. ချက်ပြုတ်ထားခဲ့တာ ခုတော့ အားလုံးအလကားဖြစ်ကုန်ပြီ…
သော်သော့်ကို ခေါ်တော့လဲ ဖုန်းမကိုင်… မနက်ကတည်းက သူပြောသွားတာ ဒီနေ့ အပြန်နောက်ကျမယ်တဲ့…
ရုတ်တရက် အရမ်းအားငယ်လာပြီး၊ ဘာမှ ဆက်လုပ်ချင်စိတ်မရှိတော့ဘဲ အိပ်ရာထဲ ၀င်ခွေနေလိုက်သည်….


ည ၁၀း၃၀

သော်သော်တို. နောက်အပတ် ပြိုင်ပွဲရှိသဖြင့် အကြိတ်အနယ် ကြိုးစားလေ့ကျင့်နေကြသည်။ လူတွေ အားလုံးပြိုင်းနေကြပေမယ့် အနိုင်ရချင်ဇောနှင့် အပင်ပန်းခံလေ့ကျင့်နေကြခြင်းသာ..
Break Time ရောက်တော့ ကျောပိုးအိတ်ထဲမှ ဖုန်းကို ထုတ်ကြည့်မိသည်..
မမငုဝါနှင့် မမမိုးတို.ရဲ့ Miss Call တွေ….
မမငုဝါက sms ပါပို.ထားသည်…
“သော်သော်.. ဒီနေ့ အိမ်စောစောပြန်ဖြစ်အောင်ပြန်နော်.. ဒီနေ့ မိုး ရဲ့ မွေးနေ့.. မမ အလုပ်ရှိလို့ ရန်ကုန်ပြန်မလာနိုင်ဘူး.. “
ဟာ… နာရီကိုကြည့်မိတော့ ည၁၀း၃၀နေပြီ… ၁၂နာရီကျော်လျင် သွားပြီ……….
ကျောပိုးအိတ်ကောက်ဆွဲကာ သူငယ်ချင်းတွေကို ပြန်နှင့်ပြီဟု အော်ရင်း အခန်းပြင်ပြေးထွက်လာခဲ့သည်….
သူငယ်ချင်းတွေကတော့ ဆဲဆိုအော်ဟစ်ကာ ကျန်ခဲ့ပြီ………

ည၁၁း၀၀

အိမ်ကို ပြန်ရောက်တော့ ၁၁ နာရီထိုးပြီ……
အခန်းထဲမှာ မှောင်မည်းနေသည်… မမ အိပ်ခန်းကို ၀င်ကြည့်တော့ မမ မအိပ်သေးဘဲ ကုတင်ပေါ်မှာ ငိုနေသည်…..
“မမ…”
ပြန်မထူး…
“ မမ Sorry ပါ… Happy Birthday နော်…”
“ထားလိုက်ပါ… တို.ရဲ. မွေးနေ့က ပြီးသွားပါပြီ…”
“ ဟာ… မပြီးသေးပါဘူး… တစ်နာရီတောင် ကျန်သေးတာဘဲ…”
မမ က ခေါင်းကို ခါးယမ်းရင်း ကျွန်တော့်ကို အပြင်ထွက်ဖို. လက်ပြသည်….
ကျွန်တော် ရုတ်တရက် အကြံတစ်ခုရလိုက်သည်…
“မမ.. အ၀တ်အစားလဲဗျာ… အပြင်သွားမယ်…”
“တို. ဘယ်မှ မသွားချင်ဘူးကွာ…”
“Come On… မ ကလဲ… ကျွန်တော့် စကားနားထောင်စမ်းပါ…. အ၀တ်မြန်မြန်လဲထားလိုက်… ခဏစောင့်နော်..”
ကျွန်တော် သူမကို ပြောရင်း Kitchen ထဲပြေးကာ … မမချက်ထားသော ဟင်းတွေကို ဗူးတွေနှင့်ပြောင်းထည့်လိုက်သည်….
Of course… Birthday Cake ကိုတော့ မေ့လို. ဘယ်ဖြစ်မလဲ..
အားလုံးအဆင့်သင့်ဖြစ်တော့ မမကိုခေါ်ကာ Car Parking  အတင်း ဆွဲခေါ်လာခဲ့သည်….
“ အချိန် မရှိတော့ဘူး… မြန်မြန်လာပါ မမရာ…”
မမ ကားကို ကျွန်တော် အမြန်နှုန်းနှင့် မောင်းပြီး ထွက်လာခဲ့သည်…..

Xxxx xxx xxxx

Beach ကိုရောက်တော့ ည၁၁နာရီ ခွဲတော့မည်….

လတ်ဆတ်သော လေနှင့်အတူ မမ မျက်နှာလေး ကြည်လင်လန်းဆန်းလာသည်…
“မင်း ဒီကိုလာကို စိတ်ကူး ဘယ်လိုရပါလိမ့်…”
မမ မေးခွန်းကို ကျွန်တော် အပြုံးတစ်ချက်ပေးကာ အသင့်ပါလာသော Plastic အခင်းကို ဖြန့်ခင်းရင်း ပါလာသော မုန်.တွေနှင့် Birthday Cake ကို နေရာချထားလိုက်သည်…

Birthday Cake မှာ ဖယောင်းတိုင်လေးတွေ မီးညှိပြီးတော့
 “မမ …. ပျော်ရွှင်သောမွေးနေ့ ဖြစ်ပါစေ….”
လရောင်အောက်မှာ မမ မျက်နှာလေး ပြုံးနေသည်….
“Happy Birthday to you ~~~ Happy Birthday to you ~~~”
မမ မျက်လုံးလေးကိုမှိတ် ဆုတောင်းရင်း ကိတ်မုန်.ဖယောင်းတိုင်တွေကို မှုတ်သည်….
ပြီးတော့ ကိတ်မုန်.ကို ဓားနှင့်လှီးကာ ကျွန်တော့်ကို ခွံ.ကျွေးသည်…
“မမ ဘာတွေ ဆုတောင်းလဲ…”
“အံမယ်.. ဘာလို. ပြောပြရမှာလဲ…”
“ဟားဟား… ထားပါတော့.. မမ ပျော်လား..”
“အရမ်းပျော်တယ်… ကျေးဇူးပါ သော်သော်…”
ကျွန်တော် ပြုံးပြရင်း နာရီကို လှမ်းကြည့်မိတော့… ၁၂နာရီထိုးဖို. ၅မိနစ်အလို….
တစ်ခုခု တွေ.လို.တွေ.ငြား ရှာကြည့်တော့ မမရဲ့ ကားနောက်ဖုံးမှာ မီးပန်းအချို.ကို တွေ.ရသည်…
“မမ မီးပန်းလွှတ်ရအောင်…”
“wow… သီတင်းကျွတ်တုန်းက ကျန်တဲ့ မီးပန်းတွေဘဲ…. “ မမက စိတ်လှုပ်ရှားစွာ ပြန်အော်သည်…
ကျွန်တော်တို. နှစ်ယောက် ကမ်းခြေမှာ ပြေးလွှားရင်း မီးပန်းတွေ နှင့် ဆော့ကြသည်…..
တစ်ယောက်ကို တစ်ယောက် ကိတ်မုန်. Cream တွေနှင့် လိုက်သုတ်သည်…
မီးပန်းတွေ ကုန်သွားတော့ နှစ်ယောက်လုံးမောပြီး ကမ်းခြေမှာ ခြေပစ်လက်ပစ် ထိုင်ကြသည်…

Xx xxxxx xxxx


မျက်နှာချင်းဆိုင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိတော့…မမ က ထပ်ပြောသည်…
“ကျေးဇူးပါ သော်သော်…”
“မမ ပျော်တယ်ဆို ကျွန်တော် ကျေနပ်ပါတယ်… “
“မွေးနေ့လက်ဆောင် ဘာပေးမှာလဲ…” မမ က ကလေးလေးတစ်ယောက်လို မေးသည်…
“ဟာ… ဟုတ်သားဘဲ.. ကျွန်တော် လက်ဆောင်ပေးဖို.မေ့နေတယ်… မျက်လုံးမှိတ်…ခုပေးမယ်…”
“ဒီတိုင်းပေးလို.မ၇ဘူးလား… “
“No…”
“ok..”
Xx ~~~~ xxx   ~~

မျက်လုံးမှိတ်ထားသော မမရဲ့ မျက်နှာလေးပေါ်မှာ လရောင်တွေ ဖြာကျနေသည်…
လေထဲတွင် ၀ဲနေသော မမ ဆံပင်တွေကို ကျွန်တော့်လက်နဲ့ သိမ်းလိုက်ရင်း….
မမနှုတ်ခမ်းဖူးဖူးလေးကို တပ်မက်စွာ ငုံ.နမ်းလိုက်သည်………..
မမ မျက်လုံးတွေပွင့်လာပြီး ကျွန်တော့်ကို ကြည့်သည်…
မမ စိတ်ဆိုးသွားလားဟု မျက်လုံးထဲမှာ အဖြေရှာကြည့်တော့… ကျွန်တော် အဖြေတစ်ခုကို သိလိုက်ရသည်…
ကျွန်တော် အနမ်းကို အရှိန်မြှင့်လိုက်ရင်း မမခနာကိုယ်လေးကို သဲသောင်ပြင်ပေါ်လှဲချကာ ပွေ.ဖက်လိုက်သည်…
နှစ်ဦးသားမျက်လုံးထဲမှာ နားလည်မှုတွေကိုယ်စီနှင့်..
သေချာသည်က.. ကျွန်တော့် မွေးနေ့လက်ဆောင်ကို မမ ကျေနပ်လက်ခံသွားပြီ………….

Xxx xxxx xxxxxxxxxxxxxxxx

The End….

Sunday, January 6, 2013

New Roommate - Ch - 4

CHAPTER -4

ဒီလိုနဲ့ဘဲ မမအခန်းမှာ တူတူနေခဲ့တာ ၃ပတ်ကျော် ၄ပတ်ထဲရောက်လို. တစ်လပြည့်တော့မယ်။ ဒီရက်တွေအတွင်းမှာ မမနဲ့ ပိုလဲရင်းနှီးခဲ့ရသလို၊ မမအပေါ်လဲ ကျွန်တော် ပိုနားလည်လာတယ်။ မမက စိတ်သဘောထားဖြူစင်ပြီး အတွေးအခေါ်ပွင့်လင်းထက်မြက်တဲ့ အမျိုးသမီးတစ်ဦးပါ။ မမက ကြင်နာတတ်လွန်း၊ ဂရုစိုက်လွန်းလို. မမချစ်သူတွေက မမကို အလေးအနက်မထားချင်ကြဘူး။ မမက အရာရာမှာ ဂရုစိုက်ပေးတယ်၊ ၀န်တို သံသယတွေကင်းတယ်။ ချစ်သူအလိုကျ အလိုလိုက်ပေးတယ်။ သာမန်ယောကျာ်းတစ်ယောက်ထက် တော်တယ်၊ ပညာတတ်တယ်၊ ပိုက်ဆံချမ်းသာတယ်။ ဒီတော့ ထက်မြက်တဲ့ မိန်းမတွေကို သဘောမကျတတ်တဲ့ ယောကျာ်းတွေက မမကို အညှာလွယ်တယ်၊ ပျင်းစရာကောင်းတယ်ဆိုပြီး ပစ်ထားခဲ့တတ်ကြတယ်။ မမဘ၀က အထီးကျန်နေသူပါ။ သူ့မှာ သူငယ်ချင်းဆိုလို. မမငုဝါတစ်ယောက်ဘဲ ရှိရှာတာ။
ကျွန်တော်ကလဲ နားလည်ပေးသလို မမကလဲ ကျွန်တော့်အပေါ် အရင်ကထက် ပိုဂရုစိုက်ပေးတယ်။ သူအလုပ်နားတဲ့ရက်တွေမှာ အကသင်တန်းကိုသာ လာရုံမက၊ တခါတခါ စိတ်လိုလက်ရ ထမင်း၊ ဟင်းတွေ ချက်လာပြီး သင်တန်းက သူငယ်ချင်းတွေကိုပါကျွေးတယ်။ အခုဆို ကျွန်တော့်သူငယ်ချင်းတွေတောင် မမမှ မမဖြစ်နေကြပြီ။

…. ~~….~~…..


After Dinner

တနေ့ ညနေစာ စားအပြီး၊
“မမ ဒီနေ့ ရုံးနားက ဈေးထဲမှာ ဖရဲသီးတွေ ပုံရောင်းနေတာတွေ.လို. ၀ယ်လာတယ်… ညနေစာစားအပြီး..ဖရဲသီးစားရအောင်….”
“OK..မ… ကျွန်တော် ဖရဲသီးခွဲပေးရမလား….”
“နေပါ… ညည်းလေးက ဖရဲသီးခွဲတတ်လို.လား..”
“ဟီး…သေချာတော့ မသိဘူးပေါ့.. ဒါပေမယ့် ကျွန်တော်က အားပိုရှိတယ်လေ…”
“အင်း… တူတူခွဲကြမယ်လေ… လာကူပေး…”
“ဟုတ်..”
ဖရဲသီးခွဲတာ ခက်ခဲတဲ့အလုပ်မဟုတ်ကြပေမယ့် နှစ်ယောက်တူတူလုပ်ရတော့ ဘာရယ်မသိတဲ့ ပျော်ရွှင်မှုလေးတွေ တိုးလာကြတယ်။
နှစ်ယောက်တူတူ Kitchen ထဲမှာ ဖရဲသီးတွေ ထိုင်စားကြတယ်… ပါးစပ်ထဲကဖရဲစေ့တွေကို မျက်နှာပေါ်မှုတ်ထုတ်တမ်းကစားကြတယ်… ဖရဲစေ့တွေ အောက်ပြုတ်မကျဘဲ မျက်နှာပေါ်အများဆုံးတင်ကျန်နိုင်ခဲ့တဲ့သူက အနိုင်ပေါ့….
ဖရဲသီးစားပြီးကြတော့ နှစ်ယောက်တူတူ ဧည့်ခန်းထဲမှာ TV ထိုင်ကြည့်ကြတယ်… မြ၀တီကလာတဲ့ ကိုရီးယားကားက နှစ်ယောက်လုံး အရမ်းကြိုက်နေတဲ့ ဇာတ်လမ်းဖြစ်နေတယ်..
မမက မင်းသားကိုကြိုက်ပြီး၊ ကျွန်တော်က မင်းသမီးကိုကြိုက်တယ်…
TV အစီအစဉ်ပြီးသွားတော့ အိပ်ဖို.ပြင်ကြတယ်….
မမက ရုတ်တရတ်ပြောတယ် “သော်သော်နဲ့ နေရတာ စိတ်ချမ်းသာလိုက်တာ…”
ကျွန်တော် ပျော်သွားတယ်… “ကျွန်တော်လဲ မမနဲ့အတူနေရတာပျော်တယ်…”
“သော်သော်.. ညကို မမနဲ့တူတူလာအိပ်လေ… ငုဝါမရှိတော့ အိပ်ခန်းထဲမှာ မမလဲ တစ်ယောက်တည်းအိပ်ရတာ ပျင်းတယ်…”
“အာ…မအိပ်ချင်ပါဘူး… ကိုယ့်ဘာသာ အိပ်ပါ…” ကျွန်တော်ငြင်းမိတယ်… ဟုတ်တယ်လေ… မမက ရိုးရိုးသားသားခေါ်ပေမယ့် ကျွန်တော့်စိတ်က မရိုးသားတာ ကျွန်တော်အသိဆုံး…
“ဟာ…မရဘူးကွာ… မမတစ်ယောက်တည်းအိပ်ရတာ ပျင်းတယ်…လာပါဟာ..တူတူအိပ်ရအောင်…”
မမက အတင်းလက်ကိုဆွဲပြီး အိပ်ခန်းထဲကို ခေါ်သွားတယ်…

Xxx xxx




နှစ်ယောက်အိပ်ကုတင်ကြီးပေါ်မှာ ကျွန်တော်အိပ်မပျော်နိုင်ဘဲ ရင်တွေခုန်နေခဲ့တယ်….
နံဘေးမှာတော့ နှစ်ခြိုက်စွာ ကလေးလေးတစ်ယောက်လို အိပ်ပျော်နေတဲ့ ကျွန်တော်ခိုးချစ်ရတဲ့ မမ…
မမမျက်နှာလေးကို ပြတင်းပေါက်ကလရောင်အကူအညီနဲ့ ကျွန်တော်ခိုးကြည့်နေခဲ့မိတယ်… မမက အိပ်နေတော့လဲ သိပ်ချစ်စရာကောင်းတာဘဲ…. ဒီလိုသာ ညတိုင်းတူတူအိပ်ရရင်မမရယ်..ကျွန်တော်တော့ ရင်ခုန်ရတာနဲ့ ရူးနိုင်တယ်….
Beep Beep…..
Bed side table ပေါ်က ကျွန်တော့် Hand Phone က အသံမြည်လာတယ်… ဖုန်းကိုကြည့်လိုက်တော့ သူငယ်ချင်း ငြိမ်းချမ်း လှမ်းခေါ်နေတာ… ညတောင် ၁၁နာရီထိုးနေပြီ.. ဘာလို.ပါလိမ့်
“Hello”
“သော်သော်…မင်းအိပ်ပြီလား.. The Corner Bar ကိုလာခဲ့.. ငါတို. TB တွေ ပါတီလုပ်နေတယ်…”
“အေး… လာခဲ့မယ်… See you”
ကျွန်တော် ၀မ်းသာအားရ ငြိမ်းချမ်းလှမ်းခေါ်တာကို လက်ခံလိုက်တယ်… တကယ်ပါ ကျွန်တော် မမနဲ့ တစ်ကုတင်ထဲ တူတူအိပ်ဖို. မ၀ံ့ရဲသေးဘူး…
ကုတင်ပေါ်ကနေ ဖြည်းဖြည်းချင်း မမ မနိုးအောင်ထရင်း ဧည့်ခန်းထဲကို ထွက်ခဲ့တယ်… ဂျင်းဘောင်းဘီတစ်ထည်ကောက်စွပ်ရင်း၊ ကျောပိုးအိတ်ကို လွယ်ကာ တိုက်ခန်းလေးထဲကနေ ထွက်လာခဲ့တယ်….

