Friday, December 14, 2012

The Last Day


ကလေးတွေနဲ့ သူတို.မေမေကို ပန်းခြံမှာထားခဲ့ရပြီ
သူတို.မေမေကတော့ အပြင်ထွက်ပြီး နေရာသစ်ကို လေ့လာနေတယ်
ကလေးတွေက သိပ်ငယ်သေးပါတယ်
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ မိုးဖွဲဖွဲရွာနေတယ်
ကျွန်တော့်ကလေးတွေ ကျန်းကျန်းမာမာကြီးပြင်းနိုင်ပါစေ
ဟုတ်ကဲ့...အခုတော့ ကြောင်လေးတွေကို အစာကျွေးတာ အလကားနေ မကျေနပ် အပြစ်ပြောတတ်တဲ့
အရှေ.ခန်းက ဦးလေးကြီး ၀မ်းသာနိုင်ပါပြီ
ကြောင်အော်သံ သေးသေးလေးကို ဆူညံတယ်ပြောတဲ့ ဘေးခန်းက အစ်ကိုကြီးလဲ ပျော်လိုက်ပါ
ကလေးကျန်းမာရေးထိခိုက်တာ အခန်းထဲက ကြောင်တွေကြောင့်ဆိုတဲ့ တစ်ခန်းကျော်က မိသားစုလဲ ခင်ဗျားတို.ကလေး ကျန်းမာရေးကောင်းဖို.အတွက် ကျွန်တော့်ကလေးတွေစတေးလိုက်ပါပြီ

ခင်ဗျားတို.သိကြရဲ့လား သူတို.လဲ ကလေးလေးတွေပါဘဲ
လူမဟုတ်ပေမယ့် အသက်ရှိပါတယ်
သူတို.လဲ ကြောက်မှာပေါ့ဗျာ
မွေးကတည်းက တစ်ခါမှ မမြင်ဘူးတဲ့ ကောင်းကင်ပြာပြာကြီးနဲ့ လေကြမ်းကြမ်းတွေကို
ကျွန်တော့် ကလေးတွေ ခံနိုင်ရည်ရှိပါ့မလား
ကျောက်တုံးတွေနဲ့ မြက်ခင်းမှာရော အိပ်နိုင်ပါ့မလား
အခြားကြောင်တွေက ကလေးတွေကို ကိုက်ကြ၊ ရန်ရှာကြဦးမှာလား

ကျွန်တော်ဆုတောင်းပါတယ်..
ဖြစ်လေရာဘ၀တိုင်းမှာ ကျွန်တော့်ကလေးလေးတွေ ကံကောင်းနိုင်ကြပါစေ...
ခုတော့ အရမ်းအရမ်း ၀မ်းနည်းနေတယ်

4 comments:

  1. စိတ်မကောင်းလိုက်တာ။ ကိုယ် ကြောင်မချစ်တတ်ဘူး။ ဒါပေမယ့် တော်မ့် ကိုလာ လေးကိုတော့ ချစ်တယ်။ ဒါတ်ပုံထဲမှာ မော့ကြည့်နေကြတာလေးက တကယ်ကို ဝမ်းနည်းစရာကောင်းလိုက်တာ။

    ReplyDelete
  2.ွှTommy..နဲ့ထပ်တူကြေကွဲဝမ်းနည်းရပါတယ်...ဆုလည်းကြောင်မချစ်တတ်ဘူး...ကလေးတွေအားလုံးသနားဖို့ကောင်းတယ်..အဲထဲမှာ..ကိုလာလေးကိုမြင်တော့..ဆုမခံစားနိုင်တော့ဘူး...အရာအားလုံးက..ကံတရားတွေပဲပေါ့ကွယ်...:(

    ReplyDelete
  3.း(
    ကျွန်တော့် အခန်းလေးထဲမှာ သူတို.အရိပ်တွေ ကျန်ခဲ့တယ်..
    ခဏခဏ ငိုနေမိတယ်..း(

    ReplyDelete
  4. တွန်ရယ်....ကလေးတွေရဲ့မျက်ဝန်းတွေကို ကြည့်ရတာ စိတ်မကောင်းလိုက်တာ...၊တွန်ဆိုဘယ်လောက်
    ခံစားလိုက်ရမလဲ.....၊ဟူး....ကမ္မသကာလို့ပဲဖြေပါတွန်.....။

    ReplyDelete