Wednesday, September 26, 2012

မြန်မာပြည်က ပြန်လာတုန်းကတောင် Home Sick မဖြစ်ခဲ့တဲ့ကောင်က၊ ကိုရီးယားကနေပြန်လာမှဘဲ တစ်စုံတစ်ခုကို လွမ်းနေသလိုလို ဖြစ်မိတယ်...
အဲဒီနိုင်ငံကို အရမ်းသွားချင်လှတယ်မဟုတ်ပေမယ့် Bora လေးရဲ့ ရှိုးပွဲကြောင့် သွားဖြစ်ခဲ့တာပါ။
မျှော်မှန်းထားတာထက် နဲနဲပိုခက်ခဲခဲ့တယ်။
လေယာဉ်လက်မှတ် ရက်မှားဝယ်မိတာ၊ Visa ကျမကျရင်ပူရတာ၊ Concert Ticket ၀ယ်ပေးနိုင်မယ့်သူတွေရှာရတာ၊ တစ်ယောက်တည်းသွားရမယ့်ခရီးအတွက် မြေပုံတွေ၊ လိုအပ်တာတွေ စီစဉ်ရတာ...အရာရာကိုယ်တိုင်လုပ်ရတာ ဒီတစ်ခါပထမဆုံးဘဲဆိုတော့ တော်တော်ပင်ပန်းခဲ့တယ်။
ခါတိုင်းဆို ခရီးတစ်ခုသွားခါနီးရင် အမေတွေ အစ်မတွေ အကုန်စီစဉ်ပေးပြီး၊ ကိုယ်တိုင်က လေယာဉ်ချိန်နီးမှ အထုပ်ကောက်ဆွဲထွက်သွားခဲ့ရုံဘဲလေ။ ခုတော့ တစ်ယောက်မှ သဘောမတူတဲ့ခရီးကို ဇွတ်ထွက်မိတာကိုး။
ဘာဘဲပြောပြော ကျေနပ်ခဲ့ရပါတယ်။
အထူးသဖြင့် ချစ်တဲ့ Bora လေးကို လက်ဆွဲနှုတ်ဆက်ခွင့်ရခဲ့တယ်။ သူလေးက အပြင်မှာလဲ ချောလိုက်တာ။ ဟီး...ခုထိ သူ.မျက်နှာလေးကို မေ့မရဘူး။
သူပြောတဲ့ Anneyayeyo ဆိုတဲ့ စကားလေးကလဲ ချစ်ဖို.ကောင်းလိုက်တာ။
ကိုရီးယားရဲ့ နာမည်ကျော် ဟန်မြစ်ကမ်းဘေးက မြက်ခင်းပေါ်မှာ တစ်ယောက်တည်း စိတ်လွတ်ကိုယ်လွတ် ထိုင်ငေးခဲ့ဖူးပြီ။
နာမည်ကြီး Seoul Tower ကိုလဲ ရောက်ဖူးခဲ့တယ်။
Subway ပေါ်က ကောင်မလေးချောချောတွေကိုလဲ ကြိတ်ငေးခဲ့ရသေးတယ်။
ပျော်ခဲ့ပါတယ်.... ဘ၀ရဲ့ အမှတ်တရ ခရီးစဉ်များထဲက တစ်ခုပေါ့။
ဒါပေမယ့်လေ ပြောရင်ယုံမလားမသိဘူး၊ ကျွန်တော်ခရီးထွက်ရတာ လုံးဝ ၀ါသနာမပါဘူး။ အကြောင်းတိုက်ဆိုင်လို.သွားဖြစ်နေရုံသတ်သတ်ပါ။

3 comments:

  1. ငါကရော???????
ှုငါပါဘူးပေါ့!!!!!!!
    ငါကရော???????
ှုငါပါဘူးပေါ့!!!!!!!
    ငါကရော???????
ှုငါပါဘူးပေါ့!!!!!!!
    ငါကရော???????
ှုငါပါဘူးပေါ့!!!!!!!
    ငါကရော???????
ှုငါပါဘူးပေါ့!!!!!!!
    နောက်ဆုံး စာကြောင်းအထိ ငါ မျှော်လင့်ပြီး မချင့်မရဲ ဖတ်သွားတယ် ဟွင့် :((((

    ReplyDelete
    Replies
    1. ဟီး..ပါတာပေါ့.. ငါလွမ်းတယ်ဆိုတာ နင့်ကိုလေ... ဟိုဟာမလေးကို မဟုတ်ဘူး...း)

      Delete
  2. ဆုလည်း..ထင်ပါတယ်...Qt.ကိုလွမ်းတာဖြစ်မှာပါ....:)

    ReplyDelete