သွားခဲ့တာက ၂၀၀၈ ခုနှစ်ကတည်းကပါ။ မနေ့ကမှ ကွန်ပျူတာထဲက ဖိုင်တွေရှင်းရင် ထွက်လာလို. သူငယ်ချင်းတွေ အပျင်းပြေကြည့်ရအောင် တင်ပေးတာပါ။း)
Jordan နိုင်ငံ၊ Petra ရှေးဟောင်းမြို.လေးက World Famous Place တွေထဲက အထင်ကရတစ်နေရာပါ။ ကျွန်တော်လဲ ခရီးသွားတာ အဲလောက်ဝါသနာမပါပေမယ့် အစ်မလတ်ရဲ့ကောင်းမှုနဲ့ ခဏခဏ ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ရှေးဘုရင်တွေလက်ထက်က ကျောက်တုံးတွေနဲ့ တည်ထားတဲ့ မြို.ဟောင်းတစ်ခုပါ။ ငလျင်လှုပ်လို. ကျောက်တောင်ကြီး ၂ခြမ်းကွဲတော့မှ ယနေ့ခေတ်လူတွေရှာတွေ.ခဲ့တာ လို.လဲပြောပါတယ်။ ကျွန်တော် မှတ်မိတာကတော့ နာမည်ကြီး Indiana Jones ပထမတွဲကို Petra မြို.ရဲ့ ကျောက်ဂူတွေထဲမှာ ရိုက်ခဲ့တယ်ဆိုတာပါဘဲ။ ကဲ.. ဓာတ်ပုံလေးတွေ ခံစားကြပါဦး....း)
Jordan နိုင်ငံကို လေယာဉ်ပေါ်ကနေမြင်ရတော့ ကျောက်တောင်တွေက မြစ်တွေလိုဖွာထွက်နေတယ်
Jordan နိုင်ငံ၊ Amman မြို.ရဲ့ အိမ်ကလေးတွေက အရောင်တူတူဘဲ၊ စကူဂျပ်ပုံးလေးတွေလို အမိုးမပါ ခြံခတ်မပါ..း)
အိမ်တွေက တောင်ပေါ်မှာ လမ်းတွေက တောင်အောက်မှာ.. ရာသီဥတုက ချမ်းလိုက်တာ လွန်ရော..
မနက် ၅း၀၀ Amman ကားဂိတ်မှာ၊ Petra သွားဖို. ကားစောင့်နေတုန်း၊ ဓာတ်ပုံပေါ်က အချိန်က Dubai အချိန်နော်..း)
ဘတ်စ်ကား ၃နာရီလောက်စီးရတယ်၊ Petra မြို.ဂိတ်ကိုရောက်တော့ ၈နာရီကျော်နေပြီ၊ ကားသမားက ဂိတ်ကနေ ညနေ၅နာရီ ပြန်ထွက်မယ်ပြောတုန်းကတောင် ညီအစ်မ၂ယောက် အတင်းပြောကြသေးတယ်၊ ဒီလောက်အကြာကြီး အထဲမှာ ဘာလုပ်နေရမှာလဲ ဘာညာပေါ့၊ ပြီးမှ ဟိုက်ရှားဘား.... ကားချိန်မှီအောင် မနည်း ပြန်ပြေးရတယ်...း)
မြည်းငှားမလား၊ ကုလားအုပ်ငှားမလား....ကြိုက်တာရွေး... ကိုယ်တွေကတော့ ခြေကျင်ဘဲ သွားခဲ့တယ်..
မြို.ထဲကို စ၀င်ပါပြီ... ကျောက်ဂူတွေကို ဖောက်ပြီး အိမ်လုပ်နေခဲကြတာပေါ့... ခုတော့ ကုလားအုပ်ချေးနံ့တွေ မွှန်လို.၊ အထဲဝင်ပြီး ဓာတ်ပုံခဏရိုက်တာတောင် ခေါင်းမူးတယ်...း(
လမ်းက ကျောက်ဂူတွေ
တချို.နံရံက လက်ရာတွေ... သူတို.က ကျောက်အရောင်ကို Pink Rose Rock လို.လဲခေါ်ကြတယ်
Jordan ရဲ့ Petra ကို မသိကြသူတွေတောင် ဒီမုခ်ဦးကို မြင်ဖူးကြမယ်လို.ထင်ပါတယ်......... နန်းတော်ရဲ့ အ၀င်နေရာပေါ့... ဓာတ်ပုံတွေ magazine တွေထဲမှာ ဒီနေရာက မပါမဖြစ် ခဏခဏပါလေ့ရှိတယ်..
အကျဉ်းသားတွေ လှောင်တဲ့ မြေအောက်ဂူတဲ့.... ကြောက်ချာဂျီး...း(
နန်းတော် နံရံအချို.
ဒီလို လက်ဆောင်ပစည်းရောင်းတဲ့ဆိုင်တွေက အပြည့်
ပွဲကြည့်စင်တဲ့...သူတို.ခေတ်ကတော့ လူသတ်ပွဲတွေ၊ နွားသတ်ပွဲတွေ ကြည့်လားတော့မသိ..
ဒီနေရာရောက်တော့ ၃နာရီထိုးပြီ၊ ၅နာရီကားမမှီမှာစိုးလို. အဆုံးထိမ၀င်ခဲ့ရဘူး၊ အပြန်ကို မနဲပြေးရတယ် ကားမှီအောင်... မောထှာ...း(
ပြီးပါပြီ။
နောက်နေ့မှ Death Sea ကဓာတ်ပုံတွေ ထပ်ရှာပြီး တင်မယ်နော်...း)
ကောင်းလိုက်တာ...တော်တော်များများရောက်ဖူးတယ်နော်...:)ပုံတွေအတွက်ကျေးဇူးပါ..
ReplyDelete