Good Night မမ…

Xxxx xxxx xx

Ooop OoooP Oppa Ganagnam Style….~~~

Club ထဲမှာ Psy ရဲ့ နာမည်ကျော် Gangnam Style သီချင်းက ဆူညံစွာ လွင့်ပျံ.နေတယ်… မီးရောင်တွေလင်းလိုက်မှိတ်လိုက်ကြားမှာ ကျွန်တော့် သူငယ်ချင်းတွေကိုလိုက်ရှာမိတယ်…
Security Guard ကလွဲလို. ယောကျာ်းလေးမရှိဘဲ.. Club ထဲမှာ ကောင်မလေး လန်းလန်းတွေနဲ့ Tomboy အမိုက်စားလေးတွေက ဟိုတစ်တွဲ ဒီတစ်တွဲ….

“သော်ကြီး… ငါတို. ဒီမှာ…. “
အရက်ခွက်ကို လေထဲမြှောက်ပြီး ငြိမ်းချမ်းက လှမ်းအော်တယ်…. သူ.ဘေးမှာလဲ ခပ်လန်းလန်း စော်တစ်ပွေ….
“မင်းဘာသောက်မလဲ”
Bar Counter မှာ ထိုင်ထိုင်ချင်း ငြိမ်းချမ်းက လှမ်းမေးတယ်….
“Vodka နဲ့ ကျွဲရိုင်း စပ်ပေးပါ…”
Bar Tender ကိုဘဲ ကျွန်တော် တိုက်ရိုက်လှမ်းပြောလိုက်တယ်…
ခွက်ကျွန်တော့်လက်ထဲရောက်လာတော့ ခုန်နေတဲ့ရင်တွေ ငြိမ်သွားအောင် လက်ထဲကခွက်ကို တရှိန်ထိုးမော့ချဖြစ်တယ်…..
Ahhhhhhhhhhhhhhhhhh
ရင်ထဲမှာ ပူဆင်းသွားပြီး၊ ခေါင်းထဲလဲ ပူထူသွားတယ်….
“ဖြည်းဖြည်းလုပ်မှ ပေါ့ကွာ.. မင်းဟာကလဲ…”
ငြိမ်းချမ်းက ကျွန်တော့်ကျောကို အသာပုတ်ရင်းပြောသည်။

Xxxx xxxx

ညက နက်သထက် နက်လာပြီ… သီချင်းတွေလဲ ပိုမိုမြူးကြွလာခဲ့ပြီ…..
ကျွန်တော်လဲ ဘယ်နှခွက်မြောက် Vodka ခွက်ကို သောက်မိနေလဲ မသိတော့….
သေချာနေတာတစ်ခုက ကျွန်တော်တို.တွေ Bar Counter မှာ မရှိတော့ဘဲ ကပွဲကြမ်းပြင်ထက်မှာ ရောက်နေကြပြီ…
သံစဉ်တွေနဲ့ စည်းချက်မညီစွာ ကနေကြသည်… သူငယ်ချင်းတွေကတော့ အတွဲတွေ ကိုယ်စီနဲ့….
“သော်ကြီး မင်းစော်မထားဘူးလား…” ငဖြိုးက သူ.ကောင်မလေးကို ရင်ခွင်ထဲဆွဲသွင်းရင်း လာမေးသည်…
“No… I don’t want…”
“မင်း အဖြစ်မရှိတာ နေမှာပါကွာ… ဟားဟား….”
ကျွန်တော် ရုတ်တရက် ဒေါသထွက်သွားသည်….
“ ငါ အဖြစ်ရှိမရှိ သိချင်တယ်ပေါ့…. “
“လုပ်လိုက်လေ…”
“ဟိတ်ရောင်တွေ.. ပေါက်ကရတွေ လျောက်မလုပ်နဲ့ ရပ်တော့…” ငြိမ်းချမ်းက ၀င်တားပေမယ့် နောက်ကျသွားပြီ…

ကျွန်တော် မျက်လုံးတစ်ချက်ကစားရင် ဝေ့ကြည့်လိုက်တော့ အနီရောင်ဝတ်စုံနှင့် မိန်းမလှလေးတစ်ဦး… ကပွဲကြမ်းပြင် အလယ်ခေါင်မှာ ဒေါင်းမလေးတစ်ကောင်လို လှပစွာကနေသည်… သူမနံဘေးမှာ TB တွေ ၀ိုင်းဝိုင်းလည်က တွဲကခွင့်ကို စောင့်ဆိုင်းနေကြသည်….
ကျွန်တော်ရုတ်တရက် အားလုံးကို ဆောင့်တွန်းပြီး သူမဆီ တည့်တည့်မတ်မတ်လျောက်သွားခဲ့သည်…
မျက်နှာချင်းဆိုင်ရောက်တော့ ဘာမှမပြောဘဲ သူမခါးကိုဆွဲပွေ.ပြီး နှုတ်ခမ်းကို တေ့ယူစုပ်နမ်းလိုက်သည်…
သူမလဲ ပထမတော့ ကြောင်သွားပြီး၊ ခဏနေတော့ နဲနဲရုန်းကန်မလိုနှင့် မရုန်း…..
ကျွန်တော် မူးမူးနှင့် သူမကို စိတ်ရှည်လက်ရှည်နမ်းပစ်လိုက်သည်….
သူမအောက်နှုတ်ခမ်းကို စုပ်ယူနမ်းရင်း လျာကိုလဲ အငြိမ်မနေ ထည့်မွှေကစားလိုက်သည်။ လက်တွေကိုလဲ ခါးမှာတင်ငြိမ်မနေဘဲ အထက်အောက် စုန်ချည်ဆန်ကစားရင်း….
ဝိုင်းနေသောလူတွေ နံဘေးမှာ မှင်တက်အံ့သြနေကြသည်….
ခဏနေတော့ အနမ်းကိုရပ်ပြီးသူမကိုထားခဲ့ကာ Bar Counter ကို ပြန်ထွက်လာခဲ့သည်…. နောက်မှာတော့ သီချင်းသံတွေကို ကျော်ဖြတ်ကာ လက်ခုပ်သံတွေ ဆူညံပွက်လောရိုက်နေခဲ့သည်…
ကျွန်တော် ဘာမှ ဂရုမစိုက်ဘဲ နောက်ထပ် Vodka တစ်ခွက် ထပ်မှာသောက်ဖြစ်သည်…

“သော်ကြီး Congratulation….” ငဖြိုးက မကြည်မသာနှင့် လာပြောရင်း နံဘေးမှာ ၀င်ထိုင်သည်..
“Doesn’t matter…. ငါ toilet သွားလိုက်ဦးမယ်…” ဟု ပြောရင်း ကျွန်တော် ထထွက်လာခဲ့သည်…

Xxx xxx…xxx


@  Toilet

အိမ်သာထဲက ထွက်လာတော့ ခုနက အနီရောင်ကောင်မလေးက အပြင်တံခါးနားမှာ ရပ်စောင့်နေသည်….
ခေါင်းတချက်ငြိမ့်ပြရင်း ထွက်လာခဲ့ပေမယ့်… သူမက လက်ကို ဖမ်းဆွဲထားသည်..
“What’s up…”
“မင်း ခုနက ကိုယ့်ကို လူကြားသူကြားမှာ နမ်းသွားတာ အရမ်းစိတ်ဆိုးတယ်…”
“Sorry… ကျွန်တော် ဘာပြန်လုပ်ပေးရမလဲ…”
ကျွန်တော့်ကို နံရံဘက် တွန်းလိုက်ရင်း… သူမနှုတ်ခမ်းတွေ ကျွန်တော့်မျက်နှာနား ကပ်ရင်း တိုးတိုးလေးပြောလာတယ်….
“မင်းကို ကိုယ်လက်စားပြန်ချေမယ်လေ….”
ကျွန်တော်တို. နှုတ်ခမ်းတွေ ထိကပ်သွားပြန်တယ်… ဒီတစ်ခါတော့ ပိုပြီး ပြင်းပြင်းရှရှ…
နှစ်ဖက်လုံးက လိုလိုလားလား…
ခဏကြာတော့ နှစ်ဦးသား ဘာမှ ပြောမနေတော့ဘဲ သူမကားဆီထွက်လာခဲ့တယ်….
ကားကို သူမစမောင်းနေပေမယ့် ဘယ်ကိုသွားမလဲဆိုတာ မေးနေစရာမလိုတော့ဘူးလေ…..
သေချာတာ အချစ်ဟိုတယ် တခုခုဘဲ ဖြစ်မှာပေါ့…း)

Xxxx xxx

Saturday, January 5, 2013

NEW ROOMMATE - CH - 3


NEW ROOMMATE

CHAPTER -3


မနက်စောစော အိပ်ရာနိုးနိုးချင်း သော်သော်တစ်ယောက် အကသင်တန်းသွားရန် ရေမြန်မြန်ပြေးချိုးသည်။ ရေချိုးခန်းကထွက်လာတော့….. အဲ….

“သော်သော်..သင်တန်းသွားတော့မလို.လား….မနက်စာစားသွားဦး”  Kitchen Bar counter မှာ မနက်စာပြင်နေသော မမကလှမ်းခေါ်သည်။
“အာ… ကျွန်တော် မစားတော့ဘူး မ… သင်တန်းသွားတော့မယ်….” ပြောရင်းဆိုရင်း ရေစိုနေသော ဆံပင်တိုတိုကို လက်နဲ့ဖွရင်း ကျောပိုးအိတ်ကို ကောက်ဆွဲကာ အပြင်ထွက်ရန်ပြင်သည်။
“အော်…မစားတော့ဘူးလား…ဒါနဲ့ သော်သော် တနေကုန် သင်တန်းမှာဘဲရှိမှာလား…”
“ဟုတ်…”
“အင်း…မမဒီနေ့ အလုပ်နားတယ်..နေ့လည်ကျရင် မင်းတို. ကတာ လာကြည့်မလို.”
“ဟုတ်ကဲ့ မ….. သင်တန်းနေရာကို သိတယ်မဟုတ်လား… ကျွန်တော် အဲဒီမှာဘဲ တနေကုန်ရှိမယ်…မ လာချင်ရင် ညနေပိုင်းလာခဲ့..ကျွန်တော်တို.အဖွဲ.ချည်းသီးသန့် လေ့ကျင့်စရာရှိတယ်…”
“Ok… “
မမဆီက စကားစပြတ်တာနဲ့ တံခါးကိုဖွင့်ကာ တိုက်ခန်းမှ မြန်မြန်ပြေးဆင်းလာခဲ့သည်။
ဟုတ်တယ်လေ….. မမတစ်ယောက် မနေ့ညက အဖြစ်အပျက်တွေ သတိမရခင်….

xxx….xxx…….


“ဟင်း….ဒီကောင်မလေး သင်တန်းကို ဘာလို.အဲလောက်အစောကြီးသွားပါလိမ့်…ခုမှ ၇နာရီဘဲရှိသေးတယ်…”

မိုး ကိုယ့်ဘာသာရေရွတ်ရင်း မနက်စာအတွက် ပါမုန်.ထောပတ်သုတ်ကို ကိုက်ဝါးလိုက်သည်။ ပါမုန်.စအချို. အကျီင်္ပေါ်သို. လွင့်စင်ကျသည်နှင့် Tissue Box ထဲမှ Tissue တစ်ရွက်ထုတ်ယူရင်း သုတ်လိုက်သည်။
သတိထားမိသည်က …..
သူမ ငုဝါရဲ့ ည၀တ်အကျီိကို ၀တ်ထားပါလား….
ဒီအကျီကို ဘယ်တုန်းက ယူဝတ်မိပါလိမ့်….. မနေ့ညက အရမ်းမူးပြီး သော်သော်လာကြိုတာကို သတိရသည်….ပြီးတော့…ဘာတွေဆက်ဖြစ်ပါလိမ့်….
“ အား....သတိရပြီ….” ကိုယ့်နဖူးကိုယ် လက်ဝါးနှင့်တစ်ချက်ရိုက်ရင်း ညည်းညူမိသည်။ ဟုတ်သည်ဘဲ ဒီအ၀တ်တွေ သော်သော်လဲပေးသည်ဘဲဖြစ်တော့မပေါ့….
ဒါဆို…. အတွေးနှင့် ပါးပြင်နှစ်ဖက် နီရဲကာ နဲနဲရှက်မိသွားသည်…..
ဒါပေမယ့်….
“အိုး….ဘာဖြစ်လဲ မိန်းခလေးအချင်းချင်းဘဲဟာ…..” ဟု စိတ်ကိုကြိုးစားပြီး ဖျောက်သော်လဲ သော်သော့်ကို စိတ်ထဲမှာ ရှက်နေမိသည်….

xxx…~~~xxx…..~~~

ညနေ ၄း၀၀

အကသင်တန်းကျောင်း

~~I cry, Just a little~~ When I think of letting go~~~Oh No~~ gave up on the middle~~

Flo Rida ရဲ့ I Cry သီချင်းက လေထဲမှာ လွင့်ပျံ.နေသည်။
သော်သော်တို. သူငယ်ချင်းအဖွဲ.လဲ စည်းချက်ညီညီကရင်း ချွေးတွေရွှဲနေကြသည်။
မိုး စရောက်ကတည်းက ငြိမ်ငြိမ်ထိုင်ရင်း သော်သော်တို.ကတာကို ထိုင်ကြည့်နေခြင်းဖြစ်သည်။
သော်သော်က ကတာတော်တော်လှသည်။ ကကွက်ချင်းတူတူ သော်သော်ကသည်က ပိုပြီးအချိုးကျ လှပနေသလို…..

ပြီးတော့ သော်သော်ရဲ့ အရပ်မြင့်မြင့် အချိုးအစားကျပြီး ကျစ်လျစ်နေသော ကိုယ်လုံးလေးက ဘာရယ်မသိ မိုးကို စိတ်လှုပ်ရှားစေသည်။ အရမ်းမိန်းမ မဆန်သော သော်သော့်ခနာကိုယ်ကို ခိုးငေးရင်း စိတ်ကူးတွေ ဟိုရောက် ဒီရောက်…..
“ မ…. ပျင်းနေပြီလား….”
မိုး အတွေးတွေများနေတုန်း သော်သော်တို. ကတာ ဘယ်တုန်းက ပြီးသွားသည် မသိလိုက်….
“ ဟင့်အင်း….ပျင်းပါဘူး…မင်းကတာ တော်လွန်းလို. ထိုင်ကြည့်နေတာ…”

“သော်သော်… ငါတို.လစ်ပြီ….” သော်သော့် သူငယ်ချင်းတွေက အထုပ်ဆွဲကာ ပြန်ဖို. ပြင်ကြပြီ….
“Bye…See you guys…”

သော်သော်က ပြန်လည်နှုတ်ဆက်ရင်း ပ၀ါတစ်ထည်နှင့် ချွေးကိုသုတ်ကာ ၀တ်ထားသော တီရှပ်ပွပွကြီးကို ဆွဲချွတ်လိုက်သည်….
ဝိုး… ချွေးတွေနဲ့ စိုကပ်နေသော စွပ်ကျယ်အကျီက သော်သော်ရဲ့ ကောက်ကြောင်းတွေကို ပိုပီပြင်နေစေသလိုပင်….
“မင်း ဘော်ဒီ တော်တော်လှတာဘဲကွ…” မနေနိုင်စွာ မိုးကဖွင့်ဟ ပြောမိတော့….
“အဟား…ကျေးဇူး….” သော်သော်တစ်ယောက် မျက်နှာ နီကာ ကျောပိုးအိတ်ထဲမှ ဂျာကင်တစ်ထည် အသည်းအသန်ကောက်စွပ်သည်
ပြောမိပြီးမှ မိုးလည်း ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်….သော်သော် အကျီဝတ်လိုက်တော့ စိတ်ထဲမှာ တစ်ခုခုပင် လိုသွားသလိုလို…..

