Monday, December 31, 2012

New Year 2013

Happy ကိုထည့်မရေးဖြစ်တော့ဘူး....
ကျွန်တော့်ရဲ့ ၂၀၁၃ အကြိုပွဲလေးက မလှပဘူးဗျာ...
ထုံးစံအတိုင်း အရက်နဲ့ကြိုဆိုကြတဲ့ သူငယ်ချင်းတွေကြောင့်၊ Count Down မတိုင်ခင် ၁မိနစ်အလိုမှာ ရန်ဖြစ်ကြတယ်...
သွေးတွေမြင်မကောင်းအောင် ကြမ်းပေါ်မှာပေပွပြီး၊ ဆဲဆိုရန်ဖြစ်သံတွေနဲ့ နှစ်သစ်ကိုကြိုဆိုခဲ့ကြတယ်
တစ်ကိုယ်ကောင်းဆန်တယ်ပြောချင်ပြော ကျွန်တော်ကတော့ Ear Phone ကိုနားမှာတပ်ပြီး သူတို.ရန်ပွဲထဲ ၀င်မပါဘဲ ထောင့်တစ်ထောင့်မှာ ငြိမ်နေခဲ့တယ်...
ဝင်ရောက်ဆွဲလွဲ ဖြန်ဖြေတဲ့ သူငယ်ချင်းမလေးတစ်ယောက်ကတော့ လက်ဖျံရိုးအက်သွားမယ်ထင်တယ်..
ယောကျာ်းလေးတွေ ရန်ဖြစ်တဲ့ပွဲမှာ ကိုယ်နဲ့မဆိုင်သလို ခပ်ဝေးဝေးကနေ ပွဲကြည့်ပရိတ်သတ်ဘဲလုပ်နေတာ ပိုကောင်းမယ်လို. ထင်လို.ပါ...
အမှန်အတိုင်းပြောရရင် ကျွန်တော် တော်တော်စိတ်ပျက်သွားတယ်...
နှစ်သစ်ရဲ့အစဦးဆုံးအချိန်မှာ သွေးရဲရဲတွေကို မမြင်ချင်ဘူး...
ဆဲဆို မူးရစ် ရန်ဖြစ်သံတွေမကြားချင်ဘူး...
ဒါပေမယ့် မထင်မှတ်တာတွေဖြစ်လာခဲ့တယ်..
ဘယ်သူကမှလဲ ဖြစ်လာလိမ့်မယ်လို. မျှော်လင့်မထားခဲ့ကြပါဘူးလေ..
စိတ်ကိုလျော့ပြီး၊ သူတို.အားလုံး ရှုပ်နေချိန်မှာ ဘယ်သူ.ကိုမှ နှုတ်မဆက်ဘဲ ခပ်တိုးတိုးလေး ထွက်လာခဲ့တယ်...
သူငယ်ချင်းလူမျိုးခြားတွေနဲ့ မပျော်ချင်လို.၊ မြန်မာတွေရှိတဲ့အရပ်ကို တကူးတကသွားပြီး New Year ကို ကြိုဆိုခဲ့တာ... ခုတော့ မထင်မှတ်တာတွေ ဖြစ်လာတယ်..
သူငယ်ချင်းတွေက ဖုန်းဆက်ပြီး တောင်းပန်ပေမယ့်.. ကျွန်တော် တကယ်ခွင့်လွှတ်စကား ဒီအချိန်မှာ မပြောချင်လို. ဖုန်းကို ပိတ်ထားတယ်...
အမူးမပြေသေးတဲ့ တောင်းပန်သံက ဘာအကျိုးရှိမှာလဲနော်
သေချာတာကတော့ New Year က အတိတ်နိမိတ်ဆိုးနေသလိုဘဲ....

2 comments:

  1. ဆုကတော့..new..year.ညကို.ထုံးစံအတိုင်း..အိမ်မှာပဲတိတ်တိတ်ဆိတ်ဆိတ်ကုန်ဆုံးခဲ့တယ်...ဘု၇ားဝတ်ပြုဆုတောင်းခဲ့တယ်..တကယ်ကိုငြိမ်းချမ်းခဲ့ပါတယ်...2012.၇ဲ့နာကျည်းစ၇ာတွေကို..နောက်ဆုံးအနေနဲ့..တိတ်တိတ်ဆိတ်ဆိတ်..ငိုကြွေးခဲ့သေးတယ်...:)

    ReplyDelete
  2. ကျွန်တော်ကတော့ ၂၉၁၂ အကုန်က ဝေဒနာတွေ ပြီးပြီမှတ်တာ..
    ၂၀၁၃ အစမှာ မြွေလာဖမ်းနေသေးတယ်...း(

    ReplyDelete