၁၅၀၀ အချစ်ကို ခလုတ်ဝင်တိုက်မိတယ်....
စိတ်ဆိုးသွားလို. ၂ရက်၁ညတိတိချော့လိုက်ရတဲ့အပြင် တစ်လလုံး ပင်ပင်ပန်းပန်းရှာထားရတဲ့ လခလေးပါ တတ်တတ်ပြောင်သွားတယ်။ လူလဲ စိတ်ဓာတ်တွေကျ အားတွေနည်းပြီး၊ ဘ၀လဲ ယိမ်းယိမ်းယိုင်ယိုင် ဖြစ်ခဲ့ရတယ်.... ဒါပေမယ့် စိတ်မပျက်ပါဘူး... အပြစ်မမြင်ပါဘူး
၅၂၈ အချစ်ကို ခလုတ်ဝင်တိုက်မိတယ်....
သူတော်တော်နာသွားပုံရတယ်၊ ဒါပေမယ့် ချက်ချင်းသူက စမေးတယ် "ကလေး ဘယ်နားနာသွားလဲ"တဲ့...
တစ်ဘ၀တိတိချွဲနွဲ့ပြီး သူတစ်သက်လုံးရှာထားတဲ့ ချွေးနည်းစာလေးတွေ အကုန်ဖြုန်းခဲ့တယ်...အစစအရာရာ လုံခြုံနွေးထွေးခဲ့တာတောင် ခြေစုံကန်ခဲ့တယ်
သူကတော့ အပြုံးမပျက် မမုန်းရက်ခဲ့ပါဘူး...
No comments:
Post a Comment