သော်သော် Dj machine ဆီသို.သွားပြီး သီချင်းရွေးနေတော့…
“ မပြန်သေးဘူးလား သော်သော်…”
“ဟုတ်… ကျွန်တော် နောက်ဆုံးအပိုဒ်လေး ကကွက်မချောသေးလို. ပြန်ကျင့်ချင်လို.၊ မ ပျင်းနေပြီလား”
“ဟင့်အင်း….မပျင်းပါဘူး… တို.က မင်းကတာကြည့်ရတာ သဘောကျတယ်လေ….”
သော်သော် လေတချက်ချွန်ရင်း….”OK…. you make me proud…J

တီးလုံးသံ စလာတော့ သီချင်းက Flo Rida ရဲ့ သီချင်းမဟုတ်တော့ပေ…. Tango သီချင်းတစ်ပုဒ်….
“ မ…Tango ကတတ်တယ် မဟုတ်လား…. မမငုဝါက ပြောတယ်.. မ အရင်က Tango ကျင့်ဖူးတယ်တဲ့… အပျင်းပြေ နဲနဲလောက် တူတူကရအောင်….ကျွန်တော့်ကကွက်ကို ပြီးမှ ဆက်ကျင့်မယ်…”
လက်ကမ်းပေးလာသော သော်သော့်လက်ကို တစ်ချက်ဖမ်းဆုပ်ရင်း Music ကို မျက်စိမှိတ် ခံစားလိုက်သည်…
ကကွက်အချို.ခေါင်းထဲမှာ ပြန်ပေါ်လာပြီး….သော်သော့်ခြေကျစည်းကွက်အတိုင်း အလိုက်သင့်  ခန္ဓာကိုယ်စတင်လှုပ်ရှားလိုက်သည်….
သူမခါးကို သော်သော့်ဆွဲဖက်လိုက်ချိန်မှာ အလိုက်သင့် သော်သော့်ပခုံးပေါ်မေးတင်ရင်း သူမတို.  ခန္ဓာကိုယ်၂ခု ပူးကပ်သွားကြသည်….
ဆုပ်ကိုင်ထားကြသော လက်အစုံက အေးစက်မနေဘဲ နွေးထွေးနေသည်ကို ခံစားမိရင်း…ရင်ထဲမှာ လျှပ်စစ်ဓာတ်အချို. ဖြတ်သန်းသွားသလို…….
သော်သော့်ရဲ့ အသက်ရှူငွေ.အချို.က မိုးရဲ့ ပါးပြင်ပေါ်မှာ…. သူမနှုတ်ခန်းတွေက တခါတခါ မိုးရဲ့မျက်နှာကို ထိကပ်သွားသလိုလို….

xxxxxx…~~~~ xxxx…~~


သီချင်းဆုံးတော့ သူမမျက်နှာက သော်သော့်ရင်ခွင်ထဲမှာ….
ထိကပ်ထားသော  ခန္ဓာကိုယ်၂ခု ခွာလိုက်တော့ ရင်ထဲမှာ တခုခုဟာသွားသလို…. သော်သော်နဲ့ မျက်လုံးချင်း မဆိုင်မိအောင် ကြိုးစားနေဖြစ်သည်။
သော်သော်လည်း Dj machine နားသွားရင်း Music ပြန်ရွေးနေသည်….
အခန်းထဲမှာ Flo Rida ရဲ့ သီချင်းသံက ပြန်လည်မြူးကြွနေပေမယ့် မိုးရဲ့ စိတ်တွေကတော့ ဟိုရောက် ဒီရောက်…
xxxx~~~~ <3 <3 <3…xxxx

Friday, January 4, 2013

New Roommate - Chapter - 2

NEW ROOMMATE
CHAPTER -2


ညနေစောင်း တရေးနိုးတော့ နာရီကို တစ်ချက်လှမ်းကြည့်မိသည်။

“ ၀ှား… ၆နာရီတောင် ထိုးပြီ… “ အပျင်းကြောဆန်.ရင်း ရေရွတ်မိသည်။ မျက်လုံးဝေ့ရင်း အခန်းထဲကို ရှာကြည့်တော့ မမတစ်ယောက် ပြန်မရောက်သေး။
ဗိုက်ထဲက အချက်ပြသည်နှင့် မီးဖိုဆောင် ဘက်ကို ထွက်လာခဲ့သည်။
ဝိုး… ဟင်းတွေကရှယ်ဘဲ.. ၀က်သားဟင်းနဲ့ ငပိထောင်း၊ သီးစုံချဉ်ရည်နှင့် တို.စရာအစုံ။ ပန်းကန်တစ်ချပ် မြန်မြန်ဆွဲယူရင်း စားစရာတွေကို ခပ်သွက်သွက် ပန်းကန်ထဲ ထည့်ယူခပ်စားလိုက်သည်။ အရသာလဲ တော်တော်ကောင်းသည်ဘဲ။ ဒီလို မမချောချောက ချက်သောဟင်းတွေက သူ.လိုဘဲ ပြီးပြည့်စုံနေပါရောလား။
စားပြီးသောက်ပြီး ပန်းကန်ဆေးရင်း တွေးမိသည်၊ ဒီလောက် နောက်ကျနေပြီ ဘယ်တွေသွားနေပါလိမ့်။ ခုထိပြန်မလာသေးဘူး။

….~~~..~~….


ထမင်းစားပြီး TV ရှေ.မှာ MRTV -4 မှာလာသော ဂိမ်းအစီအစဉ်ကို ထိုင်ကြည့်ရင်း အချိန်ဖြုန်းနေလိုက်သည်။


“  Beep Beep… Beep Beep…” ဧည့်ခန်းထဲမှ ဖုန်းကမြည်လာသည်။
“ဟလို” သော်သော် ဖုန်းကို ကောက်ကိုင်ရင်း ပြန်ထူးမိသည်။
“ငုဝါလား… ငါပါ မီမီ…”
“ငုဝါ မဟုတ်ပါဘူး…သူ.ညီမပါ..”
“အော်….အေး..ဘယ်သူဖြစ်ဖြစ်ဟာ… မိုးယုကို မြန်မြန်လာခေါ်စမ်းပါ…မူးပြီး မှောက်နေလို.”
“ဟုတ်ကဲ့ အစ်မ…လာရမယ့် နေရာလေး တစ်ချက်လောက်….”
“လိပ်စာက… xxx xxx…”

သော်သော် ဖုန်းချပြီးသည်နှင့် ဆိုဖာပေါ်မှ ကျောပိုးအိတ်ကို ကောက်ဆွဲကာ အိမ်တံခါးသော့ခတ်ပြီး အမြန်ပြေးတော့သည်။

မမီမီပြောသောနေရာရောက်တော့….
 ဟော တွေ.ပါပြီ… မမ….
တစ်ကိုယ်လုံးလဲ အရက်နံ့တွေ မွှန်ထူနေပြီး၊ လူမှန်းသူမှန်းလဲ မသိတော့ပေ…
မမီမီက သော်သော့်ကို ကူညီပြီး Taxi ပေါ်ရောက်သည်ထိ တင်ပေးသည်။ ကားပေါ်မှာလဲ ငိုယိုရင်း စကားတွေ ဗလုံးဗထွေးနှင့်…..
“သူအရမ်းရက်စက်တယ် ငုဝါရယ်… သူက လမ်းခွဲမယ်တဲ့… အရင်အပတ်ကဘဲ သူ.မွေးနေ့ကို တူတူကျင်းပခဲ့တာလေ… “
အင်း…ဒီမမ ရည်းစားနဲ့ပြတ်လာတယ်ဆိုတာ ဗေဒင်မေးနေစရာပင်မလိုတော့…

xxxx….xxxx..x.xx

အိမ်ခန်းထဲရောက်အောင် အားကုန်သုံးရင်း ဆွဲမခေါ်လာခဲ့ရသည်။ တံခါးဖွင့်ပြီး အခန်းထဲရောက်တော့ ၂ယောက်လုံး ကြမ်းပေါ်လုံးထွေးကျသွားသည်။ မမက သူ.အပေါ်မှာ … သူမ နှုတ်ခမ်းက သော်သော်ပါးပြင်ကို ထိကပ်ထားသည်။ သော်သော် ရင်တွေခုန်လာပြီး မမကိုတွန်းဖယ်မိသည်။

“မမ..ထ… အိမ်ပြန်ရောက်နေပြီ..” ပြောရင်းဆွဲထူလိုက်တုန်း….
“ဝေါ့…” သွားပြီ… သူမအန်ထဲ့လိုက်တာ သူရော သော်သော်ရော အ၀တ်တွေပေကုန်သည်။
“ဟာကွာ…” သော်သော် ခပ်ညည်းညည်းရေရွတ်ရင်း သူမကို ရေချိုးခန်းထဲ ဆွဲခေါ်လာရပြန်သည်။
Bathtub ထဲ ပွေ.ချီထည့်ရင်း ရေပိုက်ဖွင့်ပေးလိုက်သည်။
“မ… ရေချိုးပြီး သန့်ရှင်းရေးလုပ်လိုက်ဥိး…ကျွန်တော် ပြန်လာခေါ်မယ်..” ပြောရင်း ရေချိုးခန်းတံခါးစေ့ကာ သော်သော် အိပ်ခန်းဘက်ထွက်လာခဲ့သည်။

သော်သော် အကျီင်္လဲပြီးသည့်အချိန်ထိ မမ တစ်ယောက် ရေချိုးခန်းထဲမှ ထွက်မလာသေး….
စိတ်ပူပြီး စေ့ထားသော ရေချိုးခန်းတံခါး တွန်းဖွင့်ကြည့်တော့… Bathtub ထဲမှာ ရေတွေနဲ့အတူ အိပ်ပျော်နေသည်။

“ဟာာာာာာ….မြွေဘဲကွာ…..” သော်သော် စိတ်ပျက်လက်ပျက်ညည်းညူရင်း..ရေတွေစိုရွှဲနေသော မမကပွေ.ချီကာ ကုတင်ရှိရာ အိပ်ခန်းသို.ခေါ်လာခဲ့သည်။ ဒီညအတွက်တော့ တကယ်ကို မစားသာ မမကိုပွေ.ချီရတာနဲ့တင် အားတော်တော်ကုန်နေပေပြီ…

ကုတင်ပေါ်မတင်ခင် တဘက်တစ်ထည်နှင့် သူမကိုယ်ကိုပတ်ပေးပြီးမှ ပွေ.တင်လိုက်သည်။ မမက တဘက်ကို ဆွဲခွာလွှင့်ပစ်တော့ သော်သော်တစ်ယောက်ခေါင်းခြောက်ရပြီ… အဲဒါမှ ပြသနာ… ဒီအတိုင်းထားခဲ့ရင်လဲ အအေးပတ်ပြီး ဖျားမှာစိုးရသည်။ တခုခုလုပ်ပေးရအောင်လဲ….အင်း… မိန်းခလေးအချင်းချင်းဆိုပေမယ့် ကိုယ့်စိတ်က ပုံမှန်မဟုတ်တာ ကိုယ်ဘဲသိသည်။ သော်သော်က Tomboy ဆိုတော့ ကောင်မလေးမြင်ရင် ရင်ခုန်တတ်သူ။ ခုလိုသာ အ၀တ်တွေလဲပေးရမယ်ဆိုရင်တော့….
“ဟပ်ချိုး…..ဟပ်ချိုး..” အတွေးတွေပွားနေတုန်း မမတစ်ယောက် နှာချေနေပြီ…တစ်ကိုယ်လုံးလဲ တုန်စပြုနေပြီ…မတတ်နိုင်တော့..သော်သော် ဆုံးဖြတ်ချက်ကို မြန်မြန်ချကာ အ၀တ်ဗီရိုမှ ညအိပ်ဝတ်စုံတစ်စုံကို ခပ်မြန်မြန်ဆွဲယူကာ လုပ်ငန်းစသည်။

စစချင်း အပေါ်ဝတ်အကျီင်္နှင့် စကတ်ကိုချွတ်လိုက်သည်။ အတွင်းခံသာကျန်တော့သော မမရဲ့ ခန္ဓာကိုယ်အလှကို ငေးစိုက်ကြည့်ရင်း သော်သော့်ရင်တွေ ပိုးစိုးပက်စက်ခုန်လာသည်။
ဟူး…ဒီတိုင်းတွေဝေနေလို. မဖြစ်သေး….
ကျန်နေသော Bra ကိုဖယ်ရှားလိုက်သောအခါ….
“Oops….” တံတွေးမြန်မြန်မျိုချပြီး လက်ထဲတွင် အဆင်သင့်ရှိနေသော ည၀တ်အကျီင်္လေးနှင့် လဲဝတ်ပေးလိုက်သည်။ အမှန်တော့ ထိုအကျှင်္ီမှာ မမအက်ီၤလား၊ မမငု၀ါ အက်ီၤလား သူလဲသေချာမသိ…. အဆင်ပြေတာ ကောက်စွပ်ပေးလိုက်ချင်းသာ…
နောက်ဆုံးအဆင့်ဖြစ်သော အတွင်းခံဘောင်းဘီကို အသက်၀၀ရှူ၊ ခပ်မြန်မြန်ချွတ်ကာ ည၀တ်ဘောင်းဘီနှင့် လဲဝတ်ပေးလိုက်သည်။ အားလုံးပြီးသွားတော့ သော်သော့်ရင်တွေခုန်ကာ အသက်ရှူတွေတောင် ကြပ်လာသည်။ ဟူး….. ဒါတောင် ပထမညဘဲရှိသေးတယ်… အာရုံထဲမှာတော့ မမရဲ့ ပြီးပြည့်စုံလွန်းသော ခန္ဓာကိုယ်အလှက ရူးလောက်အောင် စွဲမက်ကျန်ခဲ့သည်။
ရေချိုးခန်းသွားပြီး စိတ်လိုလက်ရ မမရဲ့ ရေစိုအ၀တ်တွေ သေချာလျော်ပြီး လှန်းပေးမိသည်။ မလုပ်လဲရပေမယ့် ရင်ထဲမှာ လုပ်ပေးချင်စိတ်က တားမရ ဆီးမရ…..
xxx….xxxxx….xx

