Friday, May 25, 2012

သူမနဲ့ ကျွန်တော် သိနေခဲ့ကြတာတော့ ကြာပါပြီ။ သေသေချာချာ စခင်ခဲ့ကြတာ ၂၀၁၀ခုနှစ်ရဲ့ နိုဝင်ဘာ နှင်းညအချို.မှာ။ အဲဒီအချိန်က ကျွန်တော်ကိုယ်တိုင် ချစ်သောသူထံမှ အသဲလတ်လတ်ဆတ်ဆတ်ကြီး ခွဲခံထားရချိန်၊ သူမကလည်း ငယ်သူငယ်ချင်းနဲ့ တစ်သက်တာ ရန်သူအဖြစ် စစ်ကြေငြာထားချိန်။ ကျွန်တော်တို. ၂ယောက်လုံး စိတ်ညစ်နေကြတယ်။ ဒါပေမယ့် အချင်းချင်း အားပေးကူညီခဲ့ကြတယ်။ အားငယ်နေတဲ့ အချိန်မှာ သူမရဲ့ sms လေးတွေက အားဆေးတွေပါ။ နေ့စဉ်ညတိုင်း ကျွန်တော် သိပ်ကြိုက်တဲ့ ထမင်း၊ ဟင်းတွေကို မညည်းတမ်းချက်ကျွေးတတ်သူ။ ကျွန်တော်ကတော့ ပေါက်ကရလေးဆယ် လျောက်ပြောရင်း သူမရဲ့ ၀မ်းနည်းချိန်တွေကို ပျော်ရွှင်အောင် ဟာဒယ ရွှင်ဆေးတိုက်ကျွေးခဲ့တယ်။ ကျွန်တော်တို. ၂ယောက် အရမ်းချစ်ခဲ့ကြတယ်။ ချစ်သူတွေလို မဟုတ်ခဲ့ပါဘူး။ တကယ့် ညီအစ်မအရင်းတွေလို၊ သားအမိတွေလို ချစ်ခဲ့ကြတယ်။ သူမက ကျွန်တော့်ထက် ၉နှစ်ကြီးသလို၊ ၁၃နှစ် အရွယ် သမီးလေး တစ်ယောက်လဲ မြန်မာပြည်မှာ ရှိတယ်။ စိတ်တူကိုယ်တူ သွားအတူ လာအတူနေခဲ့ကြတယ်။
ဒီအခြေအနေကို စတင်ခွဲခြားခဲ့ရတာကတော့ ကျွန်တော် အလုပ်သစ်ရခဲ့တာပါဘဲ။ အလုပ်သစ်ရတော့ နေရာသစ်၊ အဆောင်သစ်ပြောင်းခဲ့တယ်။ သူမနဲ့ လူချင်းဝေးခဲ့ရပေမယ့် အားလပ်ချိန်တိုင်း၊ သူမနဲ့ sms, phone call, chatting တွေနဲ့ မပြတ် အဆက်အသွယ်ရှိခဲ့ကြပါတယ်။ အပတ်တိုင်း နားရက်တွေမှာလဲ ၂ယောက်သား တွေ.ဖြစ်ကြပါတယ်။
ခုတော့ သူမ အလုပ်ထွက်ပြီး၊ မြန်မာပြည်ပြန်တော့မယ်တဲ့။ သမီးလေးအတွက် အရာရာကို စွန့်ပြီး၊ ပြန်တာပါတဲ့။ ဟုတ်တာပေါ့။ အမေတစ်ယောက်ဖြစ်တဲ့ ကျွန်တော် ချစ်တဲ့အစ်မ၊ သူချစ်တဲ့ သမီးလေးဆီ ပြန်ရဦးမှာပေါ့။ ဖတဆိုး သမီးလေးက အပျိုပေါက်လေး ဖြစ်ပြီဆိုတော့ အုပ်ထိန်းသူ မိခင်လိုအပ်နေပြီပေါ့လေ။
ကျွန်တော် စိတ်မကောင်းဘူး။ စကတည်းက သူငယ်ချင်းရှားပါတယ်ဆိုမှ၊ ၁ယောက်တည်းသော သူငယ်ချင်းလေး က ပြန်မယ်တဲ့။ ထွက်စာတင်တာ အဲဒီအကြောင်းကြောင့်လဲပါတယ်။
ခုတော့ Tommy တစ်ယောက်တည်း ကျန်ခဲ့ပြန်ပြီ။
June တစ်ရက်နေ့ ရောက်မှာ ကြောက်နေမိတယ်။
Please Don't Leave Me ALONE! :(

2 comments: