Saturday, June 16, 2012

Ms Purple .... Vol (1)


ညက တစ်ညလုံးမအိပ်ရသေးသဖြင့် အရမ်းပင်ပန်းနေသည်။ နာရီကို ကြည့်လိုက်တော့ မနက် ၉း၀၀ ထိုးနေပြီ။

လုပ်လက်စအလုပ်တွေ လက်စသိမ်းရင်း၊ fridge ဆီသွားကာ နွားနို.ပုလင်းကို အဖုံးဖွင့်ပြီး သောက်လိုက်သည်။ အားနည်းနည်းပြည့်သလိုခံစားရပြီး၊ အိပ်ဖို. စဉ်းစားလိုက်သည်။

နာရီကို တစ်ချက်ကြည့်ကာ နှိုးစက်ကို ညနေ၃း၀၀ ချိန်လိုက်သည်။

၃း၀၀နာရီ ထနိုင်မှ ၃း၃၀ အိမ်ကထွက်ပြီး၊ ညနေ၄နာရီ အစည်းအဝေးမှီမည်ဖြစ်သည်။ ခုတလော ကားလမ်းတွေ အရမ်းပိတ်ထားသတိထားမိသောကြောင့် အစည်းအဝေးချိန်မတိုင်မှီ တစ်နာရီစောထရန် ကြံမိခြင်းဖြစ်သည်။

ကိုယ်ပိုင်ကားရှိတာ ကားပိတ်ချိန်နဲ့ ကားပါကင်ထိုးဖို. နေရာရှာရချိန်များတွင် တော်တော်ကသီလင်တနိုင်လှသည်။ ဒါကြောင့် ကိုယ်ပိုင်ကားမထားချင်သော်လဲ အလုပ်လိုအပ်ချက်ကြောင့် သုံးနေရသည်သာဖြစ်သည်။

“၀ါး…” အိပ်ရာထဲမှာ အားရပါးရ ပျင်းကြောဆန်.ရင်း စအိပ်ဖို.ကြိုးစားလိုက်သည်။

၁မိနစ်

၂မိနစ်

၃မိနစ်

“I feel so cool cool cool……  x x x …..x x x…..rock in like this…..”

အိပ်ပျော်လု ပျော်ခင်အချိန်မှာ ဆူညံစွာ နားထဲဝင်လာသော သီချင်းသံနဲ့အတူ ၀ုန်းဝုန်းဒိုင်းဒိုင်း ခုန်ပေါက်သံတွေ….. အား….. ဘယ်လို အိပ်ရမှာပါလိမ့်

 “What the hell is it? Shit” ခပ်ကျိတ်ကျိတ် ရေရွတ်လိုက်မိသည်။

ဟုတ်တယ်လေ…. ဒီလိုအသံတွေကြားမှာ ဘယ်လိုအိပ်ပျော်နိုင်မှာလဲ…

လူကလဲ အရမ်းပြိုင်းနေပြီ…. ခေါင်းတွေလဲ တော်တော်ကိုက်နေပြီ….. ဘေးအခန်းက သီချင်းသံကလဲ ပိုပိုဆူညံလာသည်။

အိပ်ရာဘေးက ဖုန်းကို ယူလိုက်ပြီး Housing Security နံပါတ်ကို မြန်မြန်နှိပ်လိုက်သည်။

“Good Morning, Housing Security. May I help you?”

“Hi, I’m from Room 19. Can you please tell to Room 18 to lower the music volume? Because of I was really sick & sleeping. Their music and noise are really disturbing me. Thanks for your kindness”

နေမကောင်းဘူးဟုပါ ပိုပိုသာသာလေး ညာပြောလိုက်သည်။ အဲလိုမှ မဟုတ်ရင်လဲ မနက် ၉း၀၀ မှာ အိပ်နေတဲ့ ကိုယ့်ကို ဘယ်သူမှ ကူညီချင်မှာ မဟုတ်တာ သေချာသည်လေ။

သီချင်းသံတွေက ဆူညံနေတုန်းပါဘဲ။

၁မိနစ်

၂မိနစ်

၃မိနစ်

ဘဲလ်တီးသံကြားရသည်။

စကားပြောသံအချို.။

သီချင်းသံရပ်သွားပြီ။

ကခုန်တာတွေ ငြိမ်သွားသည်။

စကားတွေ ပြောနေကြတုန်းဘဲ…..

အိပ်ပျော်သွားသည်။ ဘာကိုမှ မသိနိုင်တော့လောက်အောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။





တီ တီ တီ တီ…… တီ တီ တီ……

မျက်လုံးမဖွင့်ဘဲ နှိုးစက်ကို ပိတ်ဖို. ကြိုးစာသည်။ STOP….. ဒါပေမယ့်

တီတီတီတီ….

နှိုးစက်ကို ထပ်ပိတ်တယ်…. အသံက မြည်နေတုန်းဘဲ… သေချာနားထောင်ကြည့်တော့မှ…. ဒါနှိုးစက်အသံမဟုတ်မှန်းသေချာသွားသည်….. လူခေါ်ဘဲလ်ကို တစုံတယောက်နှိပ်နေသည်ဘဲ….

“Haaaaa….SHIT!”….. စိတ်လိုလက်ရ ကောက်ဆဲပလိုက်မိသည်…

ဟုတ်တယ်လေ…. မအိပ်ခင်ကလဲ တမျိုး၊ အခု အိပ်ပျော်တော့လဲ အနှောင့်အယှက် နောက်တမျိုး.. မထချင်သဖြင့် ပေကပ်ပြီး အိပ်နေသည်။ မရ…..