Sunday, December 23, 2012

New Roommate - Part 1


New Roommate

Chapter -1

အနော်ရထာလမ်း၊ အခန်းနံပါတ် (၂၀၄) ပထမထပ်။
လိပ်စာထဲကအတိုင်းဆို ဒီအခန်းဘဲဆိုတာ သေချာနေပြီ။ သော်သော် လက်မှနာရီကို တစ်ချက်ကြည့်လိုက်တော့ မနက်၁၀နာရီတိတိ။ အင်း..ဒီအချိန်ဆို အိမ်ရှင်တွေကို နှောင့်ယှက်ရာမကျလောက်။
လုပ်နေကျအကျင့်အတိုင်း အသက်ခပ်ပြင်းပြင်းတစ်ချက်ရှူသွင်းရင်း နှဖူးပေါ်ဝဲကျနေသော ဆံပင်အချို.ကို ခါထုတ်လိုက်သည်။ ပြီး…လျှပ်စစ်လူခေါ်ဘဲလ်ကို တစ်ချက်နှိပ်လိုက်သည်။
“Tin Tong~~~ Tin Tong”
အခန်းထဲမှ တစုံတစ်ယောက် တံခါးနားသို. လှမ်းလျောက်လာသံကို ကြားရသည်။ ချောင်းကြည့်ပေါက်မှ မျက်ဝန်းတစ်စုံက သူ.ကိုလှမ်းကြည့်နေသည်ကို ခံစားမိသည်။
“ကလစ်”
 Lock ဖွင့်သံနှင့်အတူ တံခါးရွက်တစ်ဖက်ပါ ပွင့်လာသည်။ အသက် ၃၀အရွယ် အမျိုးသမီးတစ်ယောက်။ ဆံပင်ရွှေညိုရောင်နှင့် ဖြူဝင်းလှပသော ဘဲဥပုံမျက်နှာသွယ်သွယ်က နေရောင်မထိုးသော လှေကားခန်းထဲမှာပင် လင်းလက်နေသည်။
သူ.ကိုသေချာကြည့်ရင်းမှ “ငုဝါရဲ့ ညီမ၀မ်းကွဲ သော်သော်ဆိုတာ မင်းလား”
“ဟုတ်ကဲ့” သူမရဲ့ အကြည့်စူးစူးတွေကို မျက်လွှာချရှောင်ရှားရင်း သော်သော်ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။
“အထဲဝင်ပါ” ဟုပြောရင်း သူမတံခါးကို ဖွင့်ထားခဲ့ကာ သော်သော်ရှေ.မှ ဦးဆောင်ပြီး အခန်းထဲကို ၀င်သွားသည်။
အခန်းထဲရောက်တော့ ဖိနပ်ချွတ်ရင်း အခန်းကို တစ်ချက်မျက်စေ့ကစားလိုက်သည်။
အင်း… အခန်းလေးက သန့်ရှင်းသပ်ရပ်ပြီး စနစ်တကျရှိသည်။ အိပ်ခန်းတစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းသာပါသော အခန်းကျဉ်းလေး၊ မီးဖိုဆောင်က ဧည့်ခန်းထဲတွင်ရှိပြီး ဘားကောင်တာ အသေးစားလေးတစ်ခုနှင့် ခြားထားသည်။ မီးဖိုဆောင်နောက်ဘက်ကတော့ ရေချိုးခန်းဟု ယူဆရသော အခန်းငယ်တစ်ခု။ ဘာအခန်းပြင်ဆင်မှုမှ ထူးထူးခြားခြားလုပ်မထားပေမယ့် သန်.သန်.ရှင်းရှင်းနေတတ်သော မိန်းမတစ်ယောက်ရဲ့ အခန်းဆိုတာ မြင်ရုံနှင့်သိသာသည်။
“ထိုင်ပါဦး” ဧည့်ခန်းထဲမှ ဆိုဖာတစ်ခုပေါ်တွင် ၀င်ထိုင်ရင်း အိမ်ရှင်မမက သော်သော့်ကို နေရာယူခိုင်းသည်။ အင်း… အင်တာဗျူး စတော့မယ် ထင်ပါရဲ့…..
“မင်း နာမည်က သော်သော်.. အသက်က ၁၉နှစ်.. အိမ်နဲ့ရန်ဖြစ်ပြီး ဆင်းလာတယ်.. လောလောဆယ် အကသင်တန်းတတ်နေတယ်… ဟုတ်တယ်နော်..”
သူမက အလွတ်ရထားသည့် သော်သော့် Biographyကို ရွတ်ပြသည်။
သော်သော်လဲ အလိုက်သင့်ကလေး ခေါင်းညိမ့်ပြလိုက်သည်။ မမငုဝါကလဲ မှာထားသည်လေ.. အိမ်ရှင်မမနှင့် တည့်အောင်ပေါင်းရမည်တဲ့။
“မင်းသိတဲ့အတိုင်းဘဲ တို.နဲ့ ငုဝါက အခန်းဖော်တွေ.. ခုလောလောဆယ် ငုဝါ တောင်ကြီးကို အလုပ်ကိစနဲ့ ခရီး၃လထွက်နေတုန်း သူ.ညီမ၀မ်းကွဲမင်းကို သူ.အစားထားခဲ့ပါရစေဆိုပြီး တောင်းပန်လို. တို.လက်ခံလိုက်တာ…အမှန်ဆို တို.က ငုဝါကလွဲရင် ကျန်တဲ့သူတွေ သိပ်လက်ခံချင်တာမဟုတ်ဘူး… ထားပါလေ မင်းက ငုဝါရဲ့ညီမဆိုတော့လဲ…”
အသက်တစ်ချက် ရှူရင်း စကားဆက်သည်…
”တို.နာမည်က မိုးယု…ဒီအိမ်မှာနေရင် တို.စကားကိုနားထောင်ရမယ်.. ဆူဆူညံညံအသံတွေ မကြားချင်ဘူး… သူငယ်ချင်းတွေ အိမ်ခေါ်မလာရဘူး..သော့တစ်စုံစီရှိမယ်.. အပြင်ကပြန်လာတဲ့အချိန် တံခါးကို ညင်ညင်သာသာပိတ်ပါ.. ဒါပါဘဲ..မင်းဘက်ကရော ဘာမေးချင်သေးလဲ..”
“ဟို…အိမ်လခ..”
“စိတ်မပူပါနဲ့ မင်းရဲ့ အစ်မ ငုဝါက ၃လခစာလုံး ကြိုပေးသွားတယ်.. မင်းက အိမ်ပြေးလေးဆိုတော့ ဘယ်လိုလုပ် ဒီအိမ်ငှားခပေးစရာရှိမှာလဲ… “
ဟူး…အစ်မ၀မ်းကွဲ ငုဝါကို ကြိတ်ကျေးဇူးတင်မိသည်။ အမှန်တော့ သူ.မှာ နေစရာနေရာမရှိသည်မဟုတ်…ကြိုက်တဲ့ သူငယ်ချင်းအိမ်မှာ သွားနေလို.ရတာ အမှန်ပင်…ခက်သည်က အိမ်က မိဘတွေက သူငယ်ချင်းအိမ်ရောက်နေမှန်းသိသည်နှင့် ချက်ချင်း ပြန်လာခေါ်ကြသည်။ ဒီတော့ မိဘတွေ လက်လှမ်းမမှီနိုင်လောက်တဲ့ အမျိုးတစ်ဝမ်းကွဲတော်သော မမငုဝါကို အပူကပ်ရခြင်းဖြစ်သည်။
“နေ့လည်စာချက်ထားတယ်… မင်းဆာပြီဆို စားနှင့်.. နောက်နေ့တော့ ကိုယ့်ဘာသာကိုယ်ချက်စားပေါ့..”
“ဟုတ်ကဲ့” ဟုပြောရင်း သူမ၀တ်စုံကို ကြည့်မိသည်။ အကျီင်္ပန်းရောင် လက်ပြတ်လေးနှင့် ကာကီရောင် စကဒ်ဒူးအဖုံးလေးကို တွဲဝတ်ထားသည်။ ကြည့်ရတာ အပြင်ထွက်မယ့်ပုံဘဲ…
“မ, အပြင်သွားမလို.လားဟင်” မ၀ံ့မရဲမေးမိသည်။
ခေါင်းတစ်ချက် ညိတ်ပြရင်း …” ဟုတ်တယ်… အခုဘဲ အပြင်သွားမလို.၊မင်းလာမယ်ဆိုလို. စောင့်နေတာ… ညနေစောင်းမှ ပြန်ရောက်မယ်… သော်သော် နားချင်ရင် နားတော့… “
…. Xxx  …..
မမ အပြင်ထွက်သွားမှ မမေးလိုက်ဖြစ်တာတစ်ခု သတိရသည်။ သူ.အတွက် အိပ်ရာက ဘယ်မှာ ပါလိမ့်။
အိပ်ခန်းထဲ ၀င်ချောင်းကြည့်တော့ ၂ယောက်အိပ် ကုတင်ကြီး တစ်လုံးသာတွေ.သည်။ ဟင်း… မမနှင့် တူတူအိပ်ရအောင်တော့ မရဲဝံ့သေးပါ… ကိုယ့်ဘာသာ ဆုံးဖြတ်ချက်ချရင်း ဧည့်ခန်းမှ ဆိုဖာအရှည်ကြီးကို ကိုယ်ပိုင်အိပ်ရာဟု သဘောထားရင်း လှဲချလိုက်သည်။
…..~~~ ~~~……

To Be Continue~~

Saturday, November 10, 2012

Love Trip (စ-ဆုံး)


ဒီလိုစာတွေ မဖတ်ချင်ဘူးဆိုတဲ့ အစ်မတွေ Sorry ပါနော်... မရေးရမနေနိုင်လို. ရေးမိတာပါ...ဟီးဟီး...း)

Chapter 1
စိန်ဝင်းနှင့် ရောင်းရင်းများ

ကျိုက်ထီးရိုး-ရန်ကုန်

ကားမှန်ပေါ်မှ စာလုံးများကို ဖတ်ရင်း၊ မျက်လုံးက သူငယ်ချင်းတွေကို ရှာမိသည်။
“အငယ်လေး.. သူငယ်ချင်းတွေ ရောက်ပြီလား” မေမေက ကားကို ပါကင်ထိုးဖို. နေရာရှာရင်းမေးသည်။
“မသိဘူးမေ.. သူတို. မရောက်ကျသေးဘူးလား မသိဘူး… အချိန်လဲနီးတော့နေပါပြီ”
“တခြားဂိတ်ကများ စောင့်စီးကြမှာလား”
“မဖြစ်နိုင်ပါဘူး.. ဗိုလ်တစ်ထောင်ဘုရားဂိတ်မှာ ဆုံမယ်လို. အိအိ နဲ့ အ၀င်းကို ပြောပြီးသား၊ ဇာဇာနဲ့ ဖြိုး၂ယောက်ဘဲ မြေနီကုန်းမှာ စောင့်စီးမှာ”
“ကဲ..ဒါဆိုလဲ စီးရမယ့်ကားရှာကြစို.၊ ဟိုမှာ ကားတွေက ၆စီးလောက်ရှိတယ်…” မေမေကပြောရင်း ကားပေါ်မှဆင်းကာ နောက်ဖုံးမှ အထုပ်များသွားယူနေပြီ။
ဒီနေ့ည စာမေးပွဲအပြီး ကျိုက်ထီးရိုးကို သွားလည်ဖို. အိမ်ကလူကြီးတွေဆီက ခွင့်ပြုချက်ရယူ ထားကြတာဖြစ်သည်။ စုစုပေါင်း သူငယ်ချင်း ၇ ယောက်။ အိအိနဲ့ အ၀င်းက ကျောင်းပြီးလျင် လက်ထပ်ကြမယ့် စုံတွဲ၊ ဇာဇာနဲ့ ဖြိုးကလဲ ၂ဖက်မိဘ အသိပေးပြီး တွဲနေကြသူတွေ၊ ကျန်တာကတော့ မိစံ၊ သူသူ နှင့် ကျွန်တော်။ စုစုပေါင်း မိန်းကလေး ၅ယောက်၊ ယောကျာ်းလေး ၂ယောက်။ ပုံမှန်ဆိုလျင် ယောက်ျားလေးတွေနဲ့ ညအိပ်ခရီး လွှတ်မှာမဟုတ်ပေမယ့်၊ ဒီသူငယ်ချင်းတွေကတော့ ၅တန်းကတည်းက လည်ပင်းဖက်ပေါင်းလာခဲ့သူတွေ။ ခုဘဲ တတိယနှစ်ရောက်နေကြပြီဆိုတော့၊ စာမေးပွဲပြီးတုန်း ပျော်ချင်ပါးချင်တာကို မိဘတွေက ကြည်ကြည်ဖြူဖြူ လိုက်လျောခဲ့သည်။
ခက်နေတာက ချစ်သူငယ်ချင်းများက ခုထိမလာကြသေး။ သူတို.အားလုံး အ၀င်းကားနှင့် တူတူလာကြမည်ပြောသည်။ လာလျှင်တော့ တစ်အုပ်စုလုံး တူတူရောက်လာကြမှာ သေချာသည်။
ကျွန်တော်လဲ ကားပေါ်က မြန်မြန်ဆင်းရင်း မေမေ့ကို အထုပ်ဝိုင်းကူချပေးသည်။
“အငယ်လေး… ဟိုရောက်ရင် ပေါက်ကရလေးဆယ် လျောက်မပြောနဲ့၊ မတည့်တာတွေ မစားနဲ့နော်..” အငယ်ဆုံးမို.လို. တစ်အိမ်လုံးက နာမည်မခေါ် အငယ်လေးဟုသာ ခေါ်ကြသည်။ ခုလဲ အငယ်ဆုံးကို မေမေက စိတ်ပူပြီး တောက်လျောက်မှာနေသည်။
အင်းပေါ့လေ.. ပထမဆုံး မိသားစုမပါဘဲ ထွက်တဲ့ခ၇ီးဆိုတော့လဲ စိတ်ပူမှာပေါ့။
“ဟုတ်ပါ..စိတ်ချပါ မေမေရဲ့… ကျိုက်ထီးရိုးက မရောက်ဖူးတဲ့ နေရာမှ မဟုတ်တာ”
“အေးပါ… မရောက်ဖူးတဲ့ နေရာမဟုတ်မှန်းတော့ သိတာပေါ့.. အရင်က မိဘတွေနဲ့ မိသားစုနဲ့သွားတာလေ၊ အခုဟာက သူငယ်ချင်းတွေနဲ့၊ အကုန် ကလေးတွေချည်းဘဲ၊ တခုခုဆို ဘယ်သူမှ ဘာမှ လုပ်တတ်တာ မဟုတ်ဘဲနဲ့.. “
မေမေ့ ဆုံးမစကားတွေနားထောင်နေရင်း…
“ငလင်း…အဲ…လင်းလင်း… ငါတို. ဒီမှာဟေ့” အ၀င်းက ကျွန်တော့်ကို လှမ်းအော်သည်။ မေမေ့ကိုမြင်တော့ ငလင်းဟုခေါ်ရာကနေ လင်းလင်းဟု ပြောင်းခေါ်သည်။ မဟုတ်ရင်..မေမေက သူ.ကိုပါ ဆုံးမစကားတွေ ပြောနေမှာ စိုးသောကြောင့်ဖြစ်သည်။
အမှန်တော့ ကျွန်တော့်သူငယ်ချင်းတွေအကုန် မေမေ့ကိုကြောက်သည်။ မေမေက အရင်က အထက်တန်းကျောင်းဆရာမလုပ်ခဲ့သူတစ်ဦး၊ ရုပ်တည်ပြီး ဆုံးမစရာရှိလျင် ဘယ်သူ.သားသမီးရယ်လို.မဟုတ် ကလေးတိုင်းကို သူ.အတန်းသားလို သဘောထားသူဖြစ်သည်။ ဒီတော့ ကျွန်တော်တို. တစ်ဖွဲ.လုံး မေမေ့ကို ချစ်ကြောက်ရိုသေကြသည်။
အစ်မအကြီး၂ယောက်ကတော့ မေမေထားသော လိုချင်သော စာတော်၊ မိန်းမပီပီသသ အိနြေရှိရှိလေးတွေ ဖြစ်ခဲ့ပေမယ့်၊ အငယ်ဆုံးကျွန်တော်ကတော့ ခပ်ဆိုးဆိုး၊ ဂျစ်တိုက်တိုက် Tomboy လေးတစ်ယောက်ဖြစ်လာခဲ့သည်။ ဒါပေမယ့် မေမေ့ရှေ.မှာတော့ ကျွန်တော်လဲ မှင်သေရသည်ပေါ့။
ဒါကြောင့် သူငယ်ချင်းတွေက ပြောတာ မင်းက အမေရှေ.ကျ မျက်နှာသေလေးနဲ့ ကွယ်ရာကျတော့ ငပြူးငပြဲ…
“အေး… ငါကားရှာတွေ.ထားတယ်..နံပါတ်၃ကားက ငါတို.စီးရမယ့်ကား” ကျွန်တော်လဲ ၀မ်းသာအားရ အထုပ်ဆွဲရင်း သူငယ်ချင်းတွေဆီ ပြေးမိသည်။
 ဒါတောင် မေမေက..”ဟဲ့ ဖြေးဖြေးသွားလေ.. ချော်လဲဦးမယ်..”
ခုံတွေရှာပြီး၊အထုပ်တွေတင် နေရာယူအပြီးမှာတော့ ဘေးမှန်တံခါးကိုဖွင့်ရင်း မေမေ့ကို နှုတ်ဆက်သည်။
“မေမေ… သွားတော့မယ်နော်..တာ့တာ.. နောက်၂ရက်နေရင် ပြန်တွေ.မယ်… I love you..”
“အေး..အေး..လမ်းခရီး ဂရုစိုက်နော်..ဟဲ့… အိတို.၊ မိစံတို. သူငယ်ချင်းကို ဂရုစိုက်လိုက်ကြဦးနော်…မေမေသွားပြီ..”
မေမေထွက်သွားတော့မှ ဘေးဘီကိုကြည့်မိသည်။ ကျွန်တော့်ဘေးမှာ ကျွန်တော်မသိတဲ့ ကောင်မလေးတစ်ယောက်… ပြီးမှ စဉ်းစားမိသည်။ ဟုတ်တာပေါ့ ကျွန်တော်တို.က ၇ယောက်ဆိုတော့ တစ်ယောက်ကတော့ တခြားလူနဲ့ ထိုင်ရမှာပေါ့။ ဟင်း… ကျွန်တော့်ကျမှ ဘာလို. သူများနဲ့ ထိုင်ရလဲ မသိ…
အိအိနဲ့ အ၀င်းတို. မုန့်ဆင်းဝယ်ကြရင်း ခုမှ ကားပေါ်တတ်လာသည်။
“ဟဲ့ ..ငလင်း..နင့်ကို မိတ်ဆက်ပေးဖို.မေ့နေတာ.. နင့်ဘေးမှာ ထိုင်နေတာက ပုံ.ပုံ.၊ သူက ငါ့ငယ်သူငယ်ချင်း၊ ငါတို့ မူဆယ်ကဘဲ၊ သူက ကျိုက်ထီးရိုးမရောက်ဖူးလို. လိုက်လည်တာ၊ ငါတို.ကလဲ ၇ယောက်ဆိုတော့ ဘက်ပဲ့နေမှာစိုးလို. သူ.ကိုပါခေါ်လာတာ၊ နင် သူ.ကိုဂရုစိုက်လိုက်နော်..”
အိအိက ကျွန်တော့်ကို ရှည်ရှည်လျားလျားပြောရင်း မောသွားဟန်နှင့် အ၀င်းဘေးမှာ ၀င်ထိုင်သည်။
အခုလိုဆိုတော့လဲ ကောင်းသားဘဲ။ အားလုံးက သူငယ်ချင်းတွေပေါ့။ သူစိမ်းနဲ့ ထိုင်ရတာထက်စာလျင် တစ်ဖွဲ.တည်းသွားသူချင်းတူတူ ထိုင်ရသည်က ပိုကောင်းလေသည်။
ခုတော့ အ၀င်းနဲ့ အိအိက ရှေ.ဆုံးက၊ သူတို.နောက်မှာ မိစံနဲ့ သူသူ၊ အဲဒီနောက်မှာ ကျွန်တော်နဲ့ ပုံ.ပုံ.၊ ကျွန်တော်တို.နောက်က လွတ်နေသည့်ခုံကတော့ ဇာဇာနဲ့ ဖြိုးအတွက်။
ကားကြီးစထွက်ပြီ….
“ဝေး….. “ ဘာရယ်မဟုတ် ကျွန်တော်တို.တွေ စိတ်လှုပ်ရှားစွာအော်မိကြသည်။
ဟုတ်တယ်လေ.. ဒီခရီးက ကျွန်တော်တို.အတွက် ပထမဆုံး လူကြီးမိဘမပါဘဲ သွားခွင့်ရသောခရီး၊ လူကြီးဘ၀ကိုဝင်ခါစ ဆယ်ကျော်သက် ကျွန်တော်တို.အတွက်ကတော့ တကယ့် တိုက်ပွဲကြီးကို သွားရသော စစ်သူရဲကောင်းကြီးတွေလို အားနှင့်မာန်နှင့်.. ကိုယ့်ကိုယ်ကိုလဲ ယုံကြည်မှုတွေအပြည့်…
“ငလင်း.. နင့်မားသားကြီးက ဘာမုန်.တွေထဲ့ပေးလိုက်လဲ” မိစံက လှမ်းမေးသည်
“နင်ကလဲ ကားကခုမှထွက်တာ ဗိုက်ဆာနေပြန်ပြီလား..” ကျွန်တော်က သူ့ကိုအော်နောက်ရင်း မေမေထည့်ပေးလိုက်သော သရေစာမုန်.ထုပ်ကို ဖွင့်သည်။
မိစံက သူငယ်ချင်းတွေထဲမှာ အ၀ဆုံးနှင့် အမြဲဆာနေတတ်သူ။ ချစ်စရာကောင်းသလောက် အငြင်းသန်သူက သူသူ။
“ရော့…ငါးမုန့်ကြော်ပါတယ်..” မိစံကို မုန်.လှမ်းပေးသည်။
“နင့်မှာ အချဉ်ထုပ်မပါဘူးလား” အိအိက ရှေ.ဆုံးမှ လှမ်းမေးသည်။
“ငါက နေကြာစေ့” သူသူကလဲ မေးသည်။
“နင်တို.က ငါ့ကို ကားပေါ်မှာ ဈေးလိုက်ရောင်းတဲ့သူများထင်နေတာလား” ကျွန်တော် ဘုတောတောပြီး လက်ကတော့ သူတို.တောင်းသမျှကို လိုက်ဝေနေမိသည်။ သူတို.ကလဲ ကျွန်တော်အော်တာလောက်ကို နားထဲမရောက်ပုံနှင့် ခပ်တည်တည် လက်ထဲကမုန်.တွေ မလုရုံတမယ် ဆွဲယူကြသည်။
ပြီးမှ ကျွန်တော်သတိရသွားတာက၊ ဘေးကကောင်မလေး…
“ပုံ.ပုံ. နင်ရော ဘာစားမလဲ… “ မေမေထဲ့ပေးလိုက်သော မုန်.ထုပ်ကြီးကို သူ.ရှေ.ထိုးပေးလိုက်သည်။
သူကလဲ ရှက်မနေ၊ အိုက်တင်များမနေဘဲ ရှမ်းမဆီးသီးထုပ်ကို ရွေးယူသည်။ ကျွန်တော်လဲ သူ.ကိုသဘောကျသွားသည်။ ဟုတ်တယ်လေ… သူငယ်ချင်းတွေ ခရီးသွားတာ ပဲများနေစရာမှ မလိုတာ။
ကျွန်တော်ကြိုက်တဲ့ Oishi ထုပ်ကို ယူပြီး၊ ကျန်တာတွေ ပြန်သိမ်းထားရင်း၊ သူငယ်ချင်းတွေ ရှေ.ခုံ၊ နောက်ခုံ အော်ဟစ် စကားပြောကြသည်။ ကားပေါ်ကလူတွေကတော့ ကျွန်တော်တို.ကို အမြင်ကတ်စွာနှင့် ကြည့်နေကြသည်။


