Friday, November 18, 2011

ကျွန်တော့်အမြင်

အမျိုးသမီးချင်း ချစ်သူတွေရတဲ့ အခွင့်အရေးဟာ အမျိုးသားချင်း ချစ်သူတွေထက် အဆမတန် နည်းနေကြပါတယ်။ နောက်၁ခု ပြောချင်တာက၊ တော်တော်များများမှာ မြင်ရကြားရခဲ့တဲ့ သူတွေ ဖြစ်နေကြ အခက်အခဲကတော့ ကျောင်းနေစဉ် မြန်မာရင်ဖုံးအင်္ကျီမ၀တ်ချင်လို.၊ ကျောင်းထွက် စာမတတ်ဖြစ်ရတယ်ဆိုတာ ဖတ်ရတော့ တော်တော်စိတ်မကောင်းပါဘူး။ ဒီအ၀တ်အစားအတွက် ဘ၀ကိုဘာလို. ပညာမဲ့ဖြစ်အောင်လုပ်ကြတာလဲ။ မိဘတွေကရော သားသမီးတွေ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကျောင်းထုတ်ပေးလိုက်ကြတာဘဲလား။ တကယ်ကို နားမလည်ပါဘူး။ အမှန်တော့ အမျိုးသားချစ်သူတွေလဲ ကျောင်းနေအရွယ်မှာ ပုဆိုးနဲ့ ရှပ်အကျီင်္ကို သူများတန်းတူ ၀တ်ခဲ့ကြမှာပါ။ သူတို.လဲ မိန်းကလေးလို နေချင်ခဲ့ကြမှာဘဲလေ။ ဘာလို. အ၀တ်အစားနဲ့ ဘ၀ကို လဲခဲ့ကြတာလဲ။ ခုခေတ် အောင်မြင်နေတဲ့ အမျိုးသမီးချစ်သူအချို.ကလဲ ယောကျာ်း၁ယောက်လို လူတိုင်းမ၀တ်ကြပါဘူး။ မော်ဒယ်လ်တွေထဲလဲ မိန်းကလေးချစ်သူ ရှိကြတာပါဘဲ။ ဘာဘဲဖြစ်ဖြစ်ပါ မိန်းကလေးချစ်သူလေးတွေရဲ့ ဘ၀ကို အောင်မြင်စေချင်လို.ပါ။ ရှပ်အကျီင်္၊ ပုဆိုးဝတ်၊ အရက်သောက်ပြတိုင်း ယောက်ျားနဲ့ မတူပါဘူး။ စိတ်ကိုသာ ယောကျာ်းလေးလို နေတတ်၊ ထားတတ်ရင် ပိုအကျိုးရှိမယ်ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ အမျိုးသမီးချစ်သူ ၁ယောက်ပါဘဲ။ ချစ်တဲ့သူလဲ လက်ရှိရှိနေပါတယ်။ အခြေအနေအရ၊ လိုအပ်ရင် လိုအပ်သလို အမျိုးသမီး ၀တ်စုံကို မနှစ်သက်ပေမယ့် ၀တ်သင့်ရင် ၀တ်နေရဆဲပါ။ ဒါပေမယ့် ကိုယ့်စိတ်ဟာ မိန်းမ၁ယောက်စစ်စစ် မဟုတ်ဘူးလို. သတ်မှတ်ပြီးသရွေ.တော့၊ အ၀တ်အစားက သာမညပါ။

2 comments:

  1. ဟုတ်တယ်
    သူတို့က အဲဒါကိုဆင်ခြေလုပ်တာလို့မြင်တယ်
    ကိုယ်က gay/lesbian မဟုတ်ပါဘူး
    လူလူချင်းတန်ဖိုးထားချစ်ခင်တာ အပြစ်မြင်လို့မရတဲ့သူပါ

    ReplyDelete