Wednesday, July 4, 2012

အဆင်မပြေဘူး အချစ်ရယ်....
ခုတလော ကံနိမ့်နေတယ်...
၁) မနေ့က စာမကျက်ဘဲ Club သွားတယ်။ Ms Purple ကိုတွေ.တယ်... ကျွန်တော့်ကို ပြုံးတောင်မပြဘူး။ မသိချင်ယောင်ဆောင်နေတယ်။ သူမကို လှည့်ကြည့်မိတိုင်း မျက်ရည်ဝဲချင်နေတဲ့ ကိုယ့်ကိုယ်ကို မုန်းတယ်။
၂) တစ်ညလုံးအိပ်မရဘူး..
၃) အလုပ်ရောက်တယ်.. စောစောစီးစီး မန်နေဂျာနဲ့ ရန်ဖြစ်ရတယ်... သူလွန်သလား၊ ကိုယ်လွန်းသလားတော့ မမေးနဲ့ ၂ယောက်လုံး တစ်ယောက်မှ မမှန်တာ.. သူနဲ့က ဖြစ်နေကျ၊ သေးသေးလေးကအစ အထိမခံကြတာ ၂ယောက်လုံး အကျင့်..ထုံးစံအတိုင်း ဒါရိုက်တာက ကြားဝင် ရှင်းပေးမှ ၂ယောက်လုံးငြိမ်သွားတာ.. ဒါတောင် ခုထိ အစာ သိပ်မကြေချင်သေးဘူး...ဟွန်း..
၎) အလုပ်တွေ အရမ်းရှုပ်တယ်... လွန်လွန်မင်းမင်းကို ရှုပ်တယ်.. နောက်ကျမှ အိမ်ပြန်ရောက်တယ်
၅) ဂျောက်ကလေးတို. အစာမျှော်နေမှာစိုးလို. ဖယ်ရီတောင်မစီးဘဲ taxi ငှားစီပြီ့းပြန်လာတာ..
ရောက်ရောက်ချင်း တွေ.လိုက်ရတာက Security ကောင်က ကလေးတွေကို ခဲနဲ့ပစ်ပြီး မောင်းထုတ်နေတယ်... ရင်ထဲမကောင်းလိုက်တာ... ဘာမှဝင်ပြောလို.လဲမရဘူး (သူကလဲ တာဝန်နဲ့ မောင်းထုတ်နေရတာဘဲလေ၊ ဒါပေမယ့် ခဲနဲ့ပစ်တာတော့ လွန်တာပေါ့)
မသိချင်ယောင်ဆောင်ပြီး ထွက်လာခဲ့ရတယ်.. ဟိုကောင်မလေးကလဲ ဗိုက်ထပ်ကြီးနေပြန်ပြီထင်ပါတယ်.. ဗိုက်ဖောင်းဖောင်းလေးနဲ့ ဟိုပြေးဒီပြေး..သနားပါတယ်...
၆) ခုလဲ အိမ်ပြန်ရောက်ပြီ... စာကျက်ချင်ဘူး..အိပ်ချင်တယ်..

1 comment:

  1. Tommy.ရေမနက်ကလိုင်းမကောင်းလို့..မရေးရဘူး..မနေ့ကပျောက်နေလို့..စာကျက်နေတယ်မှတ်တယ်..Clubသွားတာကိုး..အင်း...ခက်တယ်နော်..အရမ်းချစ်နေပါတယ်ဆို...မတွေ့ရရင်အကောင်းသား..ခုတော့တည့်တည့်သွားတွေ့တာကိုး...အဲဒါကိုယ့်ဝေဒနာကိုယ်ရှာတာ...အိမ်ထဲမှာကောင်းကောင်းနေပြီး..စာကျက်ပါလား..:P.ဂျောက်ဂျက်ကလေးကလည်းတော်တော်တတ်နိုင်တယ်နော်...ဒီသားအဖနှစ်ယောက်..တော်တော်ဆိုးတယ်...:)

    ReplyDelete