ဘာရယ်မသိ တစ်ယောက်တည်းနေရပါများတော့ အလကားနေရင်း အခန်းတံခါးကိုတောင်
တစ်စုံတစ်ယောက်က လာခေါက်မှာ ကြောက်နေမိတယ်…
Balcony တံခါးမဖွင့် ခန်းဆီးမဖွင့်နဲ့ အခန်းကို လုံပိတ်နေအောင်ထားရင်း
Aircon နဲ့ မီးတွေ ကိုဘဲ ဖွင့်ထားတတ်တာ နေ့နေ့ညည…
နင့်ကိုငါလွမ်းနေမိတဲ့ညနေအချို.မှာ.. အခန်းကျဉ်းလေးထဲက ကုတင်လေးပေါ်
ငါတစ်ယောက်ထဲအိပ်ရင်း ကိုယ့်ကိုယ်ကို အကျဉ်းချထားတယ်…
နင့်အကြောင်းတွေ မကြားရအောင် သတင်းအချို.သယ်လာနိုင်သူတွေကို သူငယ်ချင်းစာရင်းက
ပယ်ဖျက်ရင်း ငါ့ကိုယ်ငါ အထီးကျန်စေခဲ့တယ်..
နင်ကိုမသွားရဘူးလို.တားခဲ့ဖူးတဲ့ ညရဲ့ကပွဲကြမ်းပြင်မှာ ငါဟာ ယစ်ယစ်မူးမူးပျော်ဝင်နေခဲ့ပြီဆိုရင်
နင်ငါ့ကို စိတ်ဆိုးလေမလား…
အချိန်ရှိတိုင်း နင့်အချိန်တွေ ငါ့အတွက်နဲ့ ကုန်ဆုံးစေခဲ့ခြင်းအတွက်
လူတောတိုးခွင့်မရခဲ့တာကို နင်စိတ်နာနေသေးလား…
နင့်ကို စတွေ.စကအချိန်တွေ၊ ချစ်ခွင့်ပန်ခဲ့တဲ့ အချိန်တွေကို တမ်းတမ်းတတပြန်ပြောပြတိုင်း
နင်နှစ်သက်တတ်လို. နင်ငါ့ကို စိတ်ဆိုးတိုင်း ချော့စရာပုံပြင်တစ်ခုလို ပြန်ပြောတတ်တဲ့
ငါ့ကို သတိရနေမလား..
နင်နဲ့ စိတ်ဆိုးတိုင်း စကားမပြောဘဲ နင်မကြိုက်တဲ့ စာအုပ်တွေ သဲကြီးမဲကြီးထိုင်ဖတ်နေခဲ့ရင်း
နင်ချော့တာ စောင့်ခဲ့ရတဲ့ အချိန်တွေကို ငါလွမ်းတယ်…
တစ်ယောက်နဲ့ တစ်ယောက် နာမည်တောင် မခေါ်ရက်ဘဲ Honey ချင်းမွှန်နေအောင်
သည်းခဲ့ကြတဲ့ အချိန်တွေက အခုတော့ ဟာသတစ်ပုဒ်လိုပါဘဲ…
နင်မကြိုက်တဲ့ စာအုပ်တွေ ငါဖတ်နေတုန်းပါဘဲ..
နင်မကြိုက်တဲ့ သူငယ်ချင်းအတွက် ပိုက်ဆံဖြုန်းတဲ့ အကျင့်ကို ငါဆက်လုပ်နေတုန်းပါဘဲ..
နင်မကြိုက်တဲ့ မိန်းမဆန်တဲ့ အပြုအမူတွေလဲ ငါဆက်လုပ်နေတုန်းပါဘဲ…
ဒါပေမယ့်ကွယ်
ငါမုန်းတဲ့ Brocoli ကို နင့်ကိုသတိရတိုင်း စားဖြစ်ပါတယ်..
ဆေးလိပ်သောက်တာမကြိုက်မှန်းသိလို. ရအောင်ဖြတ်ခဲ့ပါတယ်..
