မနေ့ညက ၈း၃၀ ကတည်းက အိပ်လိုက်တာ ဒီနေ့မနက် ၉း၃၀ မှနိုးတယ်...
အိပ်လို.ကောင်းလိုက်တာ... ဟိဟိ
ဘယ်လောက်အိပ်ချင်နေလဲဆို ကွန်ပျူတာသုံးရင်း အိပ်ပျော်သွားတာ နိုးတဲ့ အထိအဲဒီအတိုင်း ဘေးတစောင်း ပုံစံမပျက်ဘူး... တစ်ကိုယ်လုံးတောင် နာနေတယ်...
လုပ်ချင်ရာလုပ်ချင်း အတွက် ပြန်ရတာကတော့...
၁) ညာဘက် လက်ဖျံမှာ သူများဆေးလိပ်မီးနဲ့ ထိပြီး လောင်သွားတယ်..း(
၂) မျက်နှာက အဘွားအိုကြီးလို ချောင်ကျသွားတယ်
၃) မျက်လုံးကိုက်တယ်
၎) ၀က်ခြံ၂ဖု ထွက်လာတယ်
၅) အိပ်ခါနီး အစာစား၊ Juice တွေသောက်လို. ဗိုက်ပူလာတယ်..
၆) စာလုံးဝ မကျက်ဖြစ်ပါ.
၇) အခန်း လုံးဝ မရှင်းနိုင်
၈) အ၀တ်မလျော်နိုင်
၉) အွန်လိုင်း မသုံးနိုင်
.
.
.
အကျိုးအပြစ်တွေ ကုန်မယ် မထင်တော့ဘူး... သိတော့ဘူးဗျာ....
လုပ်ချင်တာ လုပ်ပလိုက်ရတော့ ပျော်တယ်.. အိမ်ရောက်မှဘဲ စာကျက်တော့မယ်... ဟီး
မေကြီးက စာမကျက်ရင် ဆူလိမ့်မယ်...
ဒီကြားထဲ အလုပ်အသစ်ရတယ်ဗျ... Meldives ကျွန်းမှာ လုပ်ရမှာ.. ရာထူးနဲ့ လစာ ပိုမြင့်ပေမယ့် ကျွန်းပေါ်မှာ နေရမှာ ဆိုတော့ သေချာ ပြန်စဉ်းစားနေရတယ်... ကျွန်တော်က Beach ဆိုရင် မုန်းတဲ့ ကောင်လေ.... ဘာလုပ်ရင် ကောင်းမလဲဟင်.. ဘယ်သွားသွား Lonely ဖြစ်နေတဲ့ ကောင်ဆိုတော့ နိုင်ငံအသစ်ပြောင်းလုပ်ကြည့်ရင် ကောင်းမလား.. ဒီမှာဘဲ ဆက်ပြီး ငြိမ်ငြိမ်နေရမလား..
အကြံပေးကြပါဦး....
ဆုသာဆိုရင်တော့..အဲဒီလိုအလုပ်မျိုးလုပ်ချင်တယ်..လစာပိုများတယ်ဆိုလို့..ဆုကပိုက်ဆံကြိုက်တယ်လေ..မကောင်းတာတော့မလုပ်ပါဘူး...ကျွန်းပေါ်မှာနေရမှာလည်းကြိုက်တယ်..ဒီမှာချောင်းသာတောင်တစ်ခေါက်ပဲရောက်ဖူးတယ်..Tommyနဲ့တော့..ဒီအလုပ်နဲ့..ကိုက်မယ်မထင်ဘူးနော်..ဒါနဲ့..ဗိုက်ဘယ်သူပိုပူလဲ..ပြိုင်မလား...:P
ReplyDeleteပြိုင်မယ်လေ.... တကယ့် တော်မီကို အပြင်မှာ မြင်ရမှ ထွက်မပြေးလေနဲ့ဗျ....
Deleteကျွန်တော်လဲ ပိုက်ဆံကြိုက်ပါတယ်.. ခက်တာက ပိုက်ဆံ သုံးစရာနေရာ မရှိတဲ့ ကျွန်းမှာ ပိုက်ဆံတွေအများကြီးရပြီး ဘာလုပ်ရမလဲ... စုထားလို. ပြောပြန်တော့လဲ.. ကိုယ်က ပိုကဆံတွေ တပင်တပန်းစုပြီး... ကျွန်းပေါ်မှာ ကျွန်တော်သေသွားရင် ပင်ပန်းရတာတွေ အလကားဖြစ်ကုန်မှာပေါ့..း) (ဆင်ခြေ အပြည့်ပေးထားသည်... ခိခိ)