Tuesday, October 23, 2012

ကျွန်တော်ခုတလော စာရေးတဲ့ဘက်ကိုအာရုံရောက်နေတာနဲ့ ဘလော့ကို ပျက်ကွက်နေခဲ့တယ်...
ကြွားတယ်တော့မထင်နဲ့ လက်ရှိရည်းစား၂ယောက်ရထားတယ်...
ပြိုင်းတယ်ဗျာ...သူတို.နှစ်ယောက်ကတစ်မျိုး..အလုပ်ရှုပ်တာကတစ်မျိုးနဲ့..လူလဲ မျက်ကွင်းတောင်ညိုနေခဲ့ပြီ..
ဒီကြားထဲ အိမ်က ကလေးမကိုယ်ဝန်ကလဲ နေ့လား ညလားမသိ..
ခုထိလဲ မမွေးသေးသလို..မွေးပြီးလဲ ပေါက်စလေးတွေ ကြီးလာတဲ့ထိဘယ်လိုခိုးမွေးရမှန်းမသိဘူး...
ဒီတစ်ခါတော့ သူတို.ကို မွေးကတည်းက passport လုပ်ထားဖို.စိတ်ကူးတယ်...  ၁ကောင်၂ကောင်ဆိုရင်ပြောပါတယ်...၄ကောင်လောက်မွေးရင်တော့ မြွေဘဲ..
ဗိုက်ကြီးကတော့အကြီးကြီးဘဲ..သူဘဲမွေးမွေးနိုင်လွန်းတယ်...
ရည်းစားထားရတာလဲ ခေါင်းကိုက်တယ်ဗျာ..အလုပ်ကအပြန် တစ်ယောက်နဲ့ Dinner တူတူစားတယ်.. ပြီးရင်နောက်တစ်ယောက်နဲ့ ပါတီတူတူသွားတယ်.. အိမ်ပြန်ရောက်တော့ မနက်၎နာရီ..နောက်တစ်နေ့ပြန်ထ အလုပ်သွားတာ မနက်၇း၃၀... တနေ့တနေ့ အိပ်ချိန်က ၄နာရီတောင်မပြည့်တော့ ..အလုပ်ထဲမှာလဲ ဒေါင်ချာတွေစိုင်း...
ခက်တယ် ခက်တယ်...အသက်တွေသာကြီးလာတယ်..အကျင့်ဆိုးတွေ ဖျောက်မရဘူး..တကယ်..း(
ခုလဲ အပြင်မသွားခင် ဘလော့ဝင်လည်တာ...း)
အာဘွား

4 comments:

  1. အင်း..အင်း...ကြည့်လုပ်ကြည့်လုပ်..အဲဒါသာယာတာလား..ဘာလားဆိုတာလဲ..သေချာစဉ်းစားပါဦး...ပျော်တယ်ဆိုရင်တော့..ဆက်သာလုပ်...း)

    ReplyDelete
  2. မြင်ကတ်လိုက်ထှာဟယ်
    အမိန့် - မနက်ဖြန်ကစ မနက်စာမရှိ
    အဟိ :D :D

    ReplyDelete
    Replies
    1. မရက်စက်ပါနဲ့... အဟင့်..း(

      Delete
  3. လင်းဆုရယ်... ကျွန်တော်လဲတိတော့ပါဝူး...
    အပျော်လား သာယာတာလား..ခုလောလောဆယ်တော့ လူလဲ လုံးပါးပါးတော့ယ်..
    ခက်တာက အကျင့်ဆိုးတွေ ဖျောက်ရခက်တယ်..

    ReplyDelete