၁) ဒီနေ့. အလုပ်တွေ တော်တော်ပြီးသွားတယ်။ မပြီးလဲ မရဘူးလေ၊ ဘိုးတော်က အပြင် contractor တွေနဲ့ ပြသနာ ဖြစ်ပြီး ဒေါတွေဖောင်းပြီး ရုံးခန်းထဲထိုင်နေတာ။ အလုပ်မလုပ်ဘဲ ယောင်ဝါးဝါးလုပ်နေလို.ကတော့ ကိုယ်တိုင်လဲ ဆွဲစိခံရမှာစိုးလို. မရှိရှိတာတွေ အကုန်လုပ်လိုက်တာ၊ အကြွေးတွေ တော်တော်ကုန်သွားတယ်။ ပျော်ထှာ .....း)
၂) ဂျောက်ကလေး ပိန်ပိန်လာတယ်။ အခန်းထဲပြန်ခေါ်တော့လဲ မနေဘူး။ မုန်းချင်စရာလေး။ မုန်းလဲ မမုန်းရက်ပါဘူး။
၃) ပျင်းတိုင်း သီချင်းတွေ လှိမ့်နားထောင်ရတာ နားတွေလဲ ကိုက်လာပြီ။
၎) နေ့လည်စာစားချိန် Finance ဌာနက တစ်ယောက်က ကျွန်တော့်ကို ဘာလို. homo ဖြစ်ရလဲဆိုတာ မေးရင်း၊ ဆုံးမစကားတွေ တသီကြီးလာပြောနေလို. ထိုင်နားထောင်ပေးလိုက်ရသေးတယ်။ သူ.ကိုလဲ ထူးပြီး စိတ်ဆိုး မနေတော့ပါဘူး။ ၂၇နှစ်လုံးလုံး အပြောခံလာရတာ ဒါ ပထမဆုံးအကြိမ်မှ မဟုတ်တော့တာဘဲ။ (နားတော့ နည်းနည်း ညည်သွားတာပေါ့)
၅) ဒီနေ့ ၂ယောက်ထိုင် ဆိုဖာအသစ်လေးရတယ်။ TV ကြည့်တဲ့အခါ၊ ကွန်ပျူတာ သုံးတဲ့အခါ ၁ယောက်ထိုင် ဆိုဖာလေးက ကျဉ်းလွန်းပြီး၊ ခုတင်က ကျတော့လဲ အိပ်ချင်တယ်။ အခန်း ကျဉ်းကျဉ်းလေးမှာ စုပြုံပြီး ထဲ့ထားရတာ မျက်စိတော့ နောက်ချင်စရာ၊ ဒါပေမယ့် တတ်နိုင်ဘူးလေနော်။ ကိုယ့်မှာ ဒါဘဲရှိတာကိုး။
၆) ခုလောလောဆယ် ဗိုက်ဆာနေတယ်။ Mac Donald က ဘာဂါမှာစားရမလား၊ ခေါက်ဆွဲ ပြုတ်စားရမလား၊ အောက်ဆင်းပြီး လမ်းထိပ် ကုလားဆိုင်က ပလာတာနဲ့ ကြက်သားဟင်း ၀ယ်စားရမလား။ .....????
ပလာတာနဲ့ ကြက်သား စားချင်လာပီ
ReplyDeleteချက်စားမယ်.. လာခဲ့
ဟီဟိ... လက်မှတ်ဝယ်ပေး၊ ဗီဇာလျောက်ပေး...ဒါဆို လာခဲ့မယ်....
Deleteဆုသာဆို..ဘာဂါရော.ခေါက်ဆွဲပြုတ်ရော.စားမယ်...အဲဒါကြောင့်..ဝနေတာလေ..းD
ReplyDeleteFinally i choose noodle coz lazy to go down. :)
DeleteThis comment has been removed by the author.
DeleteThis comment has been removed by the author.
Delete