မြေနီကုန်းရောက်ပြီ။

လူတင်၊ လူချလုပ်ပြီး ကားက ကြာကြာမရပ်ချေ။ ခက်တာက ဇာဇာနှင့် ဖြိုးက ဘယ်ရောက်နေမှန်းမသိ။ သူတို.၂ယောက်က လိုက်လဲလိုက်ဖက်လွန်းသည်။ ဘယ်တော့မဆို ချိန်းထားရင် နောက်ဆုံးမှ ရောက်တတ်သူတွေ။ ခုလဲ ကားချိန်ကိုမမှီ။ ဖုန်းခေါ်ရအောင်လဲ တစ်ယောက်မှ ဟန်းဖုန်းကိုင်နိုင်လောက်အောင် မချမ်းသာကြ။
ဒီတော့ ကျွန်တော်ကဘဲ…
“အားလုံးဘဲ ကျေးဇူးပြုပြီး နားထောင်ပေးကြပါ။ ကျွန်တော်တို.သူငယ်ချင်း ကားမမှီလို.၊ ကားထွက်သွားပြီဆိုတဲ့ အကြောင်းလေးပြောချင်လို. ဟမ်းဖုန်းပါရင် ခဏလောက်ငှားပေးပါလို. …. အဟဲ…”
ရယ်ဖြီးဖြီးနဲ့ ပြောနေသော ကျွန်တော့်ကို အားလုံးက ၀ိုင်းကြည့်သည်။ ငယ်သေးလို.လားမသိ ကျွန်တော် လုံးဝမရှက်..
“ ဒီက ဖုန်းကို ယူသုံး..” နောက်ဆုံးတန်းက အစ်ကိုတစ်ယောက်က သူ.ဟန်းဖုန်းလှမ်းပေးသည်။
“ကျေးဇူးပါအစ်ကို..”
“အေး… ပြီးရင်တော့ မင်းတို.ငြိမ်ကြတော့ကွာ.. တစ်ကားလုံး မင်းတို.အသံချည်းဘဲ..”
ထိုအစ်ကိုရဲ့ နောက်ဆက်တွဲစကားကြောင့် အားလုံး ရီလိုက်ကြသည်။ အခုမှာ ဗိုလ်တထောင်ကနေ မြေနီကုန်၇ှိသေးသည်၊ တစ်ကားလုံး ကျွန်တော်တို.အဖွဲ.ကို လန်.နေပြီထင်တယ်…
“အန်တီ ကျွန်တော် လင်းလင်းပါ၊ ဇာဇာနဲ့ ပြောချင်လို.၊
သြော်..အိမ်က ထွက်သွားကြပြီလား၊
ကားဂိတ်မှလဲ မတွေ.လို. လှမ်းမေးတာ..ကျေးဇူးပါ အန်တီ”
ဇာဇာ့အိမ်က ဇာဇာတို.၂ယောက်ထွက်သွားကြပြီဟုပြောသည်။ ဇာတ်လမ်းက ပြီးပြီ။ ဟို၂ကောင်ဘယ်ရောက်နေမှန်းမသိ။ ကားကလဲ ထွက်လာတာ ၈မိုင်နားရောက်နေပြီ။ မတတ်နိုင်တော့ စိတ်ဒုန်းဒုန်းချပြီး၊ ဟိုအစ်ကိုကို ဖုန်းပြန်ပေးကာ ကျေးဇူးတင်စကားထပ်ပြောသည်။ ပြီးတော့ ကတိအတိုင်း ငြိမ်ငြိမ်နေရင်း တိုးတိုး တိုးတိုးစကားပြောကြသည်။ ခဏနေတော့ ငြီးငွေ.လာကြပြီး ကိုယ့်ဘေးကလူသာ ကိုယ်ပြောကြတော့သည်။
“နင်က မူဆယ်ကနော်..” Oishi တစ်ဖတ် ပါးစပ်ထဲထည့်ဝါးရင်း ကျွန်တော် ပုံ.ပုံ.ကို မေးသည်။
“အေး… မနှစ်ကထိ မူဆယ်မှာ၊ ဒီနှစ်တော့ ရန်ကုန်ပြောင်းလာတယ်.. ငါက အီကိုတတ်နေတယ်..”
“သြော်.. ရွာသာကြီးကပေါ့” ကျွန်တော်က ပြုံးစစနဲ့မေးသည်။
“အင်း..” သူမ နှုတ်ခမ်းကို စူရင်းပြန်ဖြေသည်။
ဒီလိုပါဘဲ အီကိုက အလှဘုရင်မလေးတွေက သူတို.ကို ရွာသာကြီးကလားဟုတ်မေးရင် သိပ်မကြိုက်ချင်၊ ဟုတ်သည်လေ.. ရွာသာကြီးဆို အရူးထောင်လို.ဘဲ တွေးမိကြတာကိုး။
“နင်က သန်လျင် GTC ကနော်..”
“အေး… ငါတို.တစ်ဖွဲ.လုံး တူတူဘဲ”
ကျွန်တော်တို.၂ယောက် စကားစခဏပြတ်သွားသည်။ ပြီးမှ သူက
“နင့် မေမေ နင့်ကို လိုက်ပို.တာလား”
“အေး.. ဟုတ်တယ်။ မေမေက ငါ့ကို ဘယ်တော့မှ မယုံလို. သေချာတဲ့အထိလိုက်ပို.တာ”
သူမက ပြုံးရင်း “နင်က ဆိုးလို.နေမှာပေါ့”
“သူ့အတွက်တော့ ဟုတ်ရင် ဟုတ်မှာပေါ့၊ ငါ့အတွက်တော့ မဟုတ်ဘူး”
နှစ်ယောက်တူတူ မတိုင်ပင်ဘဲ ရယ်မိကြသည်။ ရယ်ရင်းကြည့်မိတော့…အိုး…သူမနှုတ်ခမ်းတွေတင်မဟုတ်၊ မျက်လုံးတွေကပါ ရယ်နေခြင်းဖြစ်သည်။ သူမမျက်ဝန်းလေးတွေက လှလိုက်တာ… တကယ်ပါဘဲ အီကိုကကောင်မလေးတွေ လှတာ ယုံသွားပြီ…
Xxx xxxxx xxx


Chapter 2

“ကဲ..အားလုံးဘဲ တောင်ခြေ ရောက်ပါပြီ…မနက်ဖန် ပြင်ဆင်းမယ့်သူတွေ ကား နေ့လည် ၁၁း၀၀ ပြန်ထွက်ပါမယ်။ တောင်ပေါ်မှာ ၂ညအိပ်မယ့်သူတွေရောဘဲ သန်ဘက်ခါ နေ့လည် ၁၁း၀၀ပါ။ ထမင်းဆိုင်ကို ၁၀း၀၀အရောက်လာခဲ့ကြပါ။ ကားနဲ့တတ်မယ့်သူတွေ ဂိတ်က မနက်၆နာရီမှဖွင့်မှာပါ။ ခြေကျင်တတ်မယ့်သူတွေအတွက်တော့ မီးတုတ်တွေ ညာဘက်ကဆိုင်မှာ ၀ယ်လို.ရပါတယ်” ကားစပယ်ယာက စကားရှည်စွာပြောရင်း ကားတံခါးဖွင့်ပေးသည်။
အားလုံး ကိုယ့်အထုပ်ကိုယ်ဆွဲပြီး အိပ်ချင်မူးတူးနှင့်ကားပေါ်ကဆင်းကြသည်။ ကျွန်တော် နာရီကို တစ်ချက်ကြည့်တော့ မနက်၂နာရီသာ ရှိသေးသည်။
ကားအောက်ရောက်တော့ အထုပ်လေးတွေချရင်း အပျင်းကြောဆန်.ကြသည်။
“၀ှား…အိပ်ချင်လိုက်တာ..” မိစံက အော်သည်။
သူသူကလဲ အားကျမခံ “ခါးတွေနာလိုက်တာ..”
“ကဲကဲ…ညည်းတွားမနေကြနဲ့ ငါတို.တွေ တောင်ပေါ်တတ်ဖို.လုပ်ရမယ်။ ဟိုကောင်ဖြိုးကလဲ မပါတော့ နင်တို.အထုပ်တွေ ငါလဲ မထမ်းနိုင်ဘူး၊ အထမ်းသမားခေါ်လိုက်မယ်။ ငါတို.ခြေလျင်ဘဲ တတ်မှာမဟုတ်လား”
“အေး..အထမ်းသမားခေါ်လိုက်…ခြေလျင်ဘဲတတ်မှာ.. မတတ်နိုင်တဲ့သူနေခဲ့” ကျွန်တော်က အ၀င်းကို ထောက်ခံရင်း၊ ဟိုကောင်တွေကို စိန်ခေါ်လိုက်သည်။
“အောင်မာ..နင်လို အမေကိုကပ်ချွဲနေတဲ့ ငပျော့ကတောင် ခြေလျင်တတ်ရင် ငါတို.က ဘာလို.မတတ်နိုင်ရမှာလဲ” သူသူက ထုံးစံအတိုင်း ပြန်စွာသည်။
ကျွန်တော်တို. တစ်ယောက်တစ်ပေါက်အော်နေကြတုန်း ပုံ.ပုံ.က ကျွန်တော်တို.ကို အထီးကျန်သော မျက်ဝန်းတွေနဲ့ ငေးကြည့်နေသည်။ ဟုတ်သားဘဲ..ကျွန်တော်တို. သူ.ကို မေ့နေသည်။
“ပုံ.ပုံ. အထုပ်ပေးရတော့မှာ..နင် အနွေးထည်ယူထားဦးလေ… တောင်ပေါ်မှာ ချမ်းတယ်” ကျွန်တော် စကားစရင်း အားပေးသောအကြည့်နှင့် ကြည့်ဖြစ်သည်။
“အေး… ငါအနွေးထည် အပါးလေးယူထားတယ်၊ ကျောပိုးအိတ်ထဲမှာ..တောင်တတ်ရင် ချွေးထွက်မှာဆိုတော့ သိပ်အေးမယ်မထင်ဘူး”
“သဘောဘဲ..ပြီးမှ ချမ်းတယ်မအော်နဲ့”
တောင်ဝှေးဆိုင်ပြေးပြီး အလုအယက်ဝယ်ကြသည်။ ပြီးတော့ သိုးမွေးဦးထုပ်ဆင်တူလေးတွေ။ အားလုံးရီရီမောမောနှင့် မနက်၃နာရီမှာ တောင်စတတ်ကြသည်။ တတ်တတ်ချင်း တတ်ကြွလွန်းကြသည်။ အပြေးပြိုင်ကြ၊ အော်ကြဟစ်ကြနှင့် တောင်ခြေမှာ ကျွန်တော်တို.အသံတွေ ဆူညံနေသည်။

မနက် ၉း၀၀ နာရီ..

နေထွက်ပြီ..ကျွန်တော်တို.လဲ မောဟိုက်နေကြပြီ.. တောင်ခြေမှာလို မရီမောနိုင်ကြတော့၊ အသံတွေတောင် ယဲ့ယဲ့ဘဲ ကျန်တော့သည်။ ဆိုင်းဘုတ်တွေကလဲ များလွန်းသည်။ ကျွန်တော်တို.အတွက်တော့ နေရာတိုင်းသည် ရွှေရင်ဆို.စခန်း ဖြစ်နေသလိုပင်…
လမ်းက ကွပ်ပျစ်ပေါ်မှာ ကျောပိုးအိတ်ပစ်ချပြီး အားရပါးရ ပက်လက်လှန်လှဲပစ်လိုက်သည်။ အသက်၀၀ရှူရင်း လေတွေကို မှုတ်ထုတ်ပစ်လိုက်သည်။ တစ်စုံတစ်ယောက်ကြည့်နေသလိုခံစားမိသည်။ ဘေးကိုငဲ့ကြည့်လိုက်တော့ ပုံ.ပုံ.နှင့် ကျွန်တော် မျက်ဝန်းဆုံမိသည်။ သူမ ရှက်ပြီးမျက်နှာလှည့်မသွားပါ။
ပြုံးရယ်လိုက်ပြီး.. “နင့်ပါးစပ်က အငွေ.တွေထွက်သွားတာကို ငါကြည့်နေတာ..”
“နင့်ပါးစပ်ကလဲ ထွက်တာဘဲ အခုစကားပြောတော့…” ကျွန်တော်လဲ ပြန်ပြောလိုက်သည်။
“အေးနော်… ရန်ကုန်မှာဆို အဲလိုလုပ်လို.မရဘူး…”
“အင်း..နင်တို.မူဆယ်မှာရော ရလား..”
“အေး…ရတယ်..မူဆယ်မှာလဲ အေးတယ်.. ဒါပေမယ့် အခု ကျိုက်ထီးရိုးက ပိုအေးသလိုဘဲ”
စကားပြောရင်း သူမအသက်ပြင်းပြင်းရှူပြီး ကျွန်တော်လုပ်သလို မှုတ်ထုတ်သည်။
သူမနှုတ်ခမ်းလေးတွေက သဘာဝအတိုင်းနီရဲပြီးလှနေသည်။ မနက်၉နာရီ နေရောင်ခြည်အောက်မှာ တောင်ပေါ်ဘုရင်မလေးတစ်ပါး ကျွန်တော့်နှလုံးသားကို ဖမ်းစားသွားပြီထင်သည်။
~~~ ~~~~


Chapter 3

ရေမြောင်ကြီး စခန်း….

ဒါ.. ကျွန်တော်တို. လမ်းတစ်ဝက်ကို ရောက်ကြပြီဆိုတဲ့သဘောပေါ့။ ရေမြောင်ကြီးရောက်တော့ နေ့လည်၁၁နာရီထိုးနေပြီ…
“လာကြ ထိုင်ကြ.. အမောဖြေဦး….ညီမလေးတို. ဘယ်အချိန်က တတ်လာကြလဲ” ဆိုင်ရှင်အစ်မက ရင်းရင်းနှီးနှီး ခေါ်ယူရင်းမေးသည်။
အိအိကဖြေသည် “ မနက် ၃နာရီက တတ်လာတာ..”
“မနက် ၃နာရီ..သူများတွေ ဒီအချိန်ဆို တောင်ပေါ်တောင် ရောက်ရော့မယ်.. ကလေးတွေကတော့ဟယ်…” အစ်မကြီးက အားမလိုအားမရပြောသည်။
“ဟိဟိ..ဟုတ်လား၊ ဒါကြောင့် လမ်းမှာ တူတူတတ်တဲ့သူတွေ မတွေ.ဘဲ လူသစ်တွေချည်း တွေ.တွေ.နေတော့  သမီးတို.ကို သူတို.မမှီဘူးထင်နေတာ…” မိစံက ရယ်ကျဲကျဲနှင့် ပြန်ဖြေသည်။
ဒီလိုနဲ့ ရေမြောင်ကြီးမှာ နေ့လည်စာစားရင်း အနားယူကြသည်။ ဇာဇာနဲ့ဖြိုးကိုလဲ သတိရကြသည်။ နေရာတကာ နောက်ကျတတ်တဲ့ ၂ကောင်၊ ခုတော့ တူတူမပျော်ရတော့ဘူးပေါ့။
~~~ ~~~
ဒီလိုနဲ့ တောင်ပေါ်ရောက်တော့ ညနေ ၄နာရီထိုးပြီ။ အထမ်းသမားတွေကတောင် အစ်မလေးတို. တည်းမယ့်ဟိုတယ်လွဲနေပြီထင်ပြီး ရင်ပြင်တော်ပေါ်သွားရှာတာ ၂ခေါက်ရှိပြီဟု ပြောကြသည်။
မနက်၃နာရီကစတတ်သော အဖွဲ. ညနေ၄နာရီမှ တောင်ပေါ်ရောက်သည်ဆိုတော့ သူတို.လဲ အံ့သြကြပေမပေါ့။ ကျွန်တော်တို.မှာတော့ လမ်းတောင် ကောင်းကောင်းမလျောက်နိုင်တော့။
Hotel အ၀င်ဝကိုရောက်တော့
“ ဟာ….ဇာဇာ… ဖြိုး…”
ဇာဇာနှင့်ဖြိုးက ရေမိုချိုးပြီးလို. ဟိုတယ် ၀ရံတာမှာ ထိုင်တောင်နေကြပြီ။ ကျွန်တော်တို.ကိုတွေ.တော့ စိတ်ဆိုးပြီး ထထွက်သွားကြသည်။
“နေပါဦးဟ…နင်တို.၂ယောက်က ဘယ်လိုကနေ ဘယ်လို…” အ၀င်းက မေးသည်။
“နင်တို.ကမှ မစောင့်တာ..ငါတို.လဲ ကားလက်မှတ်အသစ်ဝယ်ပြီး နောက်ကားနဲ့ လိုက်လာတာပေါ့၊ ခုလဲ တောင်ပေါ်ကို ကားနဲ့တတ်ပြီး ကြိုရောက်နေတာ။”
“သြော်..အဲလိုလား.. ငါတို.လဲ ကားဆရာကို စောင့်ခိုင်းပါတယ်…ဒါပေမယ့် သူက ၅မိနစ်ထက်ပိုမစောင့်ဘဲ မောင်းထွက်သွားလို.၊ ငလင်းတောင် နင့်အိမ်ကို ဖုန်းငှားပြီးခေါ်သေးတယ်.. နင်တို.ထွက်သွားပြီတဲ့..တော်သေးတာပေါ့ဟာ.. ငလင်းအမေ ဟိုတယ် Booking လုပ်ထားပေးလို.သာပေါ့.. မဟုတ်ရင် ဒီလူအုပ်နဲ့ ငါတို.တွေ တွေ.မှာတောင်မဟုတ်ဘူး..” အ၀င်းက ရှင်းပြသည်။
“မတွေ.လို.ရမလား..ငါတို.က ဂေါပကရုံးသွားပြီး နင်တို.နာမည်တန်းစီရွတ်ခိုင်းမှာပေါ့..” ဖြိုးက ပြန်ပြောသည်။
“ကဲ..ကဲ … စကားလေးတွေခဏရပ်မယ်.. ငါအရမ်းပင်ပန်းနေပြီ.. အခန်းသွားယူကြမယ်.. “  ကျွန်တော် စကားစကိုဖြတ်ရင် Reception ကိုသွားသည်။ အကုန်လုံးလဲ နောက်မှလိုက်လာကြသည်။
၂ယောက်ခန်းတွေချည်းဖြစ်သောကြောင့် ယောကျာ်းလေး၂ယောက်တစ်ခန်း၊ မိန်းကလေး၆ယောက်က ၂ယောက်တစ်ခန်းစီ။ ကျွန်တော်က သူတို.ကိုမေးမနေတော့ဘဲ…
 “ငါတို. အခန်း ၂၀၆ ရတယ်.. ငါတို.အခန်းက Balcony ပါတယ်တဲ့… View ပိုလှတယ်.. မြန်မြန်လာ ဟိုကောင်တွေလာလုလိမ့်မယ်..”  ပုံ.ပုံ.လက်ကိုဆွဲရင်း အခန်းဆီသို.ပြေးသည်။
ဟိုကောင်တွေ ခဏကြောင်ပြီး ဆူညံပွက်လောရိုက်ကာ ကျန်ခဲ့ပြီ။ ဟုတ်သည်လေ… Balcony က ဒီတစ်ခန်းဘဲပါတာ..း)


