Showing posts with label အချစ်အကြောင်း. Show all posts
Showing posts with label အချစ်အကြောင်း. Show all posts

Sunday, January 6, 2013

အေးဆေးပါဆိုပြီး စခဲ့တဲ့ဇာတ်လမ်းမှာ
ခုတော့ ငါ့ဇယားနဲ့ ငါတိုင်ပတ်နေပြီ..
နင်ခရီးထွက်နေတဲ့ ၅ရက်အတွင်းမှာ
နင့်ချစ်သူတင်တဲ့ Status တွေကိုကြည့်ုပြီး ငါရူးချင်နေတယ်...
မပိုင်ဆိုင်နိုင်သူကိုမှ စည်းကျော်ပြီးချစ်ခဲ့မိတဲ့ ငါ့ကိုယ်ငါဘဲ အပြစ်တင်ပါတယ်...

ဒီကြားထဲ နင့်ချစ်သူက ငါ့ကိုမယုံလို. စာမေးပွဲလာစစ်တော့
ဒုတိယတစ်ယောက်နာမည် ညာသုံးပြီး ကာလိုက်ရတယ်..
ငါ့လိပ်ပြာ ငါမလုံတာ အသိဆုံးပါ..
နင့်ချစ်သူက အဲလောက်နူးညံ့တတ်မှန်း ငါမသိခဲ့ဘူး
နင့်ကိုလဲ မေ့လို.မရသလို... နင့်ချစ်သူကိုလဲ အားနာနေမိတယ်..

ငါ.. ဘာဆက်လုပ်ရမလဲ..

Wednesday, September 19, 2012

ဒီနေ့ ပတ်ဝန်းကျင်ဟောင်းက လူတစ်ယောက်က မနက်စောစောမှာ နင့်အကြောင်းလာပြောတယ်။ ငါမကြားချင်ဘူးဟာ။ နင့်ကိုငါမေ့ထားခဲ့တာကြာပြီလေ။
နင့်နာမည်ကြားတာနဲ့ လွမ်းတတ်တယ်ဆိုရင် ငါတော်တော်ညံ့သေးတာပေါ့။
နင့်ကိုငါမုန်းချင်တာ၊ ခက်နေတာက မေ့မရဘူး။
ဒါကြောင့် ပတ်ဝန်းကျင်ဟောင်းကလူတွေနဲ့ အဆက်အသွယ်မလုပ်ခဲ့တာ နှစ်တစ်နှစ်မကတော့ဘူးလေ။
ဘာဖြစ်လို. နင့်နာမည်ကြားတာနဲ့ ပြေးတွေ.ချင်စိတ်က တားမရဆီးမရဖြစ်နေသေးတာလဲ။
ငါရည်းစားတွေများသလို၊ နင့်မှာလဲ ချစ်သူတွေမနည်းခဲ့မှန်း သိပါတယ်။
ခုလဲ နင်ကနောက်တစ်ယောက်နဲ့တဲ့။
ထားပါ...ဒါတွေက ငါနဲ့မဆိုင်တော့ဘူးလေ။ ဒါပေမယ့် ငါပတ်သက်ချင်နေသေးတယ်။
ခေါင်းထဲက ထုတ်မရတဲ့ နင့်ဖုန်းနံပါတ်ကို အကျင့်ပါပြီး နှိပ်မိမလိုဖြစ်သွားတယ်။
နင်ကိုတွေ.ရင် ပြုံးပြနှုတ်ဆက်ဖြစ်မှာ မဟုတ်မှန်းသိရက်နဲ့ နင်သွားတတ်တဲ့နေရာတိုင်းကို သတိရတိုင်း အရူးလိုလျောက်သွားနေတတ်တာ နင်သိမှာလား။
နင့်ကိုလွမ်းတယ် ...
ဘာလို.မှန်းမသိဘူး ဒီနေ့ ပိုလွမ်းတယ်....း(
ငါခရီးတွေထွက်တိုင်း နင့်ကိုလွမ်းတယ်... နင်နဲ့တူတူသွားဖို. ကြိုးစားခဲ့တဲ့ ဧ၀ရက်တောင်ခြေကို ငါရောက်တော့ နင့်ကို အိပ်မက်မက်ခဲ့သလိုဘဲ၊ ဒီညလဲ နင့်ကို အိပ်မက်မက်နိုင်တယ်။
ငါအရမ်းလွမ်းနေလို.လေ...

Saturday, July 14, 2012


ဘာရယ်မသိ တစ်ယောက်တည်းနေရပါများတော့ အလကားနေရင်း အခန်းတံခါးကိုတောင် တစ်စုံတစ်ယောက်က လာခေါက်မှာ ကြောက်နေမိတယ်…

Balcony တံခါးမဖွင့် ခန်းဆီးမဖွင့်နဲ့ အခန်းကို လုံပိတ်နေအောင်ထားရင်း Aircon နဲ့ မီးတွေ ကိုဘဲ ဖွင့်ထားတတ်တာ နေ့နေ့ညည…

နင့်ကိုငါလွမ်းနေမိတဲ့ညနေအချို.မှာ.. အခန်းကျဉ်းလေးထဲက ကုတင်လေးပေါ် ငါတစ်ယောက်ထဲအိပ်ရင်း ကိုယ့်ကိုယ်ကို အကျဉ်းချထားတယ်…

နင့်အကြောင်းတွေ မကြားရအောင် သတင်းအချို.သယ်လာနိုင်သူတွေကို သူငယ်ချင်းစာရင်းက ပယ်ဖျက်ရင်း ငါ့ကိုယ်ငါ အထီးကျန်စေခဲ့တယ်..

