Friday, March 29, 2013

ဒီနေ့

ဒီနေ့
မြန်မာသူငယ်ချင်းတွေလာလည်လို. လျောက်သွားဖြစ်တယ်..
အချိန်တော်တော်ကြာကြာမပြောရတဲ့ မြန်မာစကားတွေအများကြီးပြောဖြစ်တယ်..
အချိန်ပေးပြီး တကူးတလာလည်ပေးကြလို.လဲ ကျေးဇူးအရမ်းတင်တယ်..

မြန်မာတွေရဲ့မျက်စိအမြင်အောက်မှာတော့ ကျွန်တော်က Tomboy ကလေးလေးပါဘဲ
အသက်တွေဘယ်လောက်ကြီးကြီး
အစ်ကိုတွေ အစ်မတွေကတော့ ကျွန်တော့်ကို လူကြီးတစ်ယောက်လို မဆက်ဆံကြဘူး
အမြဲလိုလို ကောင်မလေးတွေကို လိုက်ကြောင်တတ်တဲ့ Tom လေးတစ်ယောက်လို ဆက်ဆံနေကြတုန်းဘဲ
ကျွန်တော်ကိုယ်တိုင်ကလဲ ၀တ်စုံပြည့်ယူနီဖောင်းကြီးဝတ်စရာမလိုဘဲ
ဂျင်းဘောင်းဘီတို၊ ဝေါ့ကင်းရှူးနဲ့ တီရှပ်အကျီကိုဝတ်ပြီး မြန်မာအစ်မတွေရဲ့ လက်မောင်းကိုဖက်ပြီး လမ်းလျောက်ရတာ တကယ်ကို လွပ်လပ်ပေါ့ပါးခဲ့တယ်..

ရင်တွေပေါ့သွားသလိုဘဲ..
လာလည်တဲ့သူတွေကတော့ တော်တော်နားညည်းသွားပုံဘဲ..း)


No comments:

Post a Comment