Thursday, November 8, 2012
သူငယ်ချင်းတို့ သိကြတဲ့အတိုင်းဘဲ ကျွန်တော့်မှာ သံယောဇဉ်လေးတွေ တိုးလာတယ်ပေါ့ဗျာ။
တိုးလာတဲ့ သံယောဇဉ်နဲ့အမျှ မယူချင်လဲ ယူရမယ့် ခေါင်းကိုက်စရာလေးတွေကလဲ စလာတယ်။
ချစ်စရာကြောင်လေးတွေကို မွေးပေးတဲ့ ကြောင်မေမေအတွက် အစာက အရင်လို အစာခြောက်ချည်းဘဲ ကျွေးလို.မဖြစ်တော့ဘဲ အားရှိအောင် အစာစိုထုပ်တွေပါ ၀ယ်ကျွေးရပြန်၊ နွားနို.တွေ ၀ယ်တိုက်ရပြန်ပေါ့။
အစာကျွေးရ ပြသနာမရှိပေမယ့် စိတ်ညစ်စရာအနံ့ဆိုးတွေနဲ့ သူ့ရဲ့ စွန့်ထုတ်စာတွေကလဲ လက်မခံလို.က မရပြန်ဘူး။ (ဒါတောင် ကြောင်မ မို.လို.တော်သေးတာလား) ဂျောက်ဂျက်တုန်းကဆို အထီးမို.လို.လားမသိ ရှူရှူးပေါက်တာက အစနံတာ။ သူတို.ရဲ့ Litter ပုံးကို ရိုးရိုးတောင်မဟုတ်ဘဲ အိမ်လို အမိုးလေးပါတာကို ၀ယ်ပေးထားလဲ အနံ့ကတော့ အချိန်တန်တော့ ပါလာတာဘဲ။
ဒီနေ့ကတော့ ဂျောက်မရှိကတည်းက ပထမဆုံး ကြောင်အီးသိမ်းရတဲ့တာဝန် ပြန်ရတာပေါ့ဗျာ။
နံတယ်ဗျာ... တော်တော်ဆိုးတယ်...ေိခိ..
ကြောင်မလေးကလဲ ရှက်နေတယ်ထင်တယ်.. သူ.Litter box ကိုရှင်းတော့ ဘေးကနေ တညောင်ညောင်နဲ့
အရင်ကတော့ မျက်မှန်နဲ့တုန်းက သိပ်စိတ်မပူပေမယ့်၊ ခုတော့ မျက်မှန်မရှိတော့ (ခွဲထားတာ သိပ်လဲမကြာသေးတော့) ဖုန်တွေလုံးပြီးတတ်လာတာကို လန့်ပြီ မျက်လုံးမှိတ်တာ၊ အမှိုက်အိတ်ထဲ တိုက်ရိုက်မထဲ့ဘဲ ကြမ်းပေါ်လောင်းချမိလို. အလုပ်ပိုရပြန်ရော။ နောက်ဆုံးတော့ ရေချိုးခန်းကြမ်းပါ သန့်ရှင်းရေးလုပ်၊ အစာခွက်တွေ ရေဆေး၊ အောက်ကို အမှိုက်ဆင်းပစ်ရနဲ့ မောထှာ...
နောက်ဆုံး ရေချိုးခန်းလေး သန့်သွားမှဘဲ စတော်ဘယ်ရီနံ့လေးပါတဲ့ ဖယောင်းတိုင်လေးထွန်းထားခဲ့ပြီး၊
ဒီပို.စ်ကိုရေးရင်း၊ လိမော်ရေလေးသောက်ကာ တွန်မီတစ်ယောက် အနားယူနေပြီဖြစ်ကြောင်း...
ဘေးမှာ သားသားမီးမီးတို.ရဲ့ ကျီကျီကျာကျာအသံလေးတွေကလဲ SISTAR ရဲ့ pop သီချင်းတွေထက်တောင် နားဝင်ချိုသေး...
ကဲ... ဇိမ်ယူလိုက်ဦးမယ်ဗျာ... နက်ဖန်၊ သန်ဘက်ခါ ၂ရက်တောင် နားတယ်...း)
4 comments:
  1. သားသမီးတွေနဲ့အလုပ်ရှုပ်နေတဲ့tommy.ပုံကိုမြင်ချင်လိုက်တာ...နားရက်တွေအများကြီးရတယ်...ကောင်းလိုက်တာ...:)
    ReplyDelete
  2. စောက်ပေါ ဘာတွေရေးမှန်းမသိဘူး
    ReplyDelete
    Replies
    1. ခံစားချက်ကို နားမလည်ပေးနိုင်ရင် ၀င်မဖတ်နဲ့ပေါ့ဗျာ...
ါ်)
      ကိုယ့်ယုံကြည့်ချက်နဲ့ ကိုယ်ရပ်တည်နေတာကို မထောက်ခံရင်နေပါ အနှောင့်အယှက်တော့ လာမပေးသင့်ဘူးထင်တယ်.. ပြီးတော့ ကိုယ့်နာမည်၊ account တောင် တရားဝင်ဖော်မပြနိုင်ဘဲနဲ့ ဒီလို ကွန်မန်.ရေးတဲ့ မဟာသတ္တိကြီးကို လေးစားပါတယ် ဟ၀ှာကြီူးရေ
      Delete