နင့်ကို ငါ Facebook မှာ block list လုပ်ခဲ့ပေမယ့် နင့်ဓာတ်ပုံတွေ
ငါ့ကွန်ပျူတာထဲကနေ ဖျက်မပစ်ရသေးပါဘူး
နင်နဲ့ဆင်တူသုံးခဲ့တဲ့ Blackberry Curve လေးကို ငါမသုံးတော့ပေမယ့်
သေချာသိမ်းထားပါတယ်
ငါ့ဖုန်းထဲက နင့်အသံနဲ့ wake up call လေးကို ငါချစ်လွန်းလို. ကြားတိုင်း
ရူးချင်ခဲ့ပါတယ်…
ငါက အရမ်းချစ်တတ်သလို အရမ်း သံသယများတတ်တဲ့သူပါ.. ငါ့ကိုယ်တိုင်အပြစ်မကင်းသလို
နင်ကလဲ ယုံချင်စရာမကောင်းခဲ့ဘူးလေ…
နင့်ရဲ့ရည်းစားများတဲ့ အတိတ်က ငါ့ကို သံသယပွားစေခဲ့တယ်..
ငါစိတ်ပူတတ်တာသိရက်နဲ့ နင့်သူငယ်ချင်းတွေနဲ့ ညနက်ထိလျောက်လည်ခဲ့တယ်…
အိမ်ပြန်ရောက်ချိန် ငါ့ကိုမြင်တာနဲ့ ၀တ်ကျေတန်းကျေနှုတ်ဆက်ပြီး
အိပ်ရာစောစောဝင်တတ်ခဲ့တယ်..
ငါတို.၂ယောက် သိပ်ချစ်ခဲ့ကြတာလေ.. ခုတော့လဲ ဘာမှမဟုတ်ခဲ့သလိုပါဘဲလား…
ဘာလိုလိုနဲ့ ရန်ကုန်ပြန်ရတော့မယ်… လွန်ခဲ့တဲ့ ၂နှစ်က နင့်ကိုယ်တိုင်ငါ့ကို
လေဆိပ်လိုက်ပို.ခဲ့တာ ငါသတိရသေးတယ်….
ငါကောင်းသောပြန်ချင်းနဲ့ မဟုတ်ခဲ့တဲ့ အဲဒီအခေါက်ကပေါ့…
ကံကောင်းစွာနဲ့ ငါ မိမိကိုယ်ကို သေကြောင်းကြံမှုနဲ့ တရားစွဲမခံခဲ့ရဘူး…
လေဆိပ်ဆေးခန်းမှာ တရားခံစစ်သလို ၂နာရီလောက် အစစ်ခံခဲ့ရတုန်းက နင်ကငါ့ဘေးမှာ မျက်နှာငယ်လေးနဲ့လေ….
ငါတောင်းပန်ပြီး ပြန်လက်ခံဖို.ပြောတော့ နင်ငိုပြီး ပြန်ပြောခဲ့တယ်..
ငါသေတောင် နင်ငါ့ဆီပြန်မလာဘူးတဲ့…
ငါနားလည်ပါတယ်.. နင့်ကိုငါ အကျဉ်းချခဲ့တဲ့ ရက်တွေက နင့်အတွက် ခါးသီးခဲ့မှာပေါ့…
ငါရူးရူးမိုက်မိုက် ရိုက်ခဲ့တဲ့ လက်ဝါးတစ်ချက်က နင့်အတွက် ငါ့ကို တစ်သက်စာမုန်းဖို.လုံလောက်မှာပါ…
အမှန်က ငါ အရမ်းချစ်မိခဲ့လို.ပါ…
ဒီနေ့ညတော့ နင့်ကိုငါလွမ်းတယ် Baby Flower…
စိတ်လျော့..စိတ်လျော့။
ReplyDeleteလောကကြီးမှာ အကြောင်းအရာအဖြစ်အပျက်များစွာက
တခါတလေမှာ ကိုယ်ဖန်တီးနိုင်တဲ့ကိုယ့်လက်ထဲမှာမရှိနိုင်တာ ကြုံရတာပဲ။
ကိုယ်ကြိုက်ကြိုက် မကြိုက်ကြိုက် သူ့ သဘောအတိုင်း သူသွားနေတာပဲ။
မတတ်နိုင်တဲ့ ကိတ်စတွေကြုံလာရင် ကိုယ့်ကိုကိုယ်ဘေးကထိုင်ကြည့်နေသူ
လိုသဘောထားပီး သူ့ အတိုင်းသွားနေခွင့်ပေးလိုက်ပါ။ စိတ်သက်သာစေ
မယ်ထင်တာပဲ။
သြော်..Tommyလည်းတော်တော်ချစ်တတ်ခဲ့တာပဲနော်..တယောက်တည်းကို..အကြာကြီးချစ်ရမှာပျင်းတယ်ဆို...:P
ReplyDelete