Wednesday, July 31, 2013

ဘောစိနဲ့ ခဏတာ.. :P

ဒီနေ့ ဘောစိက အိမ်ပြန်လိုက်ပို.တယ်.. (ပို.ချင်လွန်းလို.တော့ မဟုတ် သူခိုင်းတဲ့ အလုပ်ကြောင့် ဖယ်ရီမမှီလို. လိုက်ပို.တာ)
အနော် နေတဲ့ အဆောင်က မိန်းကလေးဆောင်ဆိုတော့ ဘောစိက တခါမှ မရောက်ဖူးဘူး..
သူကမေးတော့ မေးသား၊ နင့်အိမ်ဘယ်လိုပြန်လဲဆိုတာ သိလားတဲ့
အနော်ကလဲ အင်းအဲ သေချာမဖြေဘဲ ကြောင်တောင်တောင်လုပ်နေတော့ ပေါက်သွားပုံရတယ်၊ Housing Manager ကိုလှမ်းမေးတယ် ဘယ်လိုသွားရလဲ ဘာညာပေါ့

ဒီလိုနဲ့ပေါ့လေ.. တပည့်ကျော်ကြီးနဲ့ ဘောစိတို. အဆောင်သို. ချီတတ်ကြသည်။
ဘောစိကားကြီးက ရှယ် ရှယ်..
ဆိုဖာကြီးကို အိလို.
ဖုန်းကနေ Youtube ဖွင့်ရင်၊ ကားထဲက TV မှာ ကြည့်လို.ရတယ်ဗျ
အံ့ရော အံ့ရော..
သူကတော့ ဟိုဟာ ဟိုလို လုပ်ရတယ်၊ ဒီဟာ ဒီလို နဲ့ ကြွားတာပေါ့ဗျာ
အနော်က ကားဆို ထိုင်စီးရင်ရောက်တယ်ဆိုတာလောက်ဘဲသိတာ
ကားကောင်းကောင်းဘာညာလဲ သိပ်မသိဘူး..
သူပြောသမျှ ဟုတ်ကဲ့ ဟုတ်ကဲ့ပေါ့
သူက ဆရာလေနော်.. ဟုတ်ကဲ့မှ ဖြစ်မပေါ့...

လမ်းသွားရင်းလဲ Energy Consumption တွက်ချက်နည်းတွေ လက်ချာရိုက်သေးတယ်..
သူ.တပည့်ကျော် ၃ယောက်တည်းမှာ သေသေချာချာ ကျောင်းသားတစ်ယောက်လို အိမ်စာမှန်မှန်လုပ်ပြီး၊ သချာင်္တွက်တာ အနော်တစ်ယောက်ဘဲ ရှိလေတော့ သူက ဘက်ဂျက်ဘာညာအတွက် လွှဲထားခဲ့မယ်တဲ့..
(ကျန်တဲ့ ၂ယောက်က အထီးတွေဆိုတော့ Project Site ထဲသာ ဆရာလုပ်ဖို. အော်ဟစ်ချင်ကြတာလေ၊ ကွန်တစ်လုံးနဲ့ တကုပ်ကုပ် သင်္ချာတွက်ဖို. တစ်ယောက်မှ စိတ်မ၀င်စားကြတာ)
ဘာဖြစ်ဖြစ် ရာထူးတတ်ပေးထားတာဆိုတော့လဲ စိတ်မ၀င်စားပေမယ့် ဟုတ်ကဲ့ပါ ဘာညာပေါ့..



ဒီလိုနဲ့ ဂျီပီအက်စ်ကြီးကြည့်ပြီးမောင်းလာတာ.. သူ.ဂျီပီအက်စ်ကြီးကလဲ အော်သဗျ..
Turn Left တို. Turn right တို.

အနော်လဲ သိပ်သိပါဘူး. သူ.ဘာသာမောင်းနေတာ လွှတ်ထားလိုက်ပြီး၊ Youtube ထဲက Rehanna ကိုငေးနေလိုက်တယ်..
ဘောစိက အဲကောင်မလေးကို သိပ်ကြိုက်တာ..
ဆရာတပည့်တွေအားရင် Bora နဲ့ Rehanna နဲ့ အပြိုင် ဘယ်သူပိုချောကြောင်း ငြင်းရတာ အမော...
(အမှန်တော့ တစ်ယောက်က အရှေ. တစ်ယောက်က အနောက်သူ.. ဘယ်လိုမှ ယှဉ်မရသူတွေ)

ဂလိုနဲ့ပေါ့လေ.... ဒန် တန်. တန်
Delma Mall ဆိုတာကြီးကို ကျော်လာကြတယ်..

အဲဒီမှာတင် ပြသနာက စတာဘဲ.. သူကမေးတယ်.. ဘယ်ဆက်မောင်းရမလဲတဲ့

အနော်ကလဲ မှတ်ထားသလို သေချာပြောတာဘဲ.. မီးပွိုင်.မရောက်ခင် ပလက်ဖောင်း၂ခုအလို လမ်းကိုချိုးလို.

သူက ဘုကြည့်ကြည့်တယ်.. ငါက မီးပွိုင်.ရောက်ပြီးမှ၊ နောက်ပြန်လှည့်ရမှာလားတဲ့.. ဘယ်ပလက်ဖောင်းလဲတဲ့..
ဒါလဲ အနော်လဲ မှတ်မိသလောက်ပြောတာပေါ့.. အဲဒီနားမှာ Etisalat ဖုန်းကဒ်ရောင်းတဲ့ဆိုင်ရှိတယ်လို.
ခက်တာက Etisalat ဖုန်းကဒ်ရောင်းတာက နေရာတိုင်းလိုလိုဘဲ...

ထားပါလေ.. ဒီလိုနဲ့ မီးပွိုင်.ထိသွားစရာမလိုဘဲ လမ်းတွေ.သွားကြတယ်.. အဲဒီမှာ Texas ဆိုတဲ့ ထမင်းဆိုင်ရှိတယ်.. နောက်ဆို အဲဒီဆိုင်ကို မှတ်ရမယ်..

ဒီလို ဒီလိုနဲ့ပေါ့.. တံတားပေါ်ရောက်လာပြီး၊ အ၀ိုင်းပတ်တွေကိုရောက်တော့ ဘယ်အ၀ိုင်းကနေ ဆင်းရမလဲတဲ့..
အနော်က ပြောတာပေါ့ ကားတိုက်ခံရလို. ပျက်စီးနေတဲ့ ဆိုင်းဘုတ်လေး ထောင်ထားတဲ့ အ၀ိုင်းလို.
သူက ဘုကြည့်ကြည့်တယ်.. နင် နောက်နေတာလားတဲ့
အနော်လဲ မျက်လုံးလေး ကလယ်ကလယ်နဲ့ ခေါင်းယမ်းရတော့တာပေါ့.. ဟုတ်ပါဘူး.. ငါတကယ်ပြောတာ ဆိုင်းဘုတ် တစ်ခုက တကယ်ကြီးကို ယိုင်နဲ့နေတာလို.
ကံမကောင်းချင်တော့ ဆိုင်းဘုတ်တွေအကုန်က ကောင်းနေတယ်..
ဘယ့်နှယ်ဗျာ.. အဲဒီ အဆောင်ကို ပြောင်းတာ ၃လကျော်ပြီ၊ တခါမှ ပြင်မထားဘဲ အမြဲရွဲ.စောင်းနေတဲ့ ဆိုင်းဘုတ်က ဒီနေ့မှ ပြင်ပြီးရတယ်လို.  .. >:(

ဒီလိုနဲ့ပေါ့လေ... သူ.ကားကြီးကို အ၀ိုင်း၃ခုမှာ ၈ခါလောက် ပတ်ပြီးတဲ့သကာလ Housing Manager ကိုဖုန်းခေါ်တယ်.. ပြီးတော့ ဟောက်လိုက်သေးတယ်.. ၀န်ထမ်းတွေကို Housing Location ပါတဲ့ မြေပုံပေးထားသင့်တယ် ဘာညာနဲ့ပေါ့လေ..
အနော်ကတော့ မတိချင်ယောင် ဆောင်နေလိုက်တယ်..

ဂလို ဂလိုနဲ့ မောင်းလာကြတာ... အဆောင်က Model School နားမှာတဲ့..
Model School လဲရောက်ရော.. ဘောစိက ဘယ်ချိုးရမလား၊ ညာချိုးရမလားတဲ့..

အယ်.. မေးပြန်ပြီနော်.. ခုနကတည်းက Housing Manager ကို သူသေချာမေးသင့်တာကြီးကို.... ခုတော့.. ရက်စက်ပြန်ပြီ..
ထုံးစံအတိုင်း မျက်လုံးလေး ကလယ်ကလယ်နဲ့ သွားဖြီးပြတော့..
ဘောစိ.. သူ.ထိပ်ပြောင်ကြီးကိုပွတ်ပြီး ချွေးတွေသုတ်တယ်..
ပြီးတော့ Housing Manager ကို ဖုန်းထပ်ခေါ်တယ်..

နောက်ဆုံး အဆောင်ရှေ.ရောက်တော့ အနော့်ကိုချပေးပြီး မှာသွားတယ်၊ မနက်ဖန်ကို Housing Manager နဲ့ အစည်းအဝေးလုပ်မယ်တဲ့....

ကျလိ ကျလိ..
 (အမှန်ဆို သူကံကောင်းတာ .. အရင်တခါ သယ်ရင်းတစ်ယောက်ဆို အိမ်ပြန်လိုက်ပို.တာ ၃၀မိနစ်ခရီးကို၊ ၃နာရီလောက်မောင်းလိုက်ရတယ်..)

1 comment:

  1. ဆုလည်းအဲလိုပဲ..ဘယ်သွားသွား..လမ်းမမှတ်ထားလို့..လမ်းမညွှန်တတ်ဘူး..ဟီး.:D

    ReplyDelete