Chapter 4 - FINAL

အခန်းထဲရောက်တော့ မောလဲမောသလို ရင်လဲခုန်နေသည်။ ကုတင်၂လုံးက ဘေးချင်းယှဉ်လျက်။ ကျွန်တော့်ရင်ခုန်သံတွေ တော်တော်မြန်နေပြီ။ ကျွန်တော် ပုံမှန်မဟုတ်တာ ပုံ.ပုံ.လဲ သိနေသလိုပင်။
တိတ်ဆိတ်မှုကို သူမက စတင်ဖြိုခွဲလိုက်သည်..
“နင် ဘယ်အခြမ်းယူမှာလဲ..”
“ရေချိုးခန်းဘက်ခြမ်းယူမယ်.. ငါက ပြတင်းပေါက်နားမအိပ်ရဲဘူး..”
ကျွန်တော့်စကားဆုံးတော့ သူမရီသည်။ အိုး…သူမသွားလေးတွေက စီစီရီရီနှင့် လှလွန်းသည်။
“နင်ကလဲ နေတော့ ကောင်လေးပုံနဲ့ ကြောက်တတ်လိုက်တာ..အဲ..” သူမ အရီတစ်ဝက်နှင့်ပြောရင်း၊ ကျွန်တော့်မျက်ဝန်းတွေကို မြင်သွားသည်။ သူမစကားပြောရပ်သွားပြီး ကျွန်တော်တို. ၂ယောက် တစ်ယောက်ကို တစ်ယောက်ငေးကြည့်နေမိသည်။
တစ်မိနစ်
နှစ်မိနစ်….
“ဒုန်း..ဒုန်း..ဒုန်း..ရေမြန်မြန်ချိုးကြဟေ့… နောက် နာရီဝက်နေရင် ရင်ပြင်တော်ပေါ်တတ်မယ်..” အိအိအသံက တံခါးဝဆီမှ လျံထွက်လာသည်။
“ဒုန်း..ဒုန်း..ဟဲ့..ကြားကြလား…ငလင်းနဲ့ ပုံ.ပုံ.” တ့ခါးကိုထုရင်း ဆက်အော်သည်။
“အေးပါဟ.. ကြားပါတယ်…” ကျွန်တော်ပြန်အော်မှ
“ကြားရင်ပြီးရော… “ ဆိုကာ အိအိနောက်တစ်ခန်း ဆက်ထွက်သွားသည်။
ကျွန်တော်တို. ၂ယောက်ခေါင်းတွေငုံ.ပြီး ရှက်နေကြသည်။ ပြီးမှ ကျွန်တော်ကဘဲစပြီး…
“ပုံ.ရေအရင်ချိုးလိုက်လေ.. ကျွန်တော်ပြီးမှ ချိုးမယ်..”
“အင်းး…ပြီးရော..ပုံ.အရင်ချိုးလိုက်တော့မယ်…” ဆိုကာ ရေချိုးခန်းထဲ ပြေးဝင်သွားသည်။
ကျွန်တော်လဲ အိပ်ယာပေါ်လှဲချရင်း… ၀ှူး…ခုန်နေသော ရင်ဘတ်ကိုဖိရင်း လေပူတွေကို မှုတ်ထုတ်မိသည်။
ရေချိုးသံထဲက ရေကျသံကလဲ ကျွန်တော့်စိတ်ကိုအတောမသတ် လှုပ်ရှားနေစေပြန်ရော..
“ ငလင်း စိတ်ထိန်း စိတ်ထိန်း… အခုရောက်နေတာ ဘုရားရောက်နေတာ..” ကိုယ့်ကိုယ်ကို ပြန်သတိပေးနေရသည်။

~~~~ ~~~


ရင်ပြင်ပေါ်တတ်ဖို. မုခ်ဦအ၀ရောက်တော့ ကျွန်တော်ပြသနာတတ်သည်။ ထမီဝတ်ရမည်တဲ့။
ဟာ…မ၀တ်ချင်ပါဘူး။ လုံခြုံရေးကလဲ ထမီမ၀တ်လျှင်လုံးဝပေးမတတ်တဲ့။
ကျွန်တော်တို.၂ယောက် အခြေအတင်ဖြစ်နေကြသည်။ ကျွန်တော် ရင်ပြင်တော်ပေါ်မတတ်ဟု ဆုံးဖြတ်လိုက်ပြီး..
ထိုအချိန်တွင် ပုံ.က ကျွန်တော့်လက်မောင်းကို ကိုင်ပြီး၊
 ”၀တ်လိုက်ပါ လင်းရယ်.. နင်မပါတော့ ငါတို.တွေဘယ်ပျော်မှာလဲ..”
သူမစကားတစ်ခွန်းနဲ့တင် ကျွန်တော် စိတ်တွေကို လျော့ချလိုက်သည်။ လုံခြုံရေးကိုတော့ မကြည်ကြည့် ကြည့်ရင်း အိအိပေးတော့ ထမီကိုဆွဲပြီး ခေါင်းကနေစွပ်ချသည်။
“ဟဲ့…ဘုန်းတွေနိမ့်ကုန်တော့မှာဘဲ..” အိအိကအော်သည်။
ကျွန်တော်မကြားချင်ယောင်ဆောင်ပြီး၊ လှေကားထစ်တွေ ပြေးတတ်လာခဲ့သည်။


ဘယ်သူ.ကိုမှလဲ စကားမပြောချင်၊ အထူးသဖြင့် အခုလိုပုံစံနဲ့ ပုံ.ပုံ.ကို မတွေ.ချင်… ကျွန်တော် ရှက်နေမိသည်။ တခုခုကိုလဲ စိတ်နာနေသည်။ ဘာရယ်လဲ သေချာမသိ..

ရင်ပြင်တော်ပေါ်ရောက်တော့ ဘုရားရှခိုး ဆီမီးကပ်ပြီး၊ စိတ်တွေ နဲနဲကြည်လင်စပြုလာသည်။ ကျိုက်ထီးရိုးစေတီရဲ့ ရွှေရောင်ဝင်းနေသော ကျောက်လုံးတော်က စိတ်ထဲက နောက်ကျိမှုတွေကို သက်သာစေသည်။ ယောက်ျားလေးတွေ ဘုရားဆီသွားပြီး ရွှေသင်္ကန်းကပ်နေချိန် ကိုယ့်ကိုယ်ကို အားငယ်မိသည်။ 

“လင်း… ဆီမီးကူထွန်းပေးပါဦး…” ပုံ.ပုံ.က လှမ်းအကူအညီတောင်းသည်။
ဟုတ်တာပေါ့ ဒီနေ့က နှစ်သစ်ကူးညဆိုတော့ ရင်ပြင်တော်ပေါ်မှာ ဆီမီးထွန်းသူတွေ ပြည့်လျံနေသည်။ ဒီတော့ ဆီမီးခွက်နေရာတွေကလဲ အပြည့်။ ကျန်နေသောနေရာက ခပ်လှမ်းလှမ်းမှာ၊ ထိုနေရာကို သူမရဲ့ ရှည်လျားသောဆံပင်တွေနဲ့ ဘယ်လိုမှ ကုန်းပြီးထွန်းလို.မရ၊ ထို.အပြင် မီးတွေကလဲ ပူလွန်းသည်… ကျွန်တော်ခပ်မြန်မြန်သွာြး့ပီး.. သူမဖယောင်းတိုင်ထုပ်ကို လှမ်းယူလိုက်သည်။
သူမအတွက် ဖယောင်းတိုင်လေးတွေကို မီးအပူခံကာ သေသေချာချာ လှလှပပစီရီပြီးထွန်းပေးသည်။
ဆီမီးထွန်းပေးပြီးတော့ ရင်ထဲမှာပျော်နေသည်။ ၂ယောက်တူတူဘုရားကို လက်အုပ်ချီကန်တော့ရင်း ကျွန်တော့်နှုတ်ခမ်းတွေ ပြုံးနေတာကို သတိထားမိသည်။ ဘာရယ်မဟုတ်…သာမန်ကောင်မလေးတစ်ယောက် မလုပ်နိုင်တာကို ကျွန်တော်လုပ်နိုင်ခဲ့လို.။ သူမကလဲ ကျွန်တော်ထွန်းပေးတဲ့ ဆီမီးလေးကို ပြုံးပြီးကြည့်နေသည်။ ပြီးတော့ ကျွန်တော်တို.၂ယောက် မျက်ဝန်းတွေဆုံမိကြပြန်သည်။

 ဒီတစ်ခါတော့ တစ်ယောက်ကို တစ်ယောက် နားလည်မှုပြည့်သော အကြည့်တွေနှင့်။
ထိုအချိန်တွင်တော့ ရင်ပြင်တော်အောက်ဘက် စားသောက်ဆိုင်တန်းမှ မီးရှူးမီးပန်းအချို.မြင်လိုက်ရသည်။
လူတွေအားလုံးနှင့်အတူ သူမလက်ကိုဆုပ်ကိုင်ရင်း ပျော်ရွှင်စွာ ကြွေးကြော်လိုက်သည်။

HAPPY NEW YEAR!!!!!


The End…

ကျောင်းပုံပြင် (စ-ဆုံး)


ဒီလိုစာတွေမဖတ်ချင်ဘူးဆိုတဲ့ အစ်မတွေကို တောင်းပန်ပါတယ်... မရေးရမနေနိုင်လို. ရေးမိတာပါဗျာ...ဟီးဟီး...း))

xxx xxx xxxx

Chapter 1

သော်သော်.. POV

“မောင်… ၂ယောက်သား ခဏတွေ.ရတဲ့ အချိန်လေးကို ဘာလို. အဲဒီစာအုပ်တွေကိုဘဲ သဲကြီးမည်းကြီးဖတ်နေရတာလဲ..”
“ဆောရီး သဲ… ကိုယ်ဒီစာအုပ်ကို မနက်ကတည်းက ဖတ်နေတာ ဇာတ်သိမ်းလေးသိချင်လို.၊ ခဏလေးပါကွာ..”
“ဒီကတော့ အိမ်က လူကြီးတွေမသိအောင် မနက်ကတည်းက ကျူရှင်သွားမယ်ဆိုပြီး ခိုးထွက်လာရတာ၊ စားစေချင်လို. မနက်အစောကြီးထ ထမင်းဟင်းတွေ အပင်ပန်းခံချက်လာတယ်.. သူကတော့ တစ်စက်လေးတောင် ဂရုစိုက်ဖော်မရဘဲ သူ.စာအုပ်တွေ အသဲအသန်ဖတ်နေတယ်.. ရည်းစားနဲ့ ချိန်းတွေ.တာ ဘာလို. စာအုပ်တွေသယ်လာလဲ…”
မနေ့ညကမှ စာအုပ်ဆိုင်က ငှားလာတဲ့ တာရာမင်းဝေစာအုပ်လေး သေချာဖတ်ချင်ပါတယ်ဆိုမှ ချစ်သူမရွှေချောက တဂျီဂျီနဲ့ ဂျစ်တိုက်နေလေပြီ…
“အေးပါကွာ…ကိုယ် ဆက်မဖတ်တော့ပါဘူး၊ သဲမျက်နှာလေးဘဲ ထိုင်ကြည့်တော့မယ်..”
“တော်ပါ..ခုမှ” မျက်စောင်းထိုးရင်း ကျေနပ်ပြုံးလေးတချို. သူမမျက်နှာမှာ တွေ.လိုက်ရသည်။
ဒီလိုဆိုတော့လဲ ကျွန်တော့် ချစ်သူက ချစ်စရာကောင်းသွားပြန်သည်။
သူနဲ့ ကျွန်တော်ချစ်ခဲ့ကြတာ  ၃နှစ်နီးပါးရှိခဲ့ပြီ။ ဘာပြသနာမှ ကြီးကြီးကျယ်ကျယ် မရှိခဲ့ဖူး။ အဓိက ကတော့ သူမက ကျွန်တော့်ကို အရမ်းချစ်သည်။

ကျွန်တော်ကရော…
ချစ်ပါသည်လို.ဘဲ ပြောရမှာပေါ့။ ချစ်လွန်းလို.ဘဲ ကျွန်တော်တို. ကျောင်းက အချောဆုံး အလှဘုရင်မလေး သဲနု ကို မရရအောင် ပိုးထားရတာလေ…
သဲနုက ချောသည်ဆိုတာထက်ပိုနိုင်သည်။ ကျောင်းမှာ သူ.ကိုလိုချင်လို. ၀ိုင်းဝိုင်းလည်နေသော ယောကျာ်းတွေ ဒုနဲ့ဒေး။ သူမကလဲ တော်ရုံတန်ရုံယောကျာ်းကို အထင်မကြီးတတ်သူ။ ရည်းစားတစ်ခါမှလဲ မထားဖူးသော၊ အရမ်းချောလွန်းလို. ယောက်ျားတကာ ၀ိုင်းအုံနေသော ကောင်မလေးက သော်သော်ဆိုတဲ့ ယောက်ျားရှာလေးကိုကျမှ ရူးရူးမူးမူးချစ်မိသွားတယ်ဆို ခင်ဗျားတို.ယုံမလား။
အမှန်တော့ ကျွန်တော်ကလဲ ခေသူမဟုတ်ပါဘူး။ ၈တန်းကျောင်းသူဘ၀လောက်ကတည်းက အချစ်တော်ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်နေခဲ့တဲ့ Tomboy တစ်ယောက်ဘဲလေ။ အခုလို University ရောက်တော့ ပိုကဲလို.ကောင်းသည်ပေါ့။ ဒီလိုနဲ့ဘဲ ကျောင်းသား၊ ကျောင်းသူတွေကြားမှာ နာမည်ကြီးလွန်းတဲ့ သဲနု ကိုတွေ.တော့ ကျွန်တော်လဲ ရင်ခုန်တာပေါ့။
ကံကောင်းတယ်ပြောရမလား၊ ကျွန်တော်က မိန်းကလေးဖြစ်နေခဲ့တော့ သူမကို ၀င်ကပ်ရတာ သာမန်ယောကျာ်းလေးတွေထပ်တော့ လွယ်ကူခဲ့တယ်လေ။ အထူးသဖြင့် ကျောင်းမှာ သူမအတွက် အရင်းနှီးဆုံးဆိုတဲ့ သူငယ်ချင်း တစ်ယောက်မှ မရှိခဲ့လေတော့၊ ကျွန်တော်က အဲဒီရာထူးကို အလွယ်တကူ ဆွတ်ခူးခဲ့နိုင်တာပေါ့။
ဒီလိုနဲ့ဘဲ တစ်ဆင့်တတ်ပြီး၊ ကျွန်တော်တို.၂ယောက် ချစ်သူတွေဖြစ်ခဲ့ကြသည်။

“မောင်… သဲ စကားပြောနေတာကို နားမထောင်ဘဲ ဘာတွေတွေးပြီး ပြုံးနေပြန်ပြီလဲ”
“အာ… မဟုတ်ပါဘူး.. သဲ နဲ့ မောင် နဲ့ စတွေ.တုန်းက အချိန်တွေကို သတိရပြီး ပြန်တွေးနေတာ”
“အမယ်…ဟုတ်လို.လား။ ယုံပါဘူး”
“မညာပါဘူးကွာ။ ကိုယ့်မိန်းမက ချစ်စရာကောင်းလွန်းလို. ဘယ်ကစချစ်ရမလဲ တွေးနေတာ”
ပြောရင်းဆိုရင်း သဲ ကိုပွေ.ချီကာ၊ အိပ်ယာပေါ်တင်လိုက်သည်။

“မောင်နော်..မဆိုးနဲ့ကွာ.. နေ့လည်စာ သွားစားချေ..”
“နေ့လည်စာက ဘယ်အချိန်စားစားရတယ်.. ညနေ ကျူရှင်ပြန်ချိန်မရောက်ခင် အရင်ဆုံး…….”
“မရဘူးကွာ…သဲကို အဲလို အနိုင်မကျင့်နဲ့…လုံးဝမကြိုက်ဘူး.. မောင်နော်… အဲဒါကိုတော့ အလိုမလိုက်နိုင်ဘူး…”
“ဟာကွာ…သဲကလဲ ပြောတော့ ချစ်တယ်ဆိုပြီး…”
“ချစ်တယ်လေ… ဒါပေမယ့် သဲတို. အဲဒီလောက်ထိ နယ်မကျွံသင့်ဘူးလေကွယ်..”
“အာ…မသိတော့ဘူးကွာ… နေ့လည်စာသွားစားတော့မယ်..”
ထိုနေ့က သဲကို ကျွန်တော် စိတ်ကောက်ပလိုက်သည်။ အမှန်တော့ အဲလို စိတ်ကောက်ရတဲ့ နေ့တွေများနေပါပြီ။ ဒါကို သဲကလည်း မသိချင်ယောင်ဆောင်ပြီး ဘယ်တော့မှ အလျော့မပေး။ နောက်ဆုံးတော့ ကျွန်တော်ဘဲ အရှုံးပေးလိုက်ရတာလေ…

Xxxx xxx

Chapter 2

သော်သော်.. POV

“မောင်… ဒီဖုန်းထဲက မက်ဆေ့ခ်ျတွေက ဘယ်သူနဲ့ ပို.ထားတာလဲ” သဲ မျက်ရည်ဝဲရင်းမေးသည်။
“အော်…သဲ ကလဲ..စိတ်ပူတတ်ရန်ကော.. မင်းရည်းစားက ဖိုးစွံလေကွာ..ကိုယ့်ကို ကြိုက်နေတဲ့ အတန်းထဲက ကောင်မလေး တစ်ယောက်ပါကွာ..”
“မောင်ရယ်..ဟုတ်ကော ဟုတ်ရဲ့လား.. သဲကို ပစ်မသွားပါနဲ့နော်..”
“စိတ်ချ.. ကိုယ့်မိန်းမကို ပစ်စရာလား၊ ဟိုကောင်မလေးတွေက ဖွဲ၊ ဇကွဲ…”
သဲ ကျွန်တော့်ကို ယုံမှာမဟုတ်ပါ။ ကျွန်တော်ကလဲ ကျွန်တော်ပါဘဲ၊ ရည်းစားများရတာကို သဘောကျသည်။ အထူးသဖြင့် မိန်းကလေးတွေ အများကြီးနဲ့ တွဲရတာကို ဂုဏ်ယူသည်။ သူငယ်ချင်းတွေကြားမှာ ဖိုးစွံဆိုပြီး ကြွားချင်သည်။ အထူးသဖြင့် ယောကျာ်းလေး သူငယ်ချင်းတွေကို မင်းတို. ငါ့လောက်တောင် အဖြစ်မရှိဟု လက်ခမောင်းခတ်ချင်သည်။
သဲကိုလဲ တခါတခါ အရမ်းချစ်ပြီး၊ တခါတခါတော့ ချစ်ရတာ ပျင်းသည်။ အထူးသဖြင့် ကျွန်တော် လိုချင်တာ မရချိန်တွေဆို တော်တော် စိတ်ကုန်မိသည်။ ဒါပေမယ့် ၃နှစ်တောင် တွဲခဲ့ကြတဲ့ သံယောဇဉ်ဆိုတာကလဲ နည်းနည်းနောနော မဟုတ်ဘူးလေ စိတ်ကုန်တယ် စိတ်ပျက်တယ်အော်ပြီးလဲ ဆက်ချစ်နေသေးတာဘဲ… သူမက ကျောင်းရဲ့ နာမည်ကြီးတစ်ယောက်ဖြစ်နေတာလဲ ပါတာပေါ့လေ..

