Sunday, November 24, 2013

Korea Trip - Part 3


ဝက်ခြေထောက်ကို ဒီလိုတမုန်းဆွဲခဲ့တယ်...






ဒါကတော့ နာမည်ကျော် SM Town က ဖွင့်ထားတဲ့ Myeong Dong ဘက်က SPAO ဆိုင်လေးပါ
SM Town က အဆိုတော်တွေနဲ့ ပတ်သက်သမျှတွေအကုန်ဝယ်လို.ရတယ်...


Saturday, October 19, 2013

Korea Trip - Part 2 - SISTAR S Concert

နောက်ဆုံးတော့ ရင်ခုန်စွာမျှော်လင့်ခဲ့ရတဲ့ SISTAR S Concert ကိုရောက်ခဲ့ပြီပေါ့


S- Water တဲ့ တော်တော်အမောပြေတယ်..ေိခိ


မိုက်တယ်နော်.. 


SISTAR Concert ထိတောင် ရောက်အောင်လာပြီးမှာတော့ ဒီလက်ဆောင်ပစ္စည်းလေးတွေအတွက်လဲ ပိုက်ဆံ နည်းနည်း ထပ်ဖြုန်းပလိုက်တယ်




Korea Trip - 2nd Time Part 1

ကဲဗျာ...
နောက်ဆုံးတော့ ဟိုလိုလို ဒီလိုလိုနဲ့ ထပ်ရောက်သွားပြန်ပြီ
မသွားဘူးလို. ဘယ်လောက် စိတ်ကို တင်းထား တင်းထား... ဘိုရာလေးက ပွဲလုပ်မယ်ဆိုတော့ ဘယ်လိုမှမနေနိုင်တော့လို. သွားလိုက်ပြီ... :D

ဓာတ်ပုံလေးတွေ ခံစားကြပါဦး..

Incheon Airport ကြီးကို ထပ်ရောက်ပြန်တယ်..




Wednesday, September 25, 2013

....

ခရီးစဉ်တွေ ဆွဲရတာ ခေါင်းကိုက်လာပြီ
ခုထိလဲ သေချာတဲ့ အဖြေတစ်ခုမရသေးဘူး

The Master's Sun ကိုကြည့်ပြီး Gong Hyo Jin ကို အရူးအမူးဖြစ်နေမိပြန်ပြီ။ Bora လေးလောက်တော့ ရူးမယ်မထင်ပါဘူး။ ဖြစ်လဲ မဖြစ်သင့်ဘူးထင်တာဘဲ။ေိခိ
ဘိုဘိုရာရာလေးကတော့ Essential ပေါ့။

Youtube မှာ sistar ရဲ့ movie file တစ်ခုမှာ Bora ကိုမျက်နှာလိုက်ပြီး၊ ကွန်မန်.တစ်ခုပေးမိရာကနေ တကာင်မလေးတစ်ယောက်နဲ့ တော်တော်စကားများခဲ့ရတယ်။ အခုတော့ ကျွန်တော်တို.တွေ တော်တော်ခင်တဲ့ သူငယ်ချင်းဖြစ်နေကြတယ်။ လောကကြီးက ဆန်းတော့ အဆန်းသားနော်။း)
ဘာဘဲဖြစ်ဖြစ်လေ မိတ်ဆွေဖြစ်ရတာ ရန်သူထက်တော့ ပိုကောင်းပါတယ်။

လက်ရှိကောင်မလေးက အလုပ်ထွက်တော့မယ်တဲ့။ ကျွန်တော် စိတ်မကောင်းပေမယ့် ဘာမှ မတတ်နိုင်ဘူး။ တစ်ယောက်တည်း ကျန်ခဲ့ရဦးမှာပေါ့နော်။

ဒီနေ့ မေမေ့မွေးနေ့၊ ဘုရားတွေ အများကြီး ဖူးခဲ့တယ်တဲ့။ မေမေ စိတ်ချမ်းသာပါစေ။း)


Sunday, September 22, 2013

Trip

ဒီအချိန်ရောက်ပြီဆို ရောဂါကထပြီ
အခုလဲ အလုပ်ထွက်ပြီး အိမ်ပြန်ဖို. လုပ်ပြီးမှ မနေနိုင် မထိုင်နိုင် ဘိုရာ့ဆီထပ်သွားဦးမယ်။
လိုအပ်သမျှတော့ စီစဉ်ပြီးပြီ။း)
Visa.. Air Ticket.. Hotel အားလုံးရယ်ဒီ.. အချစ်ဆီသွားရမယ့်နေ့ကို စောင့်နေသည်။
ေိခိ
ရင်တွေခုန်ချက်....