နင်ကိုမသွားရဘူးလို.တားခဲ့ဖူးတဲ့ ညရဲ့ကပွဲကြမ်းပြင်မှာ ငါဟာ ယစ်ယစ်မူးမူးပျော်ဝင်နေခဲ့ပြီဆိုရင် နင်ငါ့ကို စိတ်ဆိုးလေမလား…

အချိန်ရှိတိုင်း နင့်အချိန်တွေ ငါ့အတွက်နဲ့ ကုန်ဆုံးစေခဲ့ခြင်းအတွက် လူတောတိုးခွင့်မရခဲ့တာကို နင်စိတ်နာနေသေးလား…

နင့်ကို စတွေ.စကအချိန်တွေ၊ ချစ်ခွင့်ပန်ခဲ့တဲ့ အချိန်တွေကို တမ်းတမ်းတတပြန်ပြောပြတိုင်း နင်နှစ်သက်တတ်လို. နင်ငါ့ကို စိတ်ဆိုးတိုင်း ချော့စရာပုံပြင်တစ်ခုလို ပြန်ပြောတတ်တဲ့ ငါ့ကို သတိရနေမလား..

နင်နဲ့ စိတ်ဆိုးတိုင်း စကားမပြောဘဲ နင်မကြိုက်တဲ့ စာအုပ်တွေ သဲကြီးမဲကြီးထိုင်ဖတ်နေခဲ့ရင်း နင်ချော့တာ စောင့်ခဲ့ရတဲ့ အချိန်တွေကို ငါလွမ်းတယ်…

တစ်ယောက်နဲ့ တစ်ယောက် နာမည်တောင် မခေါ်ရက်ဘဲ Honey ချင်းမွှန်နေအောင် သည်းခဲ့ကြတဲ့ အချိန်တွေက အခုတော့ ဟာသတစ်ပုဒ်လိုပါဘဲ…

နင်မကြိုက်တဲ့ စာအုပ်တွေ ငါဖတ်နေတုန်းပါဘဲ..

နင်မကြိုက်တဲ့ သူငယ်ချင်းအတွက် ပိုက်ဆံဖြုန်းတဲ့ အကျင့်ကို ငါဆက်လုပ်နေတုန်းပါဘဲ..

နင်မကြိုက်တဲ့ မိန်းမဆန်တဲ့ အပြုအမူတွေလဲ ငါဆက်လုပ်နေတုန်းပါဘဲ…

ဒါပေမယ့်ကွယ်

ငါမုန်းတဲ့ Brocoli ကို နင့်ကိုသတိရတိုင်း စားဖြစ်ပါတယ်..

ဆေးလိပ်သောက်တာမကြိုက်မှန်းသိလို. ရအောင်ဖြတ်ခဲ့ပါတယ်..

နင့်ကို ငါ Facebook မှာ block list လုပ်ခဲ့ပေမယ့် နင့်ဓာတ်ပုံတွေ ငါ့ကွန်ပျူတာထဲကနေ ဖျက်မပစ်ရသေးပါဘူး

နင်နဲ့ဆင်တူသုံးခဲ့တဲ့ Blackberry Curve လေးကို ငါမသုံးတော့ပေမယ့် သေချာသိမ်းထားပါတယ်

ငါ့ဖုန်းထဲက နင့်အသံနဲ့ wake up call လေးကို ငါချစ်လွန်းလို. ကြားတိုင်း ရူးချင်ခဲ့ပါတယ်…

ငါက အရမ်းချစ်တတ်သလို အရမ်း သံသယများတတ်တဲ့သူပါ.. ငါ့ကိုယ်တိုင်အပြစ်မကင်းသလို နင်ကလဲ ယုံချင်စရာမကောင်းခဲ့ဘူးလေ…

နင့်ရဲ့ရည်းစားများတဲ့ အတိတ်က ငါ့ကို သံသယပွားစေခဲ့တယ်..

ငါစိတ်ပူတတ်တာသိရက်နဲ့ နင့်သူငယ်ချင်းတွေနဲ့ ညနက်ထိလျောက်လည်ခဲ့တယ်…

အိမ်ပြန်ရောက်ချိန် ငါ့ကိုမြင်တာနဲ့ ၀တ်ကျေတန်းကျေနှုတ်ဆက်ပြီး အိပ်ရာစောစောဝင်တတ်ခဲ့တယ်..



