Monday, March 26, 2012

လူတကာနဲ့ တွဲပြီး ငါ့ကို ချစ်တယ်လို. နင့်ပါးစပ်က တဖွဖွပြောတယ်
"မောင်" က ပစ်ထားတာကိုး ဆိုတဲ့ စကားနဲ့တင် နင်နဲ့ ပတ်သက်သမျှ သင်ပုန်းချေခဲ့ရပေါင်းများပြီ
မပီမသပြောတတ်တဲ့ "မောင့်ကို ချစ်တယ်"ဆိုတဲ့ နင့်အပြောကြောင့် ငါအရည်ပျော်ခဲ့ရသူပါ
ငါ့အခန်းမှာ နောက်၁ယောက်နဲ့ အိပ်တာတော့ နင်လွန်တယ်လို. မထင်ဘူးလား
ငါဒီတခါတော့ နင့်ဖြေရှင်းချက်တွေ မလိုချင်တော့ဘူး
မုန်းလဲမမုန်းပါဘူး၊ အခါခါ ခွင့်လွတ်တတ်တဲ့ ငါ့ကိုယ်ငါဘဲ အပြစ်တင်တယ်
စိတ်လဲ မဆိုးပါဘူး၊ လိင်တူ ချစ်ခဲ့မိတဲ့ ငါ့ဘ၀ကိုဘဲ စိတ်နာတယ်
နင့်ကိုငါ နားလည်ပါတယ်၊ မကြိုက်ရင်လဲ ငါ့နံဘေးက ထွက်သွားပါ
အရမ်းချစ်ပါတယ်ဆိုတဲ့ မျက်လုံးမျိုးနဲ့ ထပ်မကြည့်ပါနဲ့တော့
ငါမခံစားနိုင်လို.ပါ... ငါ၁ယောက်တည်း သီးသန့်မချစ်ပေးနိုင်ရင် ငါ့ကို ၁ယောက်တည်း ထားခဲ့ပေးပါ

2 comments:

  1. ဟုတ်တယ်...ကိုယ့်တစ်ယောက်တည်းကို သီးသန့်ချစ်မပေးနိုင်တဲ့အခါ
    ခံစားရတဲ့နာကျင်ဝမ်းနည်းမှုက ထိထိခိုက်ခိုက်ရှိလွန်းလှရဲ့....ခံရဖူးလို့
    ကိုယ်ချင်းစာတယ်တွန်.........။

    ReplyDelete
    Replies
    1. အခုတလော ခံစားရတာတွေ သိပ်များနေပြီ။ အချစ်၊ မိသားစု၊ အလုပ်.. အားလုံးဘဲ...
      စိတ်ညစ်တယ်... မစစ်တဲ့ အချစ်တွေကို မုန်းလာပြီ။
      ခရီးထွက်ချင်တယ်... တနေရာရာပေါ့... အသိမိတ်ဆွေ တစ်ယောက်မှ မရှိတဲ့နေရာ တခုခု... turkey ကို သွားဖို. စိတ်ကူးထားတယ်... အရမ်း စိတ်ညစ်တယ်ဗျာ...း(

      Delete