Saturday, April 21, 2012

တခါက အရမ်းကို အရူးအမူးချစ်ခဲ့ရတဲ့ ကောင်မလေးတစ်ယောက် ရှိခဲ့ဖူးတယ်။ ၁၉နှစ်အရွယ်မှာ ရူးရူးမူးမူး ချစ်ခဲ့ရတာပါ။ ပထမဆုံး အလုပ်စ၀င်တဲ့နေ့ကတည်းက မရဲ့အေးချမ်းလွန်းတဲ့ မျက်နှာလေးက ကျွန်တော့်ကို ရူးသွပ်စေခဲ့တယ်။ မရဲ့ ဆုံးမစကားလေးတွေက ခပ်ဆိုးဆိုး ကျွန်တော့်ကို ပြုပြင်ပြောင်းလဲစေတတ်ခဲ့တယ်။
မတစ်ယောက်တည်းစကားကို နားထောင်ခဲ့သူပါ။ ၂နှစ်နီးပါး မရဲ့အချစ်ကို ရဖို. ကြိုးစားစောင့်ယူခဲ့ရတာပါ။ မထင်မှတ်စွာ မကလည်း ကျွန်တော့်ကို ရူးရူးမူးမူး ပြန်ချစ်ခဲ့ပါတယ်။ အရာရာက အရမ်းလှပခဲ့ပါတယ် မရယ်။ ကျွန်တော်တို. ချစ်သူဘ၀မှာ သ၀န်တို၊ မနာလိုမှုတွေ မရှိခဲ့ကြဘူး။ နားမလည်မှုတွေ၊ အခက်အခဲတွေ မရှိခဲ့ကြဘူး။ ၂ဖက်မိဘတွေကလည်း ဆိုးဆိုးဝါးဝါး မတားမြစ်ခဲ့ကြဘူး။ သူငယ်ချင်းတွေကလည်း နားလည်ပေးကြတယ်။ အချင်းချင်းလဲ သိပ်ချစ်ခဲ့ကြတယ်။
ဒီလောက်သာယာတဲ့ အချစ်ခ၇ီးမှာ စတင်ပြသနာလုပ်ခဲ့သူက ကျွန်တော်ပါဘဲ။ နိုင်ငံခြားကို ရောက်တာနဲ့ မကို ကျွန်တော် တကယ်မေ့ခဲ့ပါတယ်။ သူငယ်ချင်း အသစ်၊ ပတ်ဝန်းကျင်အသစ်၊ အလုပ်အသစ်၊ ချစ်သူအသစ်နဲ့ ကျွန်တော်ဟာ ရန်ကုန်မြို.က ကောင်မလေးကို မေ့တတ်ခဲ့ပါပြီ။ အွန်လိုင်းမှန်မှန် မတတ်ဘူး၊ နားရက်ကို ညာလာတတ်တယ်၊ မဖုန်းခေါ်ရင် မကိုင်ဘူး၊ ကိုင်ဖြစ်ရင်လဲ မကို အော်ဟစ်ပြီး ရိုင်းစိုင်းစွာတုန်.ပြန်တတ်ခဲ့တယ်။ ဒါတွေကို မ သိရက်နဲ့ ခွင့်လွှတ်ခဲ့တယ်။ ၂ယောက်တူတူဖွင့်ထားတဲ့ အီးမေးလ်မှာ မ ကကျွန်တော့်ကို အသဲအသန်လိုက်ကြိုက်နေတဲ့ ကောင်မလေးတစ်ယောက်ဆိုပြီး ကိုယ့်ကိုယ်ကို အမွှန်းတင်ပြီး အခြားသူငယ်ချင်းတွေကို ကြွားခဲ့တယ်။
အခုမှ ခင်တဲ့သူငယ်ချင်းကောင်လေးတွေကိုတောင် ငါ့ကောင်မလေး မင်းယူမလားဆိုပြီး အီးမေးလ်လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ ပေးခဲ့တယ်။ ကျွန်တော့်ဒဏ်တွေ ဒီလောက်ခံရတာတောင် မ ကျွန်တော့်ကို မမုန်းခဲ့ဖူးနော်။
သူမနဲ့ ရန်ဖြစ်တိုင်း၊ မ ကိုဖုန်းဆက်ပြီး နှောင့်ယှက်ခဲ့သူပါ။ ချစ်သူအသစ်က ဒဏ်ရာတွေပေးတိုင်း၊ ကျွန်တော့် ဒဏ်ရာတွေ မျှဝေခံစားပေးခဲ့သူက မပါ။