ငါတို.၂ယောက် သိပ်ချစ်ခဲ့ကြတာလေ.. ခုတော့လဲ ဘာမှမဟုတ်ခဲ့သလိုပါဘဲလား…

ဘာလိုလိုနဲ့ ရန်ကုန်ပြန်ရတော့မယ်… လွန်ခဲ့တဲ့ ၂နှစ်က နင့်ကိုယ်တိုင်ငါ့ကို လေဆိပ်လိုက်ပို.ခဲ့တာ ငါသတိရသေးတယ်….

ငါကောင်းသောပြန်ချင်းနဲ့ မဟုတ်ခဲ့တဲ့ အဲဒီအခေါက်ကပေါ့…

ကံကောင်းစွာနဲ့ ငါ မိမိကိုယ်ကို သေကြောင်းကြံမှုနဲ့ တရားစွဲမခံခဲ့ရဘူး… လေဆိပ်ဆေးခန်းမှာ တရားခံစစ်သလို ၂နာရီလောက် အစစ်ခံခဲ့ရတုန်းက နင်ကငါ့ဘေးမှာ မျက်နှာငယ်လေးနဲ့လေ….



ငါတောင်းပန်ပြီး ပြန်လက်ခံဖို.ပြောတော့ နင်ငိုပြီး ပြန်ပြောခဲ့တယ်.. ငါသေတောင် နင်ငါ့ဆီပြန်မလာဘူးတဲ့…

ငါနားလည်ပါတယ်.. နင့်ကိုငါ အကျဉ်းချခဲ့တဲ့ ရက်တွေက နင့်အတွက် ခါးသီးခဲ့မှာပေါ့… ငါရူးရူးမိုက်မိုက် ရိုက်ခဲ့တဲ့ လက်ဝါးတစ်ချက်က နင့်အတွက် ငါ့ကို တစ်သက်စာမုန်းဖို.လုံလောက်မှာပါ…

အမှန်က ငါ အရမ်းချစ်မိခဲ့လို.ပါ…

ဒီနေ့ညတော့ နင့်ကိုငါလွမ်းတယ် Baby Flower…

Saturday, June 16, 2012

Ticketing Girl


လူရှင်းမရှင်း တချက်ကြည့်လိုက်ရင်း…. လက်မှတ်အရောင်းကောင်တာမှာ တန်းစီဖြစ်သည်။ အရှေ.မှာ တစ်ယောက်ဘဲ ရှိသလို နောက်မှာလဲ တစ်ယောက်မှ မရှိတော့ တော်တော် အဆင်ပြေသွားသည်။

အိတ်ကပ်ထဲမှ ငွေအကြွေတွေကို လက်နှိုက်ကာ ဆော့ကစားနေမိသည်။ အရှေ.မှလူ လက်မှတ်ဝယ်ပြီးသဖြင့် ကိုယ့်အလှည့်ရောက်လာသည်။

လက်မှတ်ရောင်းတဲ့ အသားဖြူဖြူ ဆံပင်ဂုတ်ဝဲနဲ့ကောင်မလေးကို ရီပြရင်း နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ”

“မင်္ဂလာပါ” သူမကလဲ ယဉ်ကျေးစွာ ပြန်နှုတ်ဆက်သည်။

 “ဒီနေ့ လူရှင်းတယ်နော်”

ကောင်မလေးကလည်း ပတ်ဝန်းကျင်ကို မျက်လုံးတစ်ချက်ဝေ့ကြည့်ရင်း

 “ဟုတ်တယ် အစ်မ….ဒီနေ့က အင်္ဂါနေ့ဆိုတော့ လူနဲနဲရှင်းတယ်၊ ကြာသပတေး၊ သောကြာဆိုရင်တော့ ဒီလိုအချိန်တော်တော်ရှုပ်တယ်” ဟု ချစ်စဖွယ်ပြန်ဖြေသည်။

“ဟို….မြို.ထဲသွားတဲ့ လက်မှတ်ဝယ်ချင်လို.ပါ။ အကြွေတွေဘဲ ပေးလို.ရမလားဟင်။ နဲနဲတော့ ရေတွက်ရတာ အချိန်ကုန်မယ်ထင်တယ်။ ဒါပေမယ့် လူရှင်းနေတော့ အဆင်ပြေမယ် ထင်ပါတယ်” ကိုယ် နဲနဲအရဲစွန့်ပြီးပြောလိုက်မိသည်။

ကောင်မလေးက တစ်ချက်စဉ်းစားသလိုလုပ်နေသည်။

“အဆင်မပြေရင်လဲ ထားလိုက်ပါ။ တခြားနေရာမှာဘဲ သုံးလိုက်တော့မယ်” ပြောရင်း…ပိုက်ဆံအိတ်ကို ပြန်ထုတ်လိုက်သည်။

“ရပါတယ် အစ်မ၊ အကြွေဘဲပေးပါ” ကောင်မလေးက ချက်ချင်း ပြုံးချိုစွာ ပြန်ပြောသည်။ “ဖြူ ကူညီပေးနိုင်ပါတယ်။ တခြား လက်မှတ်ဝယ်တဲ့ လူလဲ ရှိမှ မရှိတာ”….

