Wednesday, October 10, 2012

Sick Leave Day

ဒီနေ့ Tommy ဖျားနေတယ်။ ဖျားတာလဲ ကောင်းပါတယ် မနေ့ညက မဟုတ်တရုတ်ကြံစည်နေတာ မလုပ်ဖြစ်တော့ဘူးပေါ့။ မဟုတ်ရင် ဒီနေ့ ငိုနေလောက်ပြီ။း)
ဆန်ပြုတ်သောက်ချင်လို. Daw Q Te ဆီက နည်းတောင်းပြီး ပြုတ်သောက်ဖြစ်တယ်...

သူက ဆန်လက်တဆုပ်စာယူပြီး ရေဆေးဆိုလို. ဆေးလိုက်တယ်

ပြီးတော့ ချာမပြောတဲ့အတိုင်း ဆီ၂စက် (ထင်တာဘဲ) ထဲ့တယ်

မီးဖိုပေါ်တင်လှော်တဲ့၊ Tommy မှာ မီးဖိုမှမရှိတာ ပေါင်းအိုးနဲ့ဘဲ ဆွဲလိုက်တယ်

ရေထဲ့တယ်

စားလို.ရပြီ.. (အဲ..ကုန်မှ သိတယ် ဆန်တွေက မကျက်သေးဘူးဘဲး)

ဒီလို ဒီလိုနဲ့ဘဲ မနက်စာ စားပြီးသွားတယ်ဆိုပါတော့ဗျာ.....

စားပြီးလို. အိပ်ယာပေါ် ကျောလေးဆန်.မယ်လုပ်တော့၊ မဒမ်ဂျောက်ဂျက်က အိပ်ယာပေါ်အိပ်နေတာများ ဟောက်တောင်နေသေး... ဟွန်း...
အမြင်ကတ်လို. Video ရိုက်ပြီး youtube ပေါ်တင်ပလိုက်တယ်...



ပြီတော့မှ သူ.ကို အိပ်ယာပေါ်က ကန်ချပြီး၊ Tommy အိပ်ခွင့်ရတော့တယ်... တာ့တာ
း)

6 comments:

  1. နဂိုကမှ မကောင်းတဲ့ earphone တော့ ပျက်ရောပဲ

    ReplyDelete
  2. ကြောင်ကို...သူ့လက်နဲ့တို့လိုက်သေးတယ်...ချစ်စရာလေးနော်..တိရိစ္ဆာန်လေးတွေကို..အိပ်နေရင်သိပ်စချင်တာပဲ...း)

    ReplyDelete
    Replies
    1. yes, she is so cute & ugly also. :)
      but i love her

      Delete
  3. နေကောင်းသွားပြီလား....ကြောင်က.နှုတ်ခမ်းမွှေးကအရှည်ကြီးပဲ..ညှပ်ပစ်ချင်လိုက်တာ....း)

    ReplyDelete