မြို.ကျဉ်းကျဉ်းလေးထဲက လက်တစ်ဆုပ်စာ Clubလေးတွေကို လည်ပတ်နေကြတဲ့ ငါတို.တွေ ခဏခဏ ဆုံမိကြတာ မဆန်းပါဘူး။ တွေ.တိုင်းလဲ တစ်ခါမှ စကားမပြောဖြစ်ဘဲ၊ မျက်လုံးချင်း ခလုတ်တိုက်မိတတ်ကြတာတော့ ခဏခဏပေါ့။ နင့်ဘေးမှာလဲ အဖော်အမြဲပါတတ်သလို၊ ငါကလဲ တစ်ယောက်တည်း ပျော်တတ်သူမဟုတ်ခဲ့ဘူးလေ။
မနေ့ကမှ တိုက်တိုက်ဆိုင်ဆိုင် ငါတို. ဘေးချင်းကပ်ရပ်ထိုင်ဖြစ်ခဲ့ကြတယ်။ ဆူညံနေတဲ့ သီချင်းသံကြားမှာ ငါတို. CHEERS လုပ်ရင်း အပြုံးချင်းဖလှယ်ဖြစ်ခဲ့ကြတယ်။ မင်းအဖော် ငနဲကြီး မူးပြီး ကွဲနေတုန်း၊ ငါ့ကောင်မလေးကို ထားပြီး၊ ငါတို. ၂ယောက် Toilet လစ်သွားခဲ့ရတာ တော်တော်ရင်ခုန်စရာကောင်းတာဘဲ။ စကားတစ်ခွန်းမှ မပြောဖူးတဲ့ သူတစ်ယောက်ရဲ့ နှုတ်ခမ်းကို နမ်းဖို.အင်အားတွေ ငါဘယ်လိုရခဲ့မှန်းမသိခဲ့ဘူး။ အမှန်ဆို ငါက ရဲဝံ့သူမဟုတ်ပါဘူး။ မင်းနှုတ်ခမ်းတွေက ဆွဲဆောင်နိုင်လွန်းလို.ပါ။
၃မိနစ်စာ အချိန်လေးက ငါ့ရဲ့ ညတစ်ညလုံးကို ပျော်ရွှင်ယစ်မူးစေခဲ့တယ်။
Anyway thanks for your help! :)
No comments:
Post a Comment