“အိုး…. ဒါဆိုရင်တော့ ကျေးဇူးဘဲ…” ကိုယ်ပျော်ရွှင်စွာ အိတ်ထဲမှာ လေးလေးပင်ပင်သယ်လာရသော အကြွေစေ့တွေ ထုတ်ပေးလိုက်သည်။ စုစုပေါင်း ၂၅စေ့…

သူမစိတ်ရှည်လက်ရှည် ရေတွက်ယူရင်း …ရွှေရောင်အကြွေစေ့လေး ၂စေ့နှ့င့်အတူ အစိမ်းရောင် ရထားလက်မှတ်ဖြတ်ပိုင်းလေးကို ထုတ်ပေးသည်။

“ပျော်ရွှင်သော ခရီးစဉ်ဖြစ်ပါစေ”

လက်သည်းလေးတွေ တိတိကျကျညှပ်ထားသော လက်ဖြူဖြူလေးနှင့် မထိမိအောင် လက်မှတ်နှင့် အကြွေစေ့ကို သေချာလှမ်းယူဖြစ်သည်။

“ကျေးဇူးဘဲနော်… သွားပြီ”



ဒုတိယနေ့



ဒီနေ့လူနဲနဲရှုပ်သည်။ လက်မှတ်ကောင်တာမှာ တန်းစီနေရင်း ကိုယ့အလှည့်ကိုရောက်လာသည်။

“မင်္ဂလာပါ”

“မင်္ဂလာပါ အစ်မ။” ပိုးဟပ်ဖြူမလေးက ကိုယ့်ကို မှတ်မိနေသည်။ (သူမက ဖြူဖြူ သေးသေးလေးမို. ပိုးဟပ်ဖြူမလေးဟု nick name ခိုးပေးထားမိသည်။)

“မြို.ထဲသွားတဲ့ လက်မှတ် ၁စောင်ပေးပါနော်” ဒီနေ့တော့ ၂၅ ကျပ်တန် ပိုက်ဆံကိုပေးဖြစ်သည်။ ဟုတ်တယ်လေ အကြွေစေ့တွေ ထုတ်ပေးရလောက်အောင် အခြေအနေကမှ မပေးတာ။ နောက်မှာ လက်မှတ်ဝယ်ဖို. လူတွေ တန်းစီနေသည်။

ကောင်မလေးကလဲ ဘာမှထူးထူးထွေထွေမေးမနေပါ။ အစိမ်းရောင် လက်မှတ်တစ်စောင်ထုတ်ပေးသည်။

“ပျော်ရွှင်သောခရီးစဉ်ဖြစ်ပါစေ အစ်မ” ဟု ပြုံးပြုံးလေး ပြောသည်။

“ကျေးဇူး ညီမလေး” ပြန်ပြောရင်း သူမလက်နဲ့ မထိအောင် လက်မှတ်ကို ယူသည်။

ရထားစိုက်နေပြီ။ ရထားမှီင်္အောင် ခပ်သွက်သွက်ထွက်လာလိုက်သည်။



နောက်နေ့တွေ….

လူရှုပ်ရင် ပုံမှန်အတိုင်းလက်မှတ်ဝယ်ပြီး၊ လူရှင်းရင် အကြွေစေ့နှင့် လက်မှတ်ဝယ်ရင်း သူမနှင့် စကားအချို.ပြောဖြစ်သည်။ သူမနာမည်က “ဖြူစင်”… ကျောင်းတတ်ရင်း လက်မှတ်ရောင်းတဲ့အလုပ်ကို part time ၀င်လုပ်နေသူ။ အသက်က ၁၉နှစ် စသဖြင့် သူမအကြောင်းအချို.ကို သိလာခဲ့သည်။



သူမကလဲ ကိုယ့်အကြောင်းတချို.ကို မေးလာတယ်။

ဘာလို. လက်ထဲမှာ အကြွေတွေအမြဲရှိနေသလဲ။ ဘာလို. မြို.ထဲကိုနေ့တိုင်းသွားလဲ စသဖြင့်ပေါ့။

အဆင်ပြေသလိုကြည့်ဖြေလိုက်တယ်။ အဖြေတွေဟာ အမှန်မဟုတ်တာ သူမလဲ နဲနဲတော့ ရိပ်မိမှာပါ။

.

.

.

စာသင်ချိန် ခဏနားတုန်း ဖုန်းထဲမှ ဓာတ်ပုံလေးကို ကြည့်နေရင်း တစ်ယောက်တည်းပြုံးနေမိတယ်….

