Wednesday, April 3, 2013

April Fool

April ၁ရက်နေ့ကို April Fool Day လို. စသိခဲ့တာ ၆တန်းကျောင်းသူဘ၀လောက်ကမှပါ
သူများတွေကိုလဲ ထူးထူးခြားခြား အရူးမလုပ်တတ်ခဲ့သလို
ကိုယ်တိုင်လဲ သာမာန်စနောက်ခံရတာလောက်ကလွဲရင်
April Fool ဆိုတာ ပုံမှန်ရက်တစ်ရက်ပါဘဲ
.
.
အဲ.. ၂၀၁၃ ကတော့ စကတည်းက ယဉ်သကိုးဆိုသလို
နှစ်စကတည်းက ကပေါက်တိကပေါက်ချာတွေ ဖြစ်နေခဲ့တာ
April Fool ထိ ကံမကောင်းမှုတွေက ပါလာခဲ့တယ်ဗျ

၁) မနက် ၉း၀၀ မနက်စာစားပြီးလို. ရုံးခန်းထဲထိုင်တုန်း..
Fire Alarm မြည်လို. အလန်.တကြား Fire Control Room ကိုပြေးရတယ်
မနက်ခင်း တာဝန်ကျ Duty Manager က ကိုယ်တိုင်ဖြစ်နေတော့ ၂မိနစ်အတွင်း Control Room ကို ရောက်အောင်ပြေးရတာပေါ့ဗျာ..
စောစောစီးစီး စားထားတာလေးတွေတောင် ဘယ်ရောက်မှန်းမသိကိုဖြစ်လို.
Control Room လဲရောက်ရော Engineering နဲ့ Security အဖွဲ.သားတွေက ၀ိုင်းအော်တယ်
APRIL FOOL တဲ့...း(
ပြီးမှ သိတာက Fire Alarm က ကျွန်တော့်ရုံးခန်းတစ်ခုတည်းမြည်တာတဲ့...



၂) နေ့လည် ၁၁း၀၀ အလုပ်အားလို. Facebook လဲစသုံးရော..
သူငယ်ချင်းစုံတွဲ၂ယောက်က ရန်တွေဖြစ်ကြ အော်ကြ ဆဲကြ
ကျွန်တော့်ဆီမှာ ငိုကြ တိုင်ကြနဲ့
ရှင်းလိုက်ရတဲ့ ပြသနာ
တစ်နာရီလောက်ကြာအောင် ဒုက္ခပေးပြီးမှ
APRIL FOOL တဲ့...း(

၃) ညနေ ၄နာရီလောက်မှာ သူငယ်ချင်း Training Manager က ဖုန်းလှမ်းခေါ်တယ်
Trainer's meeting တဲ့
လိုအပ်တဲ့ စာရွက်စာတန်းတွေယူပြီး
Meeting Room ကိုပြေးတော့ သူကမရှိဘူး
ဒါနဲ့ သူ.ရုံးခန်းကိုသွားမေးတာ
APRIL FOOL တဲ့...း(

၎) စိတ်လေလေနဲ့ ရုံးခန်းကို ပြန်လာချိန်
ရုံးခန်းထဲက ဘိုရာ့ပြက္ခဒိန်မရှိတော့ဘူး (ကျွန်တော့်အတွက် အဲဒါအဆိုးဆုံးဘဲ)
တစ်ယောက်ယောက် စနောက်ပြီးဖွက်ထားမှန်းတော့သိတယ်
အားလုံးကိုမေးတော့လဲ မသိဘူး ဆိုတာချည်းဘဲ
ရုံးဆင်းချိန်ကလဲနီး.. ပြက္ခဒိန်ကလည်း၇ှာမတွေ.
လူကလဲ စနေမှန်းသိလို.သာ ပြုံးနေရတာ တော်တော်ကို တင်းနေပြီ
နောက်ဆုံးကျမှ ပြက္ခဒိန်ကိုဖွက်ထားတာက ဘောစိက သူ.ရုံးခန်းထဲမှာ ဖွက်ထားတာတဲ့
ဒါကျ တစ်ဌာနလုံး သိပ်ပါးစပ်လုံနေကြသကိုး
တကယ်ပါဘဲ... ကိုယ့်ဘိုးတော်ဆိုတော့ ဘာမှပြောမကောင်းလို.သာ
သွားဖြဲလေးနဲ့ ငြိမ်နေလိုက်ရတယ်
စိတ်ထဲမှာတော့ အစိမ်းလိုက်ကို ၀ါးစားချင်နေတာ...

အရမ်း မုန်းတယ်.. APRIL FOOL~~~

2 comments:

  1. ဟိဟိဟိ.....ရီရတယ်....:)

    ReplyDelete
  2. ဟယ်လို linnsu
    ခင်ဗျားမှာ fb account ရှိလား
    Tom က ဘာလို့ ဆက်မရေးတော့တာလဲ

    ReplyDelete