အားလုံးဘဲ Merry Christmas ပါ။ မနေ့ညက Christmas ကို သွားနေကျ CLUB လေးတစ်ခုမှာဘဲကြိုဖြစ်တယ်။ ထုံးစံအတိုင်း ကောင်မလေးအချို.နဲ့ပေါ့။ ကိုယ်ပိုင်တယ်လို. တံဆိပ်ဆပ်ထားတဲ့ ချစ်သူရုရှမလေးက ကိုယ့်ရင်ခွင်ကနေ တခြားကောင်လေးတွေဆီ အကြည့်မခွာနိုင်သလို၊ ကိုယ်ကိုယ်တိုင်လဲ ဆွဲဆောင်နိုင်လွန်းတဲ့ Morocco မလေးဆီကနေ မျက်တောင်မခတ်ဖြစ်တော့လဲ သူမကို ထူးပြီး အပြစ်တင်မနေမိတော့ပါဘူး။ ဒီအတိုင်းဆို သူမနဲ့ ဇာတ်လမ်းက တစ်ခန်းရပ်ဖို. နီးနေပြီထင်ပါတယ်။ Baby, Christmas ညတွေမှာ နင့်ကို ငါလွမ်းတယ်။ ငါ့ဘေးပတ်လည်မှာ ကောင်မလေးတွေ အများကြီးရှိပေမယ့် နင်ကို အစားထိုးစရာ ရှာမတွေ.သေးဘူး။ ငါအရက်မသောက်ပေမယ့်၊ နင့်အချစ်တွေနဲ့ မူးပြီး ရူးအောင် ရမ်းမိတယ်။ လူတွေကတော့ ငါ့ကို အရက်မူးနေတယ်လို. ထင်ကြမှာပေါ့။ တကယ်ကတော့ အချစ်မူးမူးနေတာ။ Tomboy တစ်ယောက်ရဲ့ ရင်ထဲက ဝေဒနာကို သာမန်လူတွေနားလည်မယ်မထင်ပါဘူး။ ဒဏ်ရာတွေလာပေးခဲ့တဲ့ မင်းတစ်ယောက် ငါ့လို မခံစားရပါစေနဲ့လို.ဘဲ ဆုတောင်းပါတယ်။
အခု မင်းအရမ်းကြိုက်တဲ့ လက်ဖက်သုပ်စားနေတယ်။ မင်းမှတ်မိလား၊ မင်းက လက်ဖက်သုပ်နဲ့ ကြာဇံဟင်းခါးကို ရောစားလို. မြန်မာတွေ ရှေ.မှာ အထူးအဆန်းကြည့်ခံခဲ့ရတာလေ။ နင်နဲ့ ပတ်သက်ရင် အသေးအဖွဲကအစ ငါသတိရတယ်ဆို ယုံနိုင်မလား။
ရေချိုးတိုင်း ငါ့နောက်ကျောကို ဆပ်ပြာတိုက်ပေးမယ့်သူကို လွမ်းတယ် ကောင်မလေးရယ်။ နင်ကတော့ ရင်ခွင်သစ်မှာ ပျော်နေပြီပေါ့နော်။ ဘာလိုလိုနဲ့ ငါတို.ကွဲတာ ၁နှစ်ပြည့်ပြီ။ January 14ရက်က နင့် မွေးနေ့ဆိုတာ ငါ မမေ့ပါဘူး။
Baby, I miss you
No comments:
Post a Comment