“ဟိတ်…တစ်ယောက်တည်း ဖုန်းကိုကြည့်ရင်း ဘာပြုံးနေတာလဲ။” သူငယ်ချင်း ယုနိုင် ရောက်လာပြီး ရုတ်တရက်မေးသည်။

“အာ…ဘာမှ မပြုံးပါဘူးဟာ” ကိုယ်မလုံမလဲ ဖြေမိသည်။

“မညာပါနဲ့ဟာ၊ နင့်မျက်လုံးတွေက အသက်ဝင်ပြီးပြုံးနေတာ ငါသိတယ်။ မှန်မှန်ဖြေ ကောင်လေးပုံလား၊ ကောင်မလေးပုံလား။ ငါ့ကိုလဲ ပြလေဟာ….” ယုနိုင်က အတင်းမေးသည်။

ရုတ်တရတ် ဖုန်းကို ဆက်ကနဲ ဆွဲလုခံလိုက်ရသည်။ ကြည့်လိုက်တော့ အခင်ဆုံး သူငယ်ချင်း ဟေမာန်…

“ဟာ…ငါ့ဖုန်း ပြန်ပေးဟာ….” ချက်ချင်း ဟေမာန့်ကို အော်ရင်း ဖုန်းကို ပြန်လုတယ်…

မရပါ..ဟေမာန်က နောက်ပြန်လှည့်ပြေးရင်း ဖုန်းကို ဖွင့်ကြည့်တယ်။

ယုနိုင် ပါ ဟေမာန်.ဆီပြေးရင်း ဖုန်းကို အသဲအသန်လုကြည့်တယ်…

တွေ.သွားပြီ။ ဟူး…………..

“၀ိုး…..ကောင်မလေးကချစ်စရာလေး….ငါသူ.ကိုသိတယ်.. ဘူတာရုံ လက်မှတ်ရောင်းတဲ့ဌာနက ကောင်မလေး..”

ရုတ်တရက် အံ့သြသွားတယ်။ ဟေမာန် သူမ ကို ဘယ်လိုသိနေပါလိမ့်

“နင် သူ့.ကိုသိလား” ဟန်မဆောင်နိုင်စွာမေးမိတယ်…

“အင်း….ငါလဲ လက်မှတ်ဝယ်ရင်းနဲ့ သိတာလေ၊ နင်ကြိုက်ရင် မြန်မြန်လိုက်တော့လေ…သူ.ကိုကြိုက်နေတဲ့သူတွေက အတော်များတယ်၊ တော်ကြာ ကျန်ရစ်ဖြစ်နေဦးမယ်”

ဟု ဟေမာန်က ပြန်ပြောသည်။

ယုနိုင် ကလည်း “သူငယ်ချင်း ကျန်ရစ်တော့ အဖြစ်မခံနဲ့ဟ… မြန်မြန် ကြိုးစားတော့”

“ဟာ…. ငါ မကြိုက်ပါဘူးဟ” ဟု ရှက်ရွံ.စွာပြောမိတော့

“ဟမ်..မကြိုက်တဲ့ မျက်နှာကလဲ ဒီအကြောင်းလေးပြောတာတောင် နီရဲနေပြီ။” ယုနိုင် ကပြန်ောအ်ာသည်။

ဟုတ်တယ်။ ကိုယ့်မျက်နှာတွေ ပူထူနေပြီ။

သူတို.ကို ဘာမှ ပြန်မပြောဘဲ ဖုန်းကောက်ယူပြီး ထွက်လာခဲ့သည်။

.

.

.

တနင်္လာနေ့

ဒီနေ့ လူတွေမရှုပ်ဘူး။ တမင်တကာ နောက်ဆုံးမှာ တန်းစီရင်း ကိုယ့်အလှည့်ရောက်မှာကို စောင့်နေလိုက်တယ်။

ရာသီဥတုက သိပ်မပူပေမယ့် အာခေါင်တွေခြောက်ပြီး၊ ရင်တွေခုန်နေတယ်။

လက်မှတ်ကောင်တာရှေ.ရောက်မှာ သိပ်ကြောက်နေမိတယ်။

ငါ ဘာဆက်လုပ်ရမလဲ။

နေ့တိုင်း မြို.ထဲသွားတဲ့ ရထားကို အကြောင်းမရှိဘဲ တတ်စီးပြီး၊ ဘူတာကျော်တာနဲ့ အိမ်လှည့်ပြန်တာ မင်းကြောင့်လို. ပြောရမလား။

အကြွေစေ့တွေ မရရအောင်လိုက်ရှာပြီး၊ လက်မှတ်လာဝယ်တာ မင်းနဲ့ စကားပြောချင်လို.ဆိုတာ ဖွင့်ပြောလိုက်ရမလား။

.

.

ကိုယ့်အလှည့်ရောက်လာတယ်။ ကံကောင်းသလား၊ ဆိုးသလားမသိဘူး..နောက်မှာ လူတစ်ယောက်မှ တန်းစီမနေဘူး။ ကိုယ်က နောက်ဆုံးဘဲ။

“အစ်မ မင်္ဂလာပါ။ ဒီနေ့လဲ အကြွေစေ့ဘဲ ပေးမလား၊ လူနဲနှဲရှင်းတယ်” ပိုးဟပ်ဖြူမလေးက ပြုံးရွှင်စွာ နှုတ်ဆက်တယ်။

“အာ… ဒီနေ့တော့ အကြွေမပါဘူး။ အချိန်လဲ သိပ်မရလို. ရိုးရိုးပိုက်ဆံဘဲပေးတော့မယ်။” ဆိုပြီး စကားကို မြန်မြန်ဖြတ်လိုက်တယ်။

