ဒီနေ့ နားရက်လေးရလို. ကောင်းကောင်းအိပ်မယ် စိတ်ကူးထားတာ၊ မနက်စောစောစီးစီး အလုပ်ကခေါ်တဲ့ ဖုန်းကြောင့် အိပ်ရာက နိုးရတယ်။ မုန်းလိုက်တာ။ အိပ်ရာကနိုးပြန်တော့ ဘာလုပ်ရမယ်မှန်း သေသေချာချာကမသိ။ ဒီလိုနဲ့ဘဲ အနားက remote လေးကိုယူ၊ TV channel တွေလျောက်ရှာ၊ KBS နဲ့ ARARANG ကလဲ စောစောစီးစီးဆိုတော့ ဘာမှကောင်းကောင်းမလာ။ နောက်ဆုံးတော့ လက်ပ်တော့လေးကို ကောက်ကိုင်ရတော့တာပေါ့။
မျက်လုံးတွေ အရမ်းအားနဲနေလို. ကွန်ပျူတာ မသုံးဘူးလို. ဆုံးဖြတ်ထားပေမယ့်လဲ၊ နောက်ဆုံးတော့ .... .... တတ်နိုင်ဘူးလေနော်။ လောကကြီးမှာ ၁ယောက်ထဲ ရှိနေချိန်၊ အင်တာနက်လေးမှ မသုံးရရင် ဘာလုပ်ရမှာလဲ။း) နောက်မှဘဲ ဆေးသောက်တော့မယ်ဟာ။ ခုလောလောဆယ်တော့ မေမေ့ကို online မှာစောင့်ပြီး၊ စကားတွေ တ၀ကြီးထိုင်ပြောဦးမယ်။
တာ့တာ
No comments:
Post a Comment