~~~~~  ~~~

“သဲ…. အ၀တ်လဲတော့လေကွာ.. ဒီချိန်ထိ အဆင်သင့်မဖြစ်သေးဘူးလား”
“မောင်… သဲ Night Club ဆိုတာ မသွားရဲဘူး.. တခါမှလဲ မရောက်ဖူးဘူး…”
“အာ… မရဘူး… သဲ ပြောတော့ မောင် Club ကို သွားသွားနေတာ ..စိတ်မချဘူးဆို.. သဲကိုယ်တိုင် လိုက်ခဲ့လေ..”
“မောင်ကို ယုံပါတယ်..ကောင်မလေးတွေကိုဘဲ မယုံတာ..”
“တော်ကွာ..စကားများမနေနဲ့ ခုချက်ချင်း အ၀တ်လဲ.. ၁၅မိနစ် အချိန်ပေးမယ်..
ဒါနဲ့… တီရှပ်နဲ့ ဂျင်း ပုံတုံးတုံးကြီး ၀တ်မလာနဲ့နော်… ကိုယ်ချစ်သူကို ကြွားရဦးမှာ… လန်းလန်းလေး ၀တ်ခဲ့.”
ကျွန်တော်က တခါတခါ အဲလိုဘဲ ကိုယ့်ဇာတ်လဲ ကိုယ်မနိုင်ဘဲ သဲကို အနိုင်ကျင့်တတ်တယ်.. အမှန်တော့ Club မှာ ဂျူးဂျူးဆိုတဲ့ နောက်ကောင်မလေးတစ်ယောက်က စောင့်နေတာ… ဘာလို.ရယ်မသိ သဲကို အနိုင်ကျင့်ချင်တာနဲ့ အတင်း Club ခေါ်သွားခဲ့သည်။


သဲနု POV

PINK NEON

Night Club အ၀င်ဝမှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်ကို ကြည့်ရင်း သဲနုတစ်ယောက် ၀င်ရမှာ လန်.နေသည်။
မောင့်ကို ချစ်လွန်းလို. လိုက်လာခဲ့ရပေမယ့် ဒီလိုနေရာကို လာဖို. အိပ်မက်တောင် မမက်ဖူး…
“သဲ…မြန်မြန်လာလေကွာ..နောက်လူတွေ ၀င်ဖို.စောင့်နေတယ်”
Security အမျိုးသား ၂ယောက်ရဲ့ မျက်လုံးတွေက ကြည့်နေလိုက်တာ လူကို စားမတတ်ဝါးမတတ်..
“မ၀င်ချင်တော့ဘူး”
“Shit.. ဘာဖြစ်ရပြန်တာလဲကွာ….ကိုယ် ၀င်ကြေးပေးပြီးပြီကွ.. မင်းမလိုက်ချင်လဲ ကိုယ်ပြန်လိုက်ပို.မှာ မဟုတ်ဘူး.. ဒီကနေ တစ်ယောက်ထဲ ပြန်ရဲရင်တော့ သဘောဘဲ”
မောင့်စကားတွေက ရင့်လိုက်တာ… သူစိတ်ဆိုးသွားပြီထင်တယ်.. သဲချစ်သူက တခါတခါ စိတ်ဆက်လွန်းတယ်..
“ Sorry မောင်… သဲလိုက်ခဲ့မယ်.. “
“ပြီးရော…” စကားကို ခပ်ပြတ်ပြတ်ပြောရင်း သဲလက်ကို ဆောင့်ဆွဲကာ Club ထဲသို. ၀င်ကြသည်…

~~~

“~~ အိုးလေး လှုပ်ပါဟေ့…ရေအိုးလေးလှုပ်ပါဟေ့…~~ 

ကောင်မလေးတွေ… ~~”

Club ထဲမှာ စိုင်းစိုင်းရဲ့ သီချင်းအချို.က မြူးကြွနေသည်… မှောင်တစ်ဝက် လင်းတစ်ဝက်ဖြစ်နေတဲ့ Disco မီးရောင်အချို.က စိတ်ကိုတော့ လှုပ်ရှားတတ်ကြွစေသား…
ခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့ မောင့်ရဲ့လက်က သဲကြောက်စိတ်တွေကို ဖယ်ထုတ်ပေးနိုင်စွမ်း၇ှိတယ်လေ...
Club ထဲမှာ လူငယ်တွေ တော်တော်များသည်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အေးအေးဆေးဆေးဘဲ စကားပြောနေကြသည်။ ဘယ်သူ.ဘယ်သူမှလဲ နှောင့်ယှက်ချင်း မတွေ.ရပါ။ သဲ နဲနဲတော့ စိတ်အေးရသည်။
“သဲ… ဘာသောက်မလဲ..”
“လိမော်ရည် သောက်မယ်..”
“အာ.. ချစ်သူကလဲ လုပ်ပြန်ပြီကွာ.. Club လာပြီး လိမော်ရည်သောက်ရတယ်လို. Vodka လောက်တော့ နဲနဲရောပါ..”
“မလုပ်ပါနဲ့ မောင်ရယ်.. သဲ တစ်ခါမှ အရက်မသောက်ဖူးဘူး… အမေတို. သိရင်လဲ သတ်လိမ့်မယ်…”
“Ok OK….ကိုယ်ချစ်သူလေး သဘော…”
“အစ်ကိုရေ… လိမော်ရည်တစ်ခွက်.. ကျွဲရိုင်းနဲ့ vodka ရော တစ်ခွက်..” ကောင်တာကို မောင် သောက်စရာမှာနေတာ ငေးကြည့်နေမိသည်…
သဲချစ်သူက သိပ်ကြည့်ကောင်းတာဘဲ…ယောက်ျားလေးလို. နေတော့လဲ အရမ်းဆွဲဆောင်မှု ရှိသလို.. မိန်းကလေးလိုနေရင်လဲ ချစ်စရာကောင်းတဲ့ ကောင်မလေးဖြစ်နိုင်သည်..
“ဟိတ်…ဘာငေးနေတာလဲ…” ရုတ်တရက် မောင် ကစလိုက်တော့ သဲနဲနဲရှက်သွားသည်။
“မောင်ကချောလို. ကြည့်နေတာ…”
“ဟားဟား… ငါ့မိန်းမက မြှောက်နေပြန်ပြီ… “ မောင်က ခပ်ကျယ်ကျယ်ရယ်ရင်း သူမကို ဖက်နမ်းသည်… လူမြင်ကွင်းမှာ အဲလို တခါမှ အနမ်းမခံဖူးတော့ တော်တော် ရှက်မိသည်…
“မောင်ကလဲ… အဲလိုမလုပ်နဲ့ မကြိုက်ဘူး”
“ဘာဖြစ်ရပြန်တာလဲကွာ….”
“လူတွေကြားထဲမှာ သဲကို အဲလိုမလုပ်နဲ့..မကြိုက်ဘူး..”
“အော်..မင်းက လူတွေကြားထဲ မိန်းမချင်းနမ်းခံရလို. ရှက်တယ်ပေါ့”
“ဟာ..ဘာမှလဲ မဆိုင်ဘူး… မိန်းမချင်းနမ်းခံရလို. ရှက်တာမဟုတ်ပါဘူး… လူတွေကြားထဲ မို.လို.ပါ..”
“တော်စမ်းပါကွာ… မင်း လူတွေရှေ.မှာ ငါနဲ့တွဲရတာ ရှက်နေတာ မဟုတ်လား…” မောင် မူးပြီး စွတ်အော်သည်။
တချို.လူတွေက သဲတို.၂ယောက်ကို ကွက်ကြည့် ကွက်ကြည့်လုပ်နေကြသည်။

ထိုအချိန်တွင်…
“honey, I miss you..”
အနီနဲ့ အနက်ရောင် ခပ်ကျပ်ကျပ် ၀တ်စုံကို ၀တ်ထားပြီး၊ ဆံပင် ရွှေရောင်ဆိုးထားပြီး အရမ်းလှသည်ဟု ပြောလို.ရတဲ့ မိန်းမတစ်ယောက်…
မောင့်ပခုံးပေါ် လက်၂ဖက်တင်ပြီး၊ မျက်နှာချင်းဆိုင်အနေအထားကို သူမဘက်လှည့်ယူသွားသည်။ ပြီးတော့ သူမနှုတ်ခမ်းတွေက သဲ တမြတ်တနိုးထိတွေ.ခဲ့ဖူးသော နှုတ်ခမ်းအစုံသို.
“မောင်…ဘာတွေဖြစ်ကုန်တာလဲ…” သဲ… တုန်ရီစွာမေးမိသည်…
တချိန်တည်းမှာပင် “Honey, သူက ဘယ်သူလဲ…” သဲချစ်သူကို ပိုင်စိုးပိုင်နင်း ပွေ.ဖက်ထားသော ထိုအမျိုးသမီးကမေးသည်..
မောင်က ခပ်အေးအေးပင် …”ဒါက သဲနု… ကိုယ့်ချစ်သူလေ.. “ “သဲ..ဒါက ဂျူးဂျူး…သူက ကိုယ့်ရဲ့ Partner..”
“ဘာ.. Partner..”
“Sorry သဲ…ဒီစကားလုံးက သဲအတွက်တော့ နားအ၀င် သိပ်လှဦးမှာမဟုတ်ဘူး.. သေချာတာကတော့ သူက မင်းမပေးချင်တာတွေ ကိုယ့်ကိုပေးတယ်… “
“ံHoney, မင်းချစ်သူက ယုန်လေးနဲ့ တူတယ်နော်…” ဂျူးဂျူးက မူးမူးနှင့် သဲဆံပင်ဖြောင့်ဖြောင့်လေးတွေကို ဆော့ကစားရင်း မှတ်ချက်ချနေသည်။
“မောင်” သဲဘာမှ မပြောတတ်တော့.. တယုတယချစ်တတ်တဲ့ အလိုမကျရင် စိတ်ကောက်တတ်တဲ့ ချစ်သူမှာ Partner လို.ခေါ်တဲ့ အခြားမိန်းမတစ်ယောက်ရှိနေတယ်တဲ့… မိဘတွေကို ဆန်.ကျင်ပြီး၊ အရမ်းချစ်ခဲ့ရတဲ့ ချစ်သူက အခုတော့ သူ.ရှေ.က မိန်းမနဲ့ ရင်ချင်းအပ်ပွေ.ဖက်နေကြတယ်….. မျက်ဝန်းထဲက မျက်ရည်တွေ ပါးပေါ် တရစပ်ကျလာမှာ ငါငိုနေမိပါလားလို. သတိထားမိတယ်… မောင်ကတော့ ထိုအမျိုးသမီး ခေါ်ဆောင်ရာနောက်သို. တရွေ.ရွေ.
~~~ ~~~

Chapter 3

သော်သော်.. POV

အိပ်ယာကနိုးတော့ ခေါင်းတွေပူုပြီး ကိုက်နေသည်.. ရင်ခွင်ထဲမှာ အိပ်နေသော ဂျူးဂျူးက လွန့်လူးရင်း နိုးလာသည်။
“Good Morning Honey… “ ဂျူးဂျူးအထိအတွေ.က သာမန်အချိန်မှာ မက်လောက်စရာဖြစ်နိုင်ပေမယ့် အိပ်ယာနိုးစ ခေါင်းကိုက်နေသည့်အချိန်မှာတော့ ဘယ်လိုမှ သာယာမှုမပေး..
“သွားစမ်းပါကွာ…” ဂျူးဂျူးကို တွန်းထုတ်ရင်း ရေချိုးခန်းဖက်ထွက်လာခဲ့သည်။
မျက်နှာသစ်ရင်းမှ ရုတ်တရက် သတိရမိသည်… “သဲ…”
မနေ့ညက သဲနှင့် Club မှာ ပြသနာတတ်ရင်း၊ သဲအိမ်ပြန်သွားတာကို မသိလိုက်… သိသိချင်းလိုက်ဖို. ကြိုးစားပေမယ့် လူကလဲ မူးနေတော့ ကိုယ့်ဘာသာတောင် မထိန်းနိုင်..
“အား… ငါ့ချစ်သူ စိတ်ဆိုးနေတော့မှာဘဲ… “ ကိုယ့်ဘာသာ ကျိန်ဆဲရင်း ရေမြန်မြန်ချိုးကာ ချစ်သူကိုချော့ဖို. စကားတွေ စီနေမိသည်…
Xxx xxxx xx