သူမလဲ နဲနဲငြိမ်သွားပြီး၊ လက်မှတ်ဖြတ်ပေးတယ်။

“ ဒီအပတ် တနင်္ဂနွေနေ့ အားလားဟင်” သူမက မေးတယ်

မကြားချင်ယောင်ဆောင်ပြီး ကိုယ်လက်မှတ်ကို လှမ်းယူလိုက်ချိန် သူမလက်သည်းအချို.နဲ့ထိမိတယ်။ (သူမလက်သည်းတွေ နဲနဲရှည်လာပြီ)

ရင်ထဲမှာ ဆက်ခနဲတုန်သွားတယ်။ ဘာလို.မှန်းမသိ လူက အေးခနဲ ဖြစ်သွားမိတယ်။

သူမကို လှည့်ကြည့်လိုက်တော့ သူမက တိုးတိုးလေးပြောတယ်….”မနေ့က မဟေမာန်တောင် လာသွားသေးတယ်၊ သူက အစ်မနဲ့ ခင်တယ်လို.ပြောတယ်” ပြောရင်း ရွှေရောင် အကြွေစေ့လေး၂စေ့ပြန်အမ်းတယ်။

ဟာ….သွားပြီ။ ဟိုကောင်တွေ ဘာတွေ လျောက်ပြောထားလဲ မသိဘူး….

ကိုယ်ကြိုးစားပြုံးရင်း….. “ပိုတာယူထားလိုက်တော့ ညီမ…. Tip ပေးတယ်လို.ဘဲ သဘောထားပေးပါ” ပြောရင်း ခက်သွက်သွက်ပြေးထွက်လာခဲ့တယ်….

.

.

၁ရက်

၂ရက်

၃ရက်

….ရထားဘူတာရုံကို မရောက်ဖြစ်တာ ၃ရက်ရှိသွားပြီ။ လူက ဘယ်လိုမှ နေလို.မရလို. ဘူတာရုံဘက် ခြေဦးလှည့်မိတယ်…. စိတ်ထဲမှာတော့..သူမ စိတ်ဆိုးနေမလား၊ ဟေမာန် ဘာတွေ ပြောထားပါလိမ့်၊ ကိုယ့်ကို အထင်သေးသွားပြီလား… ဟူး အတွေးတွေ ဖွဲ.သီလို. မဆုံးတော့ဘူး……

ဘူတာရုံ လက်မှတ်ကောင်တာမှာ လူတစ်ယောက်မှ မရှိဘူး။

သူမကတော့ ရှိနေခဲ့တယ်။

ကိုယ် လက်မှတ်ကောင်တာရှေ.ရောက်တော့….

“မင်္ဂလာပါ” ဒီနေ့တော့ သူမ မပြုံးဘူး။

သေချာပြီ သူမ စိတ်ဆိုးသွားပြီထင်တယ်။

ရင်ထဲမှာ ဖန်ခွက်၁ခုကျကွဲသလို အသံအက်အက်လေး ကြားလိုက်ရတယ်။ လည်ပင်းတွေ ခြောက်ကပ်ပြီး၊ စကားအချို. ကြိုးစားပြောလိုက်တယ်။

“မြို.ထဲသွားတဲ့ လက်မှတ်တစ်စောင်လောက်”…..

သူမ တိတ်ဆိတ်စွာ ခဏငေးကြည့်နေတယ်….. မျက်ဝန်းမှာ မျက်ရည်စအချို.တွေ.တယ်…..

ဘာမှ မမေးဘဲနဲ့ ဖြောင့်ချက်တချို.ပေးမိတယ်…တနင်္ဂနွေနေ့မှာ ဘယ်သူနဲ့မှ ချိန်းမထားကြောင်းတွေ၊ မလိုအပ်ဘဲ ၀ယ်စီးဖြစ်တဲ့ ရထားလက်မှတ်အကြောင်းနဲ့ တကူးတကစုဆောင်းမိတဲ့ အကြွေစေ့တွေ အကြောင်းပေါ့…..

လက်မှတ်ဖိုး ပိုက်ဆံပေးဖို. ပိုက်ဆံအိတ်ကို ထုတ်လိုက်တော့….

“မပေးနဲ့” သူမက ရုတ်တရက်ပြောတယ်

“ဒီနေ့ အလုပ်မှာ မဲနှိုက်တာ လက်မှတ်၂စောင် မဲပေါက်ထားတယ်၊ အဲဒါ အစ်မကို ပေးမယ်” ဆိုပြီး အစိမ်းရောင် လက်မှတ် တစ်စောင် ထုတ်ပေးတယ်။

အသက်မဲ့နေတဲ့လူတစ်ယောက်လို သူမပေးတဲ့ လက်မှတ်ကို ဆွဲယူပြီး၊ ထွက်လာခဲ့တယ်….

ရင်ထဲမှာ ဟာနေတယ်….

လက်ထဲက လက်မှတ်ကို အမှတ်မထင်ကြည့်မိတယ်…

အရမ်းပျော်သွားတယ်….လက်မှတ်အနောက်မှာ ရေးထားတာက

“ဒီနေ့ ညနေ ၈း၀၀ အလုပ်ပြီးမယ်”………………….

