သူများတွေ New Year မတိုင်ခင် လခတွေရကုန်ကြပြီ...
ကျွန်တော်ကျ ရသေးဘူး... မုန်းလိုက်တာ
ပိုက်မချိတော့ဘူး...ဘယ့်နှယ်လုပ်ရပါ့
လကလဲ ကုန်မကုန်နိုင်ဘူး
ဖြစ်နိုင်ရင် LG mobile အသစ်လေးကိုင်ချင်တယ်... ဈေးတွေကလဲ ခေါင်ခိုက်နေတယ်..း(
Galaxy Note 1 ကြီးက ရွဲနေပြီ... လှတော့ဘူး
မေကြီးကို မုန်.ဖိုးလှမ်းတောင်းဖို.လဲ မျက်နှာပူတယ်...
ဧပြီလကျရင် ရန်ကုန်ပြန် သင်္ကြန်မှာကဲမယ်...
သင်္ကြန်မတိုင်ခင် စိုင်းစိုင်းမွေးနေ့အမှီပြန်ဦးမယ်...
ကျွန်တော်က စိုင်းစိုင်းကို အရမ်းချစ်တာ (ကြိုက်တာမဟုတ်) ... .း)
ကျောင်းသားဘ၀ကတည်းက လေးစားခဲ့ရတဲ့ ဂီတဟီးရိုး တစ်ယောက်ပေါ့
စိုင်းစိုင်းရဲ့ သူငယ်ချင်းများစွာ နားထောင်ပြီး သူငယ်ချင်းတွေ မျက်ရည်ကျခဲ့ကြတာ ခဏခဏ
ခုလောလောဆယ်.. စာနဲနဲရေးနေတယ်...
လူဖတ်မများပေမယ့် ဆက်ရေးနေဆဲ girlxgirl စာတချို.
ဇွဲရှိရှိနဲ့ ဆက်ရေးနေဆဲပါဘဲ... တနေ့နေ့တော့ လောကကြီးက ကျွန်တော်တို.လို လူတွေအတွက် နေရာတစ်ခုပေးလာမယ်လို. မျှော်လင့်တာဘဲ... မပေးလဲ ပြသနာတော့မရှိပါဘူး... ဆက်လက်ရှင်သန်နေမှာဘဲလေ...း)
ကြက်တောင်ရိုက်ခြင်းနဲ့ ပန်းချီဆွဲခြင်းကို နေ့တိုင်းလိုလို လုပ်ဖြစ်နေတယ်...
အလုပ်ထဲမှာလဲ အားနေ ဖုန်းတစ်လုံးနဲ့ ဟိုခြစ် ဒီခြစ်...
ကော်ဖီလျော့သောက်မယ်ဆိုပြီး၊ လက်ဖက်ရည်ပိုသောက်ဖြစ်နေတာ..ဘာမှတော့ သိပ်မထူး..
အပျင်းတွေများပြီး ပိုပိုဝလာတယ်...ေိခိ
ဆံပင်တွေတောင်ရှည်နေပြီ...
ခုတလော အရမ်းအရမ်း ပျင်းနေတယ်..း)
No comments:
Post a Comment