ချစ်သူနဲ့ ပြတ်ပြီး၊ ကိုယ့်ကိုယ်ကို sucide လုပ်တော့လဲ တကယ် မျက်ရည်ကျပေးခဲ့သူက မ။ ချစ်သူကတော့ ကျွန်တော့်ကို စိတ်ပျက်တယ် ဆိုတဲ့ အကြည့်နဲ့ဘဲ ကြည့်သွာူလေရဲ့။
ရန်ကုန်ကို ပြန်လာတော့ နာမည်ဆိုးနဲ့ ကျွန်တော့်ကို လေဆိပ်မှာ အသဲအသန်လာကြိုပေးသူလေးပေါ့။ ရန်ကုန်ကို ပြန်တိုင်း၊ ရန်ကုန်က ပြန်လာတိုင်း အမေနဲ့တူတူ မ အမြဲလာကြိုတယ်၊ လိုက်ပို.တယ်။ ကျွန်တော် မကို ထားခဲ့တာတောင် ကလေးဆိုးလို အမြဲခွင့်လွှတ်ပေးတတ်ခဲ့တယ်။
ခုတော့.. မက တခြားသူရင်ခွင်ထဲ ၀င်ဖို. ဆုံးဖြတ်လိုက်ပြီပေါ့။ အေးပေါ့လေ... အသက် ၂၈နှစ်ဆိုတာ ငယ်တော့တဲ့ အရွယ်မှ မဟုတ်တာ။ ကျွန်တော့်လိုကောင်ကို ၈နှစ်တိတိစောင့်ခဲ့ပြီးမှ ချစ်သူအသစ်ကို ရွေးချယ်တယ်ဆိုတာ မ မှန်ပါတယ်။ မချစ်သူက ရုပ်မချောပေမယ့် သဘောကောင်းတယ်၊ မကိုအရမ်းချစ်တယ်၊ စီးပွားရှာတော်တယ်၊ အန်တီနဲ့ ဦးကလည်း ကြည်ဖြူတယ်တဲ့။ မ ပျော်ပါစေလို. ဆုတောင်းပါတယ်။ မ ကို လက်လွှတ်ရပြီဆိုတဲ့ အတွေးကတော့ ရင်နာတယ်။ မရှိတော့ဘူးဆိုမှ ပိုလိုချင်လာတဲ့ စိတ်ဓာတ်ဆိုးကို မြိုသိပ်ထားရတယ်။ ကျွန်တော့်ကြောင့် မ ကို အတွေးမယိုင်စေချင်ပါဘူး။ မ ရဲ့ ဖြောင့်ဖြူးတဲ့ လမ်းကို မနှောင့်ယှက်တော့ပါဘူး (ကျွန်တော့်ကြောင့် မ ရဲ့ ပထမဆုံး အိမ်မက်တွေ ပျက်ပြယ်ခဲ့ရတယ်လေ)
မရဲ့ မွေးနေ့၊ နှစ်ဆန်း၂ရက်နေ့မှာ ပျော်ရွှင်ပါစေ.............. မ ကို အရမ်းချစ်ခဲ့ပါတယ်။ ခုတော့ အစ်မတစ်ယောက်လို ဆက်ချစ်မယ်နော်.....

မ ရဲ့ အဝေးတနေရာက လူဆိုးလေး TOM

2 comments:

  1. ကြည့်စမ်း...တွန်ကတစ်ကယ့်လူဆိုးလေးပဲ....:))
    ဒါနဲ့.....လင်းဆိုတာ ခု ဒူဘိုင်းရောက်နေတဲ့ သယ်ရင်းတစ်ယောက်ပဲ..၊
    အဆက်အသွယ်တော့ ပျက်နေလေရဲ့...:))))

    ReplyDelete
  2. အင်း.. ဟုတ်တယ်၊ ကျွန်တော်က အရမ်းဆိုးခဲ့တယ်.. မ ပေါ်မှာဘဲ ပိုဆိုးခဲ့တာပါ။ သူက အရမ်းချစ်မှန်းသိလို.။း)
    လင်းက ကောင်မလေးလားဟင်.. ချောရင် မိတ်ဆက်ပေး..း)

    ReplyDelete