း)







 မှတ်ချက်။ ။ ဒီနေ့ စာတွေဘဲရေးချင်နေတယ်... တတ်နိုင်ဘူး...ကောင်းကောင်း မကောင်းကောင်း ရေးပလိုက်ပြီ။ ဖတ်ချင်တဲ့သူ သည်းခံပြီးသာ ဖတ်ကြပေတော့.... ည၁၂နာရီကျော်ပြီ...ကျွန်တော်လဲ အိပ်တော့မည်....တာ့တာ

Thursday, June 14, 2012

ဟိုအရင်တချိန်က မြတ်မြတ်နိုးနိုး "မီးငယ်"လို. ခေါ်ခဲ့ရဖူးတဲ့ ကောင်မလေးကို လွမ်းတယ်။
သူနဲ့ ကျွန်တော် ရူးရူးမူးမူးချစ်ခဲ့ကြတာ၊ လူတကာ ကဲ့ရဲ့ရှုံ.ချတာတွေကို ခံပြီး ချစ်ခဲ့ကြတာ၊ တူတူနေဖို. ပိုက်ဆံတွေ စုခဲ့ကြတာ၊ ညည message ပို.နိုင်ဖို. cellular phone လေးတွေ ခိုးဝယ်ခဲ့ကြတာ၊ ပိုက်ဆံပြည့်ရင် ခိုးရာလိုက်ပြေးကြမယ် ဆိုပြီး လက်ထပ်စာချုပ်တောင် လက်မှတ်ထိုးခဲ့ကြတာ၊ လွမ်းလွန်းလို. သူမနဲ့ခွဲပြီး အလုပ်နဲ့ ခရီးထွက်ရင် ဓာတ်ပုံကြည့်ပြီး ခဏခဏငိုရတာ......
အခုတော့လဲ...
ပြီးသွားတာပါဘဲ...
စပြီးစည်းဖောက်ခဲ့သူက ကျွန်တော်ဘဲလေ...
ကြာလာတော့ အချစ်ကို ပျင်းလာတယ်၊ သူမက ပိုချစ်ပြီး နားလည်ပေးလေ ကျွန်တော်က ရောင့်တတ်လေဘဲ...
လူကြားသူကြားမှာ ၂ကြိမ်တိတိ ဆောင့်တွန်းခဲ့ဖူးတယ်၊ ခဏခဏ ကိုယ်ထိလက်ရောက် ရိုက်ခဲ့ဖူးတယ်...
သူမ အပြုံးမပျက်ခဲ့ပါဘူး.... ကျွန်တော့်ကို ဆက်ချစ်ပေးခဲ့တယ်...
ဒါတွေကြာလာတော့ ကျွန်တော် ပျင်းလာတယ်... သူမကို မြင်နေရရင်တောင် အသက်ရှူမ၀ဖြစ်ချင်လာအောင် စိတ်ကုန်လာတယ်...
ကျွန်တော် နိုင်ငံခြားကို ထွက်ပြေးခဲ့တယ်...ကတိတွေမျိုးစုံပေးပြီး ကောင်မလေးတွေ မျိုးစုံလျောက်တွဲခဲ့တယ်... သူမကို စိတ်အကုန်ဆုံး အချက်က ကျွန်တော် ဘာလုပ်လုပ် သူမ သိနေခဲ့လို.ပါ... သူမက ကျွန်တော်ကို စာအုပ်၁အုပ်လို ကောင်းကောင်းဖတ်နိုင်သူပါ.... အမေထက်တောင် ကျွန်တော့် အကြောင်းကို ပိုသိတယ်.... ဘာမှ ညာလို.မရအောင် သူမအကုန်သိနေတယ်.... ကြာလာတော့ ကျွန်တော် အဆက်ဖြတ်လိုက်တယ်... Email မပို.ဘူး...ဖုန်းခေါ်လဲ မပြောဘူး... သူမငိုသံတွေလဲ ဂရုမစိုက်ခဲ့ဘူး.... ဒီကြားထဲ စွံတယ်ဆိုပြီး ဂုဏ်ယူနေလိုက်သေးတယ်....
ခုတော့လဲ....
ကျွန်တော်တို.တွေ သူငယ်ချင်းတွေ အဖြစ်ဆက်ရှိနေဆဲပါ
သူမ အရမ်းတည်ငြိမ်သွားတယ်.... ဒါပေမယ့် သူမကျွန်တော့်ကို သေချာဖတ်တတ်သလို၊ ကျွန်တော့်ကိုလဲ သူမညာလို.မရခဲ့ဘူး.... သူမ မျက်လုံးတွေက ကျွန်တော့်ကို လိုအပ်နေတုန်းဘဲ....
ပြန်မစချင်တော့ပါဘူး.... သူမ မှာလဲ ချစ်သူရနေပြီဘဲ... မနှောင့်ယှက်ရက်ပါဘူး.... ကျွန်တော် ပေးတဲ့ ဒဏ်ရာတွေက လုံလောက်နေပြီဘဲ....
ခက်တာက ခုတလော သူမကို ခဏခဏ သတိရနေမိတယ်...
အွန်လိုင်းမှာလဲ သူမနာမည်က အမြဲ မီးစိမ်းနေတတ်တယ်...
ကျွန်တော် ခေါ်ချင်ပေမယ့် မခေါ်ရဲဘူး.....
သံယောဇဉ်တွေ ထပ်မပေးရဲတော့ဘူး....
သေချာတာက သူမကို ကျွန်တော် တကယ်ချစ်ခဲ့ပါတယ်....
ဆက်ချစ်ဖို.ကတော့................

