ဒီနေ့ အကတိုက်ပြီးပြန်လာတယ်။ အဖွဲ.ထဲကလူတစ်ယောက်ကို အရမ်းစိတ်ဆိုးတာဘဲ။ ငါ့ကိုယ်ငါ ပိန်တယ်လို. ဘယ်တုန်းကမှ မပြောမိပါဘူး။ ဒါပေမယ့် ၀တာကို အကြောင်းပြုပြီး ခဏခဏစနေတာကိုတော့ တော်တော်စိတ်ဆိုးတယ်။ သူနဲ့ငါနဲ့ ငယ်သူငယ်ချင်းလဲမဟုတ်ဘူး။ မနေ့တနေ့ကမှတွေ.တဲ့လူတစ်ယောက်ကို စည်းလွတ်ဝါးလွတ်စတတ်တဲ့ စရိုက်ကတော့ အောက်တန်းစားဆန်လွန်းတယ်လို.ထင်တာဘဲ။ သူ.ဘာသာ ဘာကောင်ဘဲဖြစ်ဖြစ် လူတစ်ဖက်သားရဲ့ အားနည်းချက်ကို အကြိမ်ကြိမ်စော်ကားတာကတော့ တော်တော်ဒေါသဖြစ်စရာဘဲ။ သူကိုယ်တိုင်ကျတော့ရော ယောကျာ်းဖြစ်ပြီး ပေါင်၁၂၀မပြည့်၊ အရပ် ငါ့ထက်ပုသေးတယ်။ ငါကြိုးစားပြီး သည်းခံခဲ့ပါတယ်။ ဒီနေ့တော့ မကျေနပ်ကြောင်းကို အားလုံးရှေ.မှာ ပြောပလိုက်တယ်။ သူတော်တော်၇ှက်သွားပုံရတယ်။ ဘာဘဲဖြစ်ဖြစ် သူဆက်မစရဲတော့ဘူးပေါ့။ ငါမမှားဘူးထင်ပါတယ်။ သူကို ပြန်စတာ၊ အဖတ်လုပ်ပြီး ငြင်းခုန်နေရတာထက်စာရင် ခပ်တည်တည်နဲ့ မကြိုက်ကြောင်းဘဲပြောလိုက်တယ်။ ငါတကယ်ဝတယ်ဆိုရင် သူဘာလို.အကြောင်းမရှိ အကြောင်းရှာ နေ့တိုင်းဖုန်းဆက်နေသေးလဲ။ ငါ ကောင်မလေးတွေကိုသာကြိုက်တတ်ပေမယ့်၊ ယောက်ျားတစ်ယောက် ချည်းကပ်နေတာကိုလဲ အကဲခတ်တတ်ပါသေးတယ်။ ဟင်း.... လောကကြီးက မလွယ်ပါလားနော်။ TOMBOY လိုနေတာတောင် အလွတ်မပေးချင်ကြဘူး။ ဒါကြောင့် ယောကျာ်းတွေကို မကြိုက်တာ။း(
No comments:
Post a Comment