ဒီနေ့ အလုပ်ကအပြန် မိုးခပ်စိပ်စိပ်ရွာနေသည်။
ထုံးစံအတိုင်း လမ်းပိတ်တာက မိုးကြောင့် ပိုဆိုးနေသည်။ ကားကို သတိထားမောင်းရင်း
ပုံမှန်ချိန်ထက် နောက်ကျမှ အိမ်နားက Mc Donald Burger ဆိုင်နားရောက်တော့ ဗိုက်ထဲက ဆာသလိုလို
ရှိတာကြောင့် ကားပါကင်ထိုးပြီး ဘာဂါတစ်ခုဝယ်စားဖို.ကြံလိုက်သည်။
ထီးကို ယူပြီး ကားပေါ်ကအဆင်း မျက်စိရှေ.မှာ တွေ.လိုက်ရတာက ထီးမဆောင်းဘဲ
မိုးရွာထဲ ကျောပိုးအိတ်တစ်လုံးနဲ့ ကောင်မလေးတစ်ယောက် …..
အိုး…..ခရမ်းရောင်မလေးပါလား…..
“Hey…PURPLE…” ခေါ်ရင်း နောက်ကနေ ပြေးလိုက်မိသည်…..
သူမ မျက်နှာမှာ မျက်ရည်တွေနဲ့… ….. ((ဘာတွေဖြစ်လာပါလိမ့်))
“Hey…girl, wait me” ပြောရင်း သူမလက်ကို ဖမ်းဆွဲထားလိုက်မိသည်။
“Why are you running in the rain without umbrella? And why
are you crying?”
ပိုင်စိုး ပိုင်နင်းမေးမိသည်။ (တကယ် စိတ်ပူနေတာပါ)
ကောင်မလေးက ပြန်မဖြေဘဲ ပိုပိုပြီး ငိုလာသည်။ (ကွိုင်ဘဲ)
Mc Donald စားဖို. အစီအစဉ်ကို မေ့လိုက်ပြီး၊ ကောင်မလေးကို ကားဆီသို.
ဆွဲခေါ်လာမိသည်။ သူမကလဲ မရုန်းဘဲ အလိုက်သင့်ပါလာသည်။ ကြည့်ရတာ တော်တော်မောနေပုံဘဲ….
ကားထဲရောက်တော့ ဘာမှမေးမနေတော့ဘဲ အိမ်ကိုတောက်လျောက်မောင်းလာလိုက်သည်။
သူမကတော့ အငိုရပ်ပြီး ရှိုက်နေတုန်း…..
Basement car parking မှာ ကားသိမ်းဖို. ကြိုးစားနေဆဲ၊ သူမ ရုတ်တရက်ဆင်းပြီး
Lift ဆီသို.ပြေးသွားသည်။ လိုက်တားမနေတော့ဘဲ ကားကိုဘဲ သေချာပါကင်ထိုးဖို. ကြိုးစားလိုက်သည်။
ဟုတ်တယ်လေ….သူမက စကားမပြောချင်လို. ထွက်ပြေးသွားတာနေမှာပေါ့…. ဘာတတ်နိုင်မှာလဲနော်….
အေးအေးဆေးဆေး ကားပါကင်ထိုးပြီးမှ Lift ရှိရာသို. ထွက်လာခဲ့သည်။
Lift ရှေ.မှာ သူမ …… ကျွန်တော့်ကို စောင့်နေတာလို. ထင်တာဘဲ။
ရုတ်တရက် ကျွန်တော် တော်တော်ငေးမိသွားသည်။ လှလိုက်တာ….. မိုးရေတွေစိုနေတဲ့
သူမအလှက ပန်းပုရုပ်လေးလိုပါဘဲ……
ဝတ်ထားတဲ့ mini skirt တိုတိုလေးအောက်က ခြေထောက်လေးတွေက အရမ်းလှနေသည်။
(ဒီနိုင်ငံက ကောင်မလေးတွေ တော်တော် စကပ်အတို၊ ဘောင်းဘီအတို ၀တ်လွန်းကြသည်)
ကျွန်တော် ငမ်းတာ နဲနဲလွန်သွားပုံရသည်။ ကောင်မလေးတောင် အငိုရပ်သွားပြီး
ကျွန်တော့်ကို ကြောင်ကြည့်နေသည်။ ကျွန်တော်လဲ နဲနဲ ရှက်သွားမိပြီး၊ ဘာရယ်မဟုတ် ရီပြလိုက်မိသည်။
“ Ah heee J”
ကောင်မလေးလဲ ကြောင်ကြည့်ပြီးမှ ပြန်ပြုံးပြသည်။ ဒါပေမယ့် သူမအပြုံးက
အသက်မပါလှ….. (ဒါပေါ့လေ အခုဘဲ ငိုထားတဲ့သူက ဘယ်လိုလုပ်ပြီး သေသေချာချာပြုံးနိုင်မှာလဲနော်…)
တိုင်ပင်မထားဘဲ Lift က Up Arrow Button ကိုပြိုင်တူနှိပ်မိသည်။
(ရင်ခုန်သံတွေ တော်တော်မြန်လာပြီ…)
Lift ရောက်လာတော့ သူမကို အရင်ပေးဝင်လိုက်သည်။ (ဟုတ်တယ်လေ Lady
First တဲ့… )
Lift ထဲမှာ ကျွန်တော်တို. ၂ယောက်တည်း…… ၂ယောက်လုံး လိုအပ်တာထက်
ပိုပြီး ငြိမ်လွန်းနေကြသည်…..