ဘဲလ်တီးရုံတင်မက တံခါးကိုပါ တဒုန်းဒုန်းထုနေပြီ….

ဒုန်း…ဒုန်း….ဒုန်း…..

တီ တီ တီ….

ဒီလောက်တောင် အသဲအသန်ခေါ်တာ ဘယ်သူများပါလိမ့်….ရုတ်တရက် စဉ်းစားမိသည်….

ဟာ…..မီးတွေဘာတွေများ လောင်နေသလားမသိ…..ထိုအတွေးကြောင့် ရုတ်တရတ် အိပ်နေရာမှ တံခါးဆီသို. ထပြေးဖြစ်သည်။

Intercom ကိုတောင် ဖွင့်မနေတော့ဘဲ တံခါးကို ၀ုန်းခနဲ ဆွဲဖွင့်လိုက်သည်။

အဲ……………..

ကောင်မလေး ၂ယောက်…..၁ယောက်က ဖြူဖြူ ဆံပင်တိုတိုနဲ့….နောက်၁ယောက်က ညိုညို ဆံပင်ရှည်ရှည်နဲ့…..

နဲနဲတော့ စိတ်တိုသွားသည်…သူတို.ကိုလဲ မသိဘဲနဲ့  ဘာလို. အိမ်တံခါးကို အဲလောက်ခေါက်နေပါလိမ့်….

အိမ်မှားတာဘဲ နေမှာပါ…. ခေါင်းထဲမှာ မျိုးစုံတွေးမိသည်။ မျက်မှောင်ကုတ်ထားရင်း ဘာမှ မပြောဘဲ ခပ်တင်းတင်းကြည့်နေလိုက်သည်…. ဘာလေးတွေမှန်းလဲ မသိဘူး……..

သူတို.ကလဲ မခေဘူးဘဲ…. မာန်ချီထားတဲ့ ရုပ်ကလေးတွေနဲ့…..

“Where is sick person?”  ရုတ်တရက် အဖြူမလေးက စမေးသည်။ (အသားဖြူဖြူလေးမို.လို.ပါ)

နဲနဲကြောင်သွားသည်။ ဘာတွေလာမေးနေပါလိမ့် “Who is sick?” ခပ်တည်တည် ပြန်မေးလိုက်သည်။

“Are you this room owner?” အဖြူမလေးက ဆက်မေးသည်။

“Yes. This is my room. I stayed alone. Nobody sick here. I’m super healthy. What’s up! Are you Nurse?” ခပ်တည်တည်နဲ့ ဘုတောလိုက်သည်။ သူနာပြုရုပ်တွေ မဟုတ်မှန်းတော့ သိသားဘဲ။

ကောင်မလေးလဲ တော်တော်တင်းသွားပုံရသည်။ ဒါပေမယ့် စွာတော့ အစွာသား….. “You are such a liar. You tell to security that you are sick and almost die. Thus why we come and check you.”

သြော်…..ခုမှ သတိရသွားသည်။ မအိပ်ခင်က Security ကို ညာပြောခဲ့သည်ဘဲ။ ဟူး…..ညာတာပေါ်သွားပြီ။ I’m super healthy လို. ပြောခဲ့ပြီးပြီလေ….

ဒါပေမယ့် ဟန်ကိုယ့်ဖို.ဘဲလေ… “Yes. I’m not sick. But you guys are really noisy. I lie. So what? What you wanna do?” ခပ်တည်တည်နဲ့ ဟောက်ပလိုက်တယ်။


ဆက်ရန်...............

8 comments:

  1. မြန်မြန်လေးဆက်ပါရန်။ နေကောင်းမကောင်း လာချက်ခ်တဲ့ကောင်မလေးနှစ်ယောက်စိတ်ထားလေးက ချစ်ဖို့ကောင်းလိုက်တာ။

    ReplyDelete
    Replies
    1. Ammmmm. I still thinking of how to continue that story. Give me some advise pls...how should i continue??? :) hee hee

      Delete
  2. ဖြူဖြူလေးကချည့် နေကောင်းမကောင်းစစ်နေတာမို့ အညိုနဲ့အဖြူလေးကို စိတ်ထားပြောင်းပြန်လေးထားပီး ဆက်ရေးကြည့်ပေါ့၊ နှစ်ယောက်လုံးကလည်း ကိုယ့်ကိုခိုက်တယ်ပေါ့၊ အစကတော့ အညိုလေးက အဖြူလေးခေါ်လာလို့သာလိုက်လာတာ အဲ့လောက်စိတ်ထားမကောင်းဘူးပေါ့ ဘာညာဘာညာပေါ့ဟာ..ဟက်ဟက်။ လျောက်ပြောတာနော် TG :D ငါ့ညီမ စိတ်ကူးလေးတွေဖတ်ချင်တာလေ ကွ။

    ReplyDelete
    Replies
    1. Thank you for ur idea sis. I will try to continue tonight. Now at work. :)

      Delete
  3. Tommy..လည်း..ဒီလိုလေးစွာတတ်တာပဲနော်..ကောင်မလေးတွေထက်..Tommyက..ပိုပြီးချစ်ဖို့ကောင်းတယ်...းP

    ReplyDelete
    Replies
    1. Heeeee. This is just my creative idea only. It's not me. :)

      Delete
  4. တိပါဘူး...အရေးအသားကောင်းလွန်းလို့..တကယ်လို့ထင်သွားတယ်...:D

    ReplyDelete