Friday, October 21, 2011

နင်မ၇ှိဘဲ နေခဲ့ရတာ တစ်နှစ်ပြည့်တော့မယ် ဘေဘီ....
အရင်နှစ်က ဒီလိုအချိန်တွေမှာ ငါတို.အိမ်ထောင်ရေး အက်ကွဲကြောင်းတွေ စနေခဲ့ပြီပေါ့
နင်အချိုးတွေပြောင်းခဲ့တာ
ငါ့ကို အသိမပေးဘဲ ယောကျာ်းတစ်ယောက်နဲ့ အပြင်ထွက်လည်တတ်တာ
နင့်ရဲ့ မိန်းမ သူငယ်ချင်းတွေနဲ့ ငါ့အတင်းပြောနေခဲ့တာ
ငါသိပေမယ့် ပါးစပ်ပိတ်ထားခဲ့ဖူးပါတယ်.....
ဒါပေမယ့် ငါ့ကို သိသိသာသာ စိတ်ပျက်လက်ပျက်ကြည့်တဲ့အကြည့်တွေ
လူကြားထဲ ငါလက်တွဲလို.ရှက်တဲ့ အပြုအမူတွေကို
နင်စလုပ်တတ်လာတာကိုတော့
ငါဘယ်လိုမှလက်ခံပေးလို.မရခဲ့ဘူး။
နင်သာ ငါနဲ့တွဲရမှာ ရှက်ရင်...
နင့်ကိုယ်နင် lesbian တစ်ယောက်မဟုတ်ဘူးဆိုတာ သိရင်..
ငါ့ကို ဘာလို. ၁နှစ်ကျော်တဲ့အထိလှည့်စားခဲ့တာလဲ....
ငါ့မှတ်ဥာဏ်တွေ မချို.ယွင်းဘူးဆိုရင်
နင်ကသာ ဇာတ်လမ်းစခဲ့သူပါ...
ငါနမ်းတတ်အောင် နင်သင်ပေးခဲ့တာပါ..
Let's make love လို.နင် စပြောခဲ့တာပါ...
ငါတို.၂ယောက် အတူတူစနေဖို. နင်ကိုယ်တိုင်ဘဲ စီစဉ်ခဲ့တာလေ...
အခုတော့ နင်ဒါတွေ မေ့သွားပြီပေါ့
ငါနင့်ကို မုန်းချင်တယ်..မုန်းလဲမုန်းသင့်တယ်လေ..ဒါပေမယ့် မေ့လို.မရဘူးဟာ
နင်နဲ့ငါ ပြတ်တော့ ငါသေကြောင်းကြံခဲ့တာကို မှတ်မိသေးလား
တကယ်ပါ အဲဒီအချိန်မှာ ငါသေသွားလဲ နောင်တမရပါဘူး
အခုထိ အသက်ရှင်နေတာတော့ ငါ့ကံပေါ့ဟာ...
နင်ငါ့ဆီပြန်လာဖို. လုပ်တာမဟုတ်ပါဘူး...ငါမခံစားနိုင်တော့လို. လုပ်မိလုပ်ရာ လုပ်လိုက်တာပါ
နင့်အတွက်တော့ လူကြားမှ ကြွားစရာပေါ့ဟာ
လူတစ်ယောက်က နင့်ကို အသက်တောင် အသေခံပြီး ချစ်တယ်လို.ပေါ့
အခုတော့လဲ.... ငါနဲနဲနေသားကျနေပါပြီ
နင့်အကြောင်း လူတွေပြောလဲ  ..... အပြုံးမပျက် နေပေးနိုင်ပါပြီ...
နင့်ကိုငါ အမြဲ ချစ်နေပေမယ့် နင်နဲ့ မျက်နှာချင်းဆိုင်ဖို.ကိုတော့ ကြောက်နေသေးတယ်

နင့်ကို မုန်းချင်ပေမယ့်...ချစ်နေသေးတဲ့....

ငါ

Thursday, September 29, 2011

ပထမနေ့

ပထမဆုံး ၁ယောက်တည်းနေရတဲ့ ဘ၀မှာ
ပထမဆုံး လွမ်းမိသူက .....xxxxxx........
ရည်းစားဦးကို မမှတ်မိတော့ပေမယ့်
အချစ်ဦးကတော့ ရင်ထဲမှာ ထာဝရပါ......
ဘာဘဲဖြစ်ဖြစ် နင့်ကိုငါချစ်တယ်............