ဒီနေ့တော်တော်ပျော်မိတယ်။ အလုပ်ထဲမှာလဲ အဆင်ပြေတယ်။ Complaint တွေလဲ ထင်သလောက်မလာဘူး။ ဘိုးတော်ကလဲ နဲနဲကြည်နေတယ်။ ၀န်ထမ်းတွေလဲ သိပ်ဂဂျီဂဂျောင်မကျဘူး။ အိပ်ရေးပျက်တာများလို. နဲနဲပင်ပန်းတာနဲ့ ဖိနပ်အသစ်ကြောင့် ခြေထောက်နာတာကလွဲရင် အားလုံးနီးပါး အဆင်ပြေတယ်။
မနေ့ညက နင့်ကို အိပ်မက်မက်တယ်။ ဘာမှထွေထွေထူးထူးတော့မဟုတ်ပါဘူး၊ နင့်မျက်နှာလေးကို အိပ်မက်ထဲမှာ တွေ.လိုက်ရတယ်။ နင်နေမှကောင်းရဲ့လားကွယ်။ နင့်ချစ်သူအသစ်က နင့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ပေးရဲ့လား။ ပိန်ချင်လို.ဆိုပြီး ၀ိတ်သိပ်မလျော့ပါနဲ့ဟာ၊ ကျန်းမာရေးကအဓိကပါ။ တခါတခါ Lobby ကိုဖြတ်သွားတိုင်း နင့်ကိုလွမ်းတယ်။ နင်ရပ်နေကျ counter ဘက်ကိုငေးပြီး နင့်ကိုပြုံးပြခဲ့ရတာ အမော။ နင်ညဂျူတီကျတိုင်း ငါ၁ယောက်တည်း အခန်းထဲမှာ အထီးကျန်လွန်းလို. အလုပ်ကိုလာကြိုခဲ့မိတဲ့ အချိန်တွေကိုလွမ်းမိတယ်။ ငါအလုပ်ကပြန်ရောက်ချိန်၊ နင်အိပ်ရာကထပြီး တကူးတကထချက်ပေးတဲ့ ခေါက်ဆွဲပြုတ်လေး ထပ်စားချင်သေးတယ်ဟာ။ ငါတို.၂ယောက်ကလဲ ကောင်မလေး၂ယောက်ဖြစ်ပြီး၊ ခေါက်ဆွဲပြုတ်တစ်မျိုးဘဲ ချက်တတ်တာကလဲ ရီစရာဘဲနော်။ အခုတော့ နင့်ချစ်သူအသစ်က နင့်ကို ဟင်းကောင်းကောင်းချက်ကျွေးမယ်ထင်တယ်နော်။ ဒါမှမဟုတ် နင်ကိုယ်တိုင်ဘဲ ဟင်းချက်နည်းတွေသင်ပြီး ချက်ကျွေးနေပြီလား။
ငါလဲ ခုထိ ဘာအကြောင်းဘဲ တိုက်ဆိုင် တိုက်ဆိုင် နင့်ကိုဘဲ သတိရနေမိတာ အကျင့်ပါနေပြီထင်တယ်ဟာ။ Anyway i miss you babe.
No comments:
Post a Comment