ကျွန်တော် တခုခုကို စကားစဖို. စဉ်းစားနေတုန်း… သူမက စပြောသည်…..
“LINN, Thanks for caring me. I just broke up with my Boy
Friend. Now I feel so hurt.”
ဘုရားရေ…. Boy Friend တဲ့… ဟုတ်တာပေါ့ ဒီအရွယ် ကောင်မလေးချောချော
တစ်ယောက်မှာ Boy Friend ရှိတာ ဘာဆန်းလဲနော်…. ဆန်းချင်နေတာက ကိုယ်တိုင်ဘဲလေ….း(
နေပါဦး…ရည်းစားနဲ့ ပြတ်လာတယ် ဆိုပါလား…. ဒီလောက် ချစ်စရာကောင်မလေးကို
ဘယ်သူကများ ရက်ရက်စက်စက် စွန်.ပစ်သွားပါလိမ့်… အတွေးအစုံ ခေါင်းထဲ လှိမ့်ဝင်လာပြီး
သူမကို ခဏမေ့သွားသည်…..
32nd Floor…..Door Opening….. ….
ကျွန်တော်တို. နေတဲ့ အလွှာရောက်ပြီဆိုမှ စိတ်နဲ့ လူနဲ့ ပြန်ကပ်မိသည်….
သူမကို လှည့်ကြည့်လိုက်တော့ ခေါင်းလေးငိုက်စိုက်ချပြီး Lift ထဲမှ ထွက်သွားပြီ…..
“Ah, PURPLE wait….. Are you OK now? Do you need some help
from me?” နောက်ကလိုက်ပြီး အလောသုံးဆယ် မေးမိတယ်….
“LINN, do you have boy friend and you love him?”
ငါ ဘယ်လိုပြန်ဖြေရမလဲ ကလေးမရယ်…..
တကယ်ကို ဆွံ.အသွားတာပါ…. ကိုယ့်ကိုယ်ကို Homo တစ်ယောက်ဖြစ်ရခြင်းက
ဒီတခါ ငါ့ကို တကယ် ရှက်ရွံ.သိမ်ငယ်သွားစေသလိုဘဲ…..
“No, I don’t have. I hope you’ll be fine soon. Change your
wet clothes and rest well. See you.” လို. ပြောပြီး သူမရှေ.ကနေ ခပ်မြန်မြန်ထွက်လာခဲ့တယ်….
အခန်းသော့ကို ရှာနေရင်း မျက်ရည်တစ်စက် လက်ခုံပေါ်ကျလာတယ်….
အိုး….သူမ မျက်ရည်တွေ ကျွန်တော်ဆီ ကူးလာပြီပေါ့……
ဖတ်လို့ကောင်းတယ်..ခံစားချက်တွေ..တစိတ်တပိုင်းပါတယ်ထင်တယ်.တကယ်တော့..မိန်းခလေးတွေက.သနားဖို့ကောင်းတယ်.ယောကျာ်းလေးတွေက.အသစ်အသစ်တွေဆက်ချစ်ချင်နေပေမဲ့..မိန်းခလေးတွေကတော့..တယောက်တည်းပဲချစ်ချင်ကြတယ်..ဘာဆက်ဖြစ်မလဲသိချင်တယ်...ခရီးကပြန်လာရင်..ထပ်တင်ပါဦးနော်..:)
ReplyDeleteyes, it's a part of my real feeling also included. :)
DeleteThanks for keep visiting to my page... you're my best!