Friday, September 13, 2013

ခုတလော အလုပ်မရှိ အလုပ်ရှာပြီးဝယ်ထားတဲ့ ဖုန်းတွေနဲ့ ရှုပ်နေတယ်..
ဘာမှလဲ မယ်မယ်ရရမလုပ်ဖြစ်ဘူး..
ထုံးစံအတိုင်း အားအားယားယား ဖြစ်နေလေတော့ Twitter နဲ့ Facebook ကတော့ မသုံးမဖြစ်ပေါ့
ဘာတွေတိုးတတ်လာလဲဆိုတော့ မျက်မှန်ပါဝါလို.ပြောရမယ်..
မျက်လုံးက သိပ်ကြည်ကြည်လင်လင်မရှိတော့ပြန်ဘူး..
ဆြာဝန်သွားပြရင်တော့ မျက်မှန်တပ်ခိုင်းမှာ သေချာတယ်..
ဟိဟိ.. ဒီလိုပါဘဲ..
ဟိုဟိုဒီဒီနဲ့ နောက်လကိုမျှော်နေတယ်..

Wednesday, July 31, 2013

ဘောစိနဲ့ ခဏတာ.. :P

ဒီနေ့ ဘောစိက အိမ်ပြန်လိုက်ပို.တယ်.. (ပို.ချင်လွန်းလို.တော့ မဟုတ် သူခိုင်းတဲ့ အလုပ်ကြောင့် ဖယ်ရီမမှီလို. လိုက်ပို.တာ)
အနော် နေတဲ့ အဆောင်က မိန်းကလေးဆောင်ဆိုတော့ ဘောစိက တခါမှ မရောက်ဖူးဘူး..
သူကမေးတော့ မေးသား၊ နင့်အိမ်ဘယ်လိုပြန်လဲဆိုတာ သိလားတဲ့
အနော်ကလဲ အင်းအဲ သေချာမဖြေဘဲ ကြောင်တောင်တောင်လုပ်နေတော့ ပေါက်သွားပုံရတယ်၊ Housing Manager ကိုလှမ်းမေးတယ် ဘယ်လိုသွားရလဲ ဘာညာပေါ့

ဒီလိုနဲ့ပေါ့လေ.. တပည့်ကျော်ကြီးနဲ့ ဘောစိတို. အဆောင်သို. ချီတတ်ကြသည်။
ဘောစိကားကြီးက ရှယ် ရှယ်..
ဆိုဖာကြီးကို အိလို.
ဖုန်းကနေ Youtube ဖွင့်ရင်၊ ကားထဲက TV မှာ ကြည့်လို.ရတယ်ဗျ
အံ့ရော အံ့ရော..
သူကတော့ ဟိုဟာ ဟိုလို လုပ်ရတယ်၊ ဒီဟာ ဒီလို နဲ့ ကြွားတာပေါ့ဗျာ
အနော်က ကားဆို ထိုင်စီးရင်ရောက်တယ်ဆိုတာလောက်ဘဲသိတာ
ကားကောင်းကောင်းဘာညာလဲ သိပ်မသိဘူး..
သူပြောသမျှ ဟုတ်ကဲ့ ဟုတ်ကဲ့ပေါ့
သူက ဆရာလေနော်.. ဟုတ်ကဲ့မှ ဖြစ်မပေါ့...

လမ်းသွားရင်းလဲ Energy Consumption တွက်ချက်နည်းတွေ လက်ချာရိုက်သေးတယ်..
သူ.တပည့်ကျော် ၃ယောက်တည်းမှာ သေသေချာချာ ကျောင်းသားတစ်ယောက်လို အိမ်စာမှန်မှန်လုပ်ပြီး၊ သချာင်္တွက်တာ အနော်တစ်ယောက်ဘဲ ရှိလေတော့ သူက ဘက်ဂျက်ဘာညာအတွက် လွှဲထားခဲ့မယ်တဲ့..
(ကျန်တဲ့ ၂ယောက်က အထီးတွေဆိုတော့ Project Site ထဲသာ ဆရာလုပ်ဖို. အော်ဟစ်ချင်ကြတာလေ၊ ကွန်တစ်လုံးနဲ့ တကုပ်ကုပ် သင်္ချာတွက်ဖို. တစ်ယောက်မှ စိတ်မ၀င်စားကြတာ)
ဘာဖြစ်ဖြစ် ရာထူးတတ်ပေးထားတာဆိုတော့လဲ စိတ်မ၀င်စားပေမယ့် ဟုတ်ကဲ့ပါ ဘာညာပေါ့..