သဲနု POV

“သဲ..မနေ့ညက ဆောရီးကွာ.. ကိုယ်နဲနဲမူးသွားလို. သဲအိမ်ပြန်သွားတာတောင် မသိလိုက်ဘူး…”
ဖုန်းစကိုင်ကိုင်ချင်း မောင်ပြာပြာသလဲ ဖြေရှင်းချက်ထုတ်သည်။
“သဲလေး.. မောင့်ကို စိတ်ဆိုးနေတာလား..ဘာလို. စကားပြန်မပြောတာလဲ.. ညက အိမ်ကို ချောချောမွေ.မွေ.ပြန်ရောက်ရဲ့လား”
“မောင်..”
“အင်း..ပြောလေ ကလေး..” ဒီလိုပါဘဲ မောင်က သူမကို စကားလုံးမျိုးစုံနဲ့ တင်စားခေါ်ဝေါ်တတ်သည်။ ဒါပေမယ့် မနေ့ညက Partner ဆိုတဲ့ စကားလုံးဆန်းကတော့ ကျွန်မနားမှာ ခါးသက်နေသေးသည်။
“ကျွန်မတို. လမ်းခွဲရအောင်…”
“ဟာကွာ…သဲကလဲ အဲလိုမပြောပါနဲ့… မနေ့ညက မောင် တကယ်မူးသွားလို.ပါ… “
“သဲ မောင့်ကို မယုံချင်တော့ဘူး… “
“….. ….” မောင့်ဘက်က အသံတိတ်သွားသည်။
ခဏနေတော့… “မင်းသဘောဘဲလေ..”
မောင်ဘက်က ဖုန်းအရင်ချသွားသည်။
အဲလောက်တောင် လွယ်သလားမောင်… ကျွန်မတို.၂ယောက် လမ်းခွဲဖို. ပြောတဲ့စကားက အဲလောက်တောင် တိုတောင်းလွန်းသတဲ့လား…
တယ်လီဖုန်းကို ကိုင်ရင်း ငိုမိသည်… သဲနုဘ၀မှာ သော်သော်ဆိုတဲ့ ချစ်သူ အရည်ပျော်သွားအောင် ငိုမိလိုက်သည်… တော်ပါပြီ…အချစ်ဆိုတာ ….
~~~ ~~~


သော်သော်.. POV

အမှန်တော့ ကျွန်တော် ဖုန်းမချလိုက်သင့်… ခက်တာက အရမ်းချစ်တတ်တဲ့ အမြဲအလျော့ပေးတတ်တဲ့ ချစ်သူက ဒီလိုလမ်းခွဲစကားပြောတော့ နဲနဲတော့ စိတ်ဆိုးမိသည်။
ကျွန်တော် ကောင်မလေးတွေအများကြီးနဲ့ တွဲတာ သူသိနေတာဘဲ.. ဒါပေမယ့် သူမက ကျွန်တော့်အချစ်ဆုံးဆိုတာ သူမကိုယ်တိုင်ရော ပတ်ဝန်းကျင်တခုလုံးကရော သိနေကြတာဘဲလေ…
သူမဖုန်းပြန်ခေါ်မလားလို. တယ်လီဖုန်းကို အနားမှာချရင်း စောင့်နေမိသည်။ စိတ်ထဲကလဲ ဖုန်းပြန်ခေါ်ပါ ဖုန်းပြန်ခေါ်ပါဟုတ် အကြိမ်တစ်ထောင်လောက် ရေရွတ်မိသည်။
ကျွန်တော်ပြန်ခေါ်လိုက်ရမလားလို့တွေးပြီး ခဏခဏ ဖုန်းကိုင်မိပေမယ့် အမြဲအနိုင်ယူနေကျသူရဲ့ အလျော့မပေးချင်တဲ့မာနက ကျွန်တော့်ကို ဖုန်းပြန်မခေါ်ဖို. တွန်းအားပေးနေသည်….
Xxxx xxxx



Chapter 4

သဲနု POV


နောက်နေ့တွေ ကျောင်းမှာ မောင့်ကို ကောင်မလေး အသစ်တွေနှင့်တွေ.သည်။ ကောင်မလေးတွေလို. ပြောရချင်းမှာ ကောင်မလေးတစ်ယောက်တည်းနဲ့ မောင်အတည်တကျ တွဲခြင်းမဟုတ်.. ကောင်မလေးတွေများစွာနှင့်….
သဲနု မောင့်ကို ကွယ်ရာမှ ခိုးကြည့်ရင်း…သက်ပြင်းအခါခါ ချမိသည်။
ဒီလိုနှင့် ရက်တွေ လတွေ ပြောင်းလဲလာခဲ့ပြီ…. မောင် နှင့် သူမ တစိမ်းပြင်ပြင်ဖြစ်ခဲ့သည်..
စာမေးပွဲကြီးနီးလာပြီ…
“သဲနုရေ.. နင် EMC တွေပိုင်ပြီလား.. ငါကတော့ Digital နဲ့ Analog ကို ရောနေတုန်း..” သူငယ်ချင်း ယုဝါက မေးသည်။
“အေး… ငါလဲ မေဂျာတွေကို ကြောက်ပြီးကြည့်ခဲ့လိုလားမသိဘူး…ခု မိုင်နာဘာသာတွေက ပြသနာတတ်နေတယ်..”
“ဟဲ့..နင့်ကောင်မလေး သော်သော်တောင် Civil က Queen နဲ့ တွဲနေတယ်တဲ့…”
“သူ့ဘာသာ ဘယ်သူနဲ့ တွဲတွဲပေါ့ဟယ်… ငါစိတ်မ၀င်စားဘူး…” ယုဝါကို ပြန်ဖြေရင်း သူမနှလုံးသားတစ်ချက်ကျင်သွားတာကို မသိချင်ယောင်ဆောင်လိုက်သည်။


သော်သော်.. POV

သူမကို စိတ်ဆိုးပြီး ကောင်မလေးတွေ အများကြီးနှင့် တွဲပြသည်။ အမှန်တော့ ကျွန်တော့် စိတ်တွေလေနေသည်။ အမြဲတတွဲတွဲ ရှိခဲ့သည့် ချစ်သူ၂ဦး.. အခုလို ပြတ်ပြတ်စဲစဲတွေ.တော့ အရမ်းမနာလိုဖြစ်ခဲ့ဖူးသည့် သူငယ်ချင်းတွေကတောင် ကျွန်တော့်ကို ပြန်တောင်းပန်ဖို. ပြောနေကြပြီ…
ခက်တာက ကောင်မလေးရယ်… ငါမာနတွေ မချချင်သေးဘူး…. မင်းဘာလို. ငါ့ဆီပြန်မလာတာလဲ…
အရင်လို ငါ့ကိုလွမ်းပြီး မငိုတော့ဘူးလား….
~~~ ~~~

သဲနု POV

စာမေးပွဲဖြေပြီ…
ကံဆိုးသလား၊ ကံကောင်းသလားမသိ… မောင်နဲ့ သူမ ခုံနံပါတ်ချင်း ကပ်ရက်ဖြစ်နေတာကို မေ့နေခဲ့သည်။ အရင်ကတော့ စာမေးပွဲဖြေတိုင်း ချစ်သူကို အနားမှာ မြင်နေရတာ အားတစ်ခု၊ အခုကတော့ ….
စာမေးပွဲကို မောင် ဖြေနိုင်ပုံမရ… သူမနဲ့ မျက်နှာချင်းဆိုင်မိတော့ မျက်နှာငယ်လေးနဲ့ မျက်လုံးလွှဲသွားသည်..
သဲနု စာရနေပေမယ့် စိတ်ထဲမကောင်း… ၃နှစ်တိုင်တိုင် ချစ်ခဲ့ဖူးသူတစ်ယောက် ကိုယ့်ရှေ.မှာ အခက်ခဲဖြစ်နေတာ မြင်ရတော့ သဲနု စိတ်တွေ အရည်ပျော်ရပြီ…
“ဟိတ်.. မောင်.. မေးခွန်းလဲမယ်…” ဆရာမလစ်တုန်း မောင့်ကို လှမ်းခေါ်ပြီး မေးခွန်းမှာ အဖြေအချို. ခပ်သွက်သွက်ရေးကာ စာရွက်ချင်းလဲပေးလိုက်သည်။
မောင့်မျက်ဝန်းတွေလက်သွားပြီး၊ သူမကို ကျေးဇူးတင်သည့်အကြည့်နဲ့ ကြည့်သည်။ သူ အဖြေတွေကို ကူးရေးနေတုန်း သဲနု ဆရာမကို အဖြေလွှာအပ်ပြီး စာမေးပွဲခန်းထဲက ထွက်ခဲ့သည်။
နောက်နေ့တွေလဲ မောင့်ကို တနည်းနည်းနှင့် စာခိုးပြရသည်။ မောင်ကလဲ သဲနု စာပြပေးမှန်းသိတော့ ပိုအတင့်ရဲလာသည်။ တခါတခါတော့ စာဘာလို.မကျက်လဲလို. အပြစ်တင်မိသည်။ အရင်ကဆို မောင်နဲ့ သဲနုတူတူစာကျက်နေကြ..မောင်က ညံ့တဲ့ ကျောင်းသားတစ်ယောက် မဟုတ်တာသေချာသည်..


သော်သော်.. POV

ချစ်သူရဲ့ ရက်ရောမှုကြောင့် စာမေးပွဲက ဖြေနိုင်ရုံသာမက ဂုဏ်ထူးပါထွက်နိုင်သည်။
ဒီစာမေးပွဲက သူတို.၂ယောက်ကို ရင်ကြားစေ့ပေးနိုင်သော Lucky Exam ဖြစ်နေသည်။ နေ့စဉ် သူမရဲ့ စိုးရိမ်နေတဲ့ မျက်ဝန်းလေးတွေ မြင်ရတာ ကျွန်တော် ကြည်နူးမိသည်။ ရင်ထဲမှာ သေချာသိနေတာက သူမကျွန်တော့်ကို ချစ်သေးသည်။
စာမေးပွဲဖြေပြီးချိန် သူမနဲ့ စကားပြောချင်ပေမယ့်၊ ရှက်နေလို.လားမသိ ချစ်သူက နေ့တိုင်း အစောကြီး ပြန်သည်။
အေးပေါ့လေ..ခုတော့ နှိပ်စက်ထားဦးပေါ့ကွာ… စာမေးပွဲပြီးမှတွေ.မယ်…


Last Chapter

စာမေးပွဲ နောက်ဆုံးနေ့…

“သဲ..”
ဒီနေ့ နောက်ဆုံးနေ့ဆိုတော့ သဲနုကိုယ်တိုင် နဲနဲစိတ်လှုပ်ရှားနေသဖြင့် ခါတိုင်းလို မြန်မြန်ဖြေပြီး စာမေးပွဲခန်းထဲက စောစောမထွက်ဖြစ်…
သဲနု စကားပြန်မဖြေဖြစ်ဘဲ မောင့်ကို ရပ်စောင့်နေလိုက်ဖြစ်သည်
“သဲ..ကိုယ့်ကို စိတ်ဆိုးနေသေးလား..”
မောင့်မျက်ဝန်းတွေကို ကြည့်မိတော့ သူ.ကိုယ်သူ ယုံကြည်မှုတွေက အပြည့်…
“ ဘာကို စိတ်ဆိုးရမှာလဲ”
“ဟို… သဲကို အကြာကြီး ပစ်ထားခဲ့လို.လေ… အမှန်တော့…”
“ တော်ပြီ သော်သော်..နင်နဲ့ငါ ဘာအကန့်မှ မရှိတော့တာ ကြာပြီလေ.. စာမေးပွဲခန်းထဲမှာ စာပြတာကလဲ နင့်ကို အတန်းဖော်တစ်ယောက်အနေနဲ့ ကူညီတာ.. “
“မဟုတ်ဘူးလေ သဲရယ်..” မောင့်လက်ချောင်းတွေ သူ.ဆံပင်တိုတိုထဲသို. ခပ်ကြမ်းကြမ်းထိုးဖွလိုက်သည်။ မောင် စိတ်ကျဉ်းကြပ်လာရင် လုပ်နေကြ အပြုအမူ…
“ငါ သွားတော့မယ်..” မောင့်ကိုပြောရင်း လှည့်ထွက်လိုက်သည်…
ရုတ်တရက် သူမလက်ကို ရင်းနှီးခဲ့ဖူးသော လက်အစုံ အုပ်မိုးခြင်းခံလိုက်ရသည်..
ရင်ထဲမှာ တစုံတခုကို ပြင်းပြင်းထန်ထန် လွမ်းမိသည်… မောင့်လက်တွေက နွေးထွေးလွန်းသည်.. ဒါပေမယ့် ဒီလက်တွေက သူမတစ်ယောက်ထဲအတွက်မှ မဟုတ်ခဲ့တာလေ…
သူမလက်တွေ ရုန်းထွက်ရင်း… မောင်ကလဲ တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ…
 “ ငါတကယ်သွားတော့မယ်.. စာမေးပွဲလဲ ပြီးပြီ.. ကျောင်းလဲပြီးပြီ..
ငါနင့်ကို ဘယ်တော့မှ ထပ်မတွေ.ချင်တော့ဘူး သော်သော်…နင့်ကိုငါမုန်းတယ်..”
မောင့်လက်အစုံ ပြေလျော့သွားသည်။
မောင့်မျက်ဝန်းမှာ မျက်ရည်အချို.လက်သွားသည်။ မောင် ဟန်ဆောင်နေတာလဲ ဖြစ်နိုင်သည်ဘဲ..
တော်ပါပြီ.. ဘာမှ မတွေးချင်တော့ပါ.. မောင့်ရှေ.ကနေ လှည့်ထွက်ခဲ့သည်။
ရင်ထဲမှာတော့ မောင့်ကိုမုန်းတယ်ဟု ပြောလိုက်မိသော ကိုယ့်ကိုယ်ကို နာကျဉ်းနေခဲ့သည်။
~~~

သော်သော်.. POV

ကျွန်တော် မယုံခဲ့ဘူး.. သူမ ကျွန်တော့်ဆီ တနေ့ပြန်လာလိမ့်မယ်လို. ယုံထားခဲ့တာ
ခုတော့ ..
ခုတော့…
ကျွန်တော့်ကို သူမ ပြစ်ဒဏ်ခက်ခဲ့ပြီပေါ့… မုန်းတယ်တဲ့…
သူမကျောပြင်ကို လှမ်းကြည့်ရင်း မျက်လုံးထဲမှာ မျက်ရည်တွေေ၀၀ါးနေပြီ…
သူမခြေလှမ်းတွေကတော့ ကျောင်းပြင်သို. တရွေ.ရွေ.

The End….



Thursday, October 18, 2012

နောက်ဆုံးတော့ ကျွန်တော့်ရဲ့ fanfic လေးကို မရရအောင် အဆုံးသတ်လိုက်တယ်။
ရေးဖို. စိတ်သိပ်မပါတော့လို. မြန်မြန်ဖြတ်လိုက်တာ။း)
အားပေးတဲ့သူ ၆၀၀ကျော်ရလို. အရမ်းပျော်မိပါတယ်။
နောက်ဆုံးပိုင်းကို သေသေချာချာမရေးနိုင်တာကိုတော့ စိတ်မကောင်းဖြစ်မိတယ်။
လမ်းကြုံရင် ၀င်ဖတ်အားပေးပါနော်။

http://www.asianfanfics.com/story/view/280269

Sunday, October 7, 2012

Fan Fic

ကျွန်တော် Fan Fic လေးတစ်ခု စရေးနေတယ်။
Fan Fic ဆိုတာ ကိုရီးယားက Kpop အဆိုတော်၊ မင်းသား၊ မင်းသမီးတွေကို ကိုယ့်ဇာတ်လမ်းရဲ့ ဇာတ်ကောင်တွေ အနေနဲ့ဖန်တီး အသုံးပြုပြီး ကလေးတွေ စိတ်ကူးယဉ်ရေးတတ်ကြတဲ့ Site လေးတစ်ခုပါ။
အားလုံးက ၁၆၊ ၁၇ ထက်မကြီးကြတဲ့ ကလေးတွေပါဒ ကျွန်တော်ကတော့ အသက်ကြီးမှ ထရူးတဲ့ကောင်ပါ။
ဘာဘဲပြောပြော သူတို.ရေးထားတာလေးတွေ ဖတ်ရတာ သဘောကျသလို၊ ကိုယ်တိုင်လဲ ဖန်တီးကြည့်ချင်လာတော့ ကောင်းကောင်းမကောင်းကောင်း ချရေးမိတယ်။ ထုံးစံအတိုင်း ကျွန်တော့်ရဲ့ ပင်တိုင်မင်းသမီးလေးကတော့ BORA ပေါ့။ ဘာလိုလိုနဲ့ ၁၂ပိုင်းပြီးသွားတယ်။ သူငယ်ချင်းတို.လဲ အချိန်ရရင် ၀င်ဖတ်ပြီး အားပေးကြပါဦးနော်..

ဒီလင့်ခ်လေးမှာ ဖတ်လို.ရပါတယ်။ ကျွန်တော့် Author Name ကတော့ ထုံးစံအတိုင်း Tommy26 ပါဘဲ..

http://www.asianfanfics.com/story/view/280269