Chapter : 3, Nyo's POV...
စင်္ကြဆောင်ကို ချိန်းထားတဲ့
အချိန်ထက် ၁နာရီစောရောက်နေမိသည်။ ဆရာကတော့ ရောက်လျှင်သွားရမည့် အခန်းရှာရတာနှင့် အချိန်ကုန်နိုင်သည်တဲ့လေ။
ဒါလဲ မှန်တာဘဲ။
မှန်တံခါးကို တွန်းဖွင့်လိုက်တော့ Reception Counter က အစ်မကြီးက
လှမ်းကြည့်သည်။
“မင်္ဂလာပါ..စင်္ကြာဆောင်မှ
ကြိုဆိုပါတယ်….”
“မင်္ဂလာပါ”
“ညီမက ညိုလင်းရိပ် ထင်တယ်နော်”
“ဟုတ်ကဲ့ပါ အစ်မ”
“အိုကေ… ညီမ ၃း၀၀ နာရီမှာ လာမယ်လို. CEO က ပြောထားတယ်၊ အခုက ၂း၁၅
ဆိုတော