Tuesday, July 30, 2013

ရေးမိရေးရာ တွေးမိတွေးရာ...း)

မနေ့ညက အိပ်မက်ဆိုးတွေမက်တယ်..
မက်တာမှ တစ်ခုတည်းတောင်မဟုတ်ဘူး..
အများကြီးမက်တာ.. အိပ်မက်မက်လိုက်.. ပြန်နိုးလိုက်..
ခဏနေ ထပ်မက်.. ပြန်အိပ်.. ပြန်မက်နဲ့ အိပ်မက်ဆိုးပေါင်း ၅ခုလောက် တစ်ညတည်းမက်ခဲ့တယ်

အိပ်မက်တွေထဲမှာ ကျွန်တော် သေနေတယ်.. အခြားလူသေတွေကလဲ နဘေးမှာ.. ကျွန်တော် ခန္ဓာကိုယ်က အေးစက်နေတယ်..
နောက်တစ်ခုမှာ မီးလောင်ပြီး တိုက်ပေါ်ကပြုတ်ကျတယ်..
ကားတိုက်ခံရတာရော.. ကောင်မလေးတစ်ယောက်က ပါးရိုက်သွားတာပါ ပါသေးတယ်..

ဒီလောက်အိပ်မက်ဆိုးတွေမက်မှတော့ ကျွန်တော် တော်တော်ကံဆိုးနေပြီဆိုတာ သတိရမိတယ်..
ဟုတ်တယ်.. ကျွန်တော် ဘုရားမရှိခိုးတာ တော်တော်ကြာပါပေါ့လား..
တနေ့ တနေ့.. ဘုရားစင်ခေါင်းရင်းမှာ ထားပြီး၊ ပန်းတောင် မလဲဖြစ်တာ နှစ်နဲ့ ချီတော့မယ်..

စိတ်တွေလဲ အရမ်းကို လေနေသလိုဘဲ.. ဘာမှ တွယ်တာစရာမရှိတဲ့ လောကကြီးက တော်တော်လဲ ပျင်းစရာကောင်းလွန်းတယ်.. အထူးသဖြင့် ဘာမှ ထူးထူးခြားခြားမရှိတဲ့ ကျွန်တော့် နေ့ရက်တွေကို ငြီးငွေ.နေမိတယ်..

ဒီကြားထဲ အားလွန်းနေတော့  SISTAR သီချင်းတွေကို နောက်ခံတီးလုံးယူပြီး၊ စာသားအချို.ပြောင်းထည့်ရင်း သီချင်းလေး၂ပုဒ် ဖန်တီးမိသေးတယ်။






ကိုယ့်ဘာသာ Laptop တစ်လုံးနဲ့ Skype ပြောတဲ့ မိုက်နဲ့ အသံသွင်းထားတာ.. အသံလဲ မကောင်းပါဘူး။ နားထောင်ရတာလဲ တော်တော်ဆိုးတယ်။း) အပျင်းတော့ ပြေသားဗျ။ ၃ရက်လောက် အချိန်ပေးရတယ်...

စာတွေလဲ ရေးဖြစ်တယ်.. ဒါပေမယ့် တခုမှ အဆုံးမသတ်နိုင်လို. ဒီတိုင်း ပစ်ထားတာ။ တနေ့နေ့တော့ ပြီးအောင်ရေးမှာပါ။ ဒီကြားထဲ ကာတွန်းလေးတွေ ဆွဲဖြစ်သေးတယ်။ 








အ၀ါရောင် ပန်းချီကားလေးကလွဲလို. ကျန်တဲ့ ကာတွန်းလေးတွေက ကျွန်တော့်ဖုန်းလေးနဲ့ ရေးခြစ်ထားတာလေးတွေပါ။ 
ကျွန်တော်လေ.. အဖေနဲ့ အမေကို ကျေးဇူးသိပ်တင်တယ်။ 
ထမင်းစားတတ်၊ အလုပ်လုပ်တတ်တဲ့ လက်တွေအပြင် စိတ်ကူးတည့်ရာ ရေးခြစ်ဆွဲတတ်တဲ့ လက်၊ ရင်ထဲရှိရာ ပုံဖော် ချရေးတတ်တဲ့ လက်ကလေးတွေ ရထားလို.ပါ။ ကျွန်တော် professional ဖြစ်တဲ့အထိမတတ်ပေမယ့်၊ သာမန်ထက်တော့ နဲနဲလေး စိတ်ကူးကို အကောင်အထည်ဖော်နိုင်တယ် ထင်တာဘဲ။ အရမ်း အထီးကျန် စိတ်ညစ်နေချိန်မှာ ပုံလေးတွေချဆွဲရတာ ကျွန်တော့်အတွက်တော့ တကယ် တန်ဖိုးရှိတဲ့ အကျင့်လေးတစ်ခုပါ။

ကဲ.. အိပ်မက်ဆိုးကနေ ဘာမဆိုင် ညာမဆိုင် သီချင်းတွေနဲ့ ကာတွန်းတွေဆီ ရောက်သွာတယ်။
ဘလော့လေးလဲ မရေးတာကြာလို. ဖုန်တတ်နေမှာစိုးလို. လာရေးတာ..
ခုတလော.. အချိန်တွေကုန်တာ သိပ်နှေးလွန်းနေတယ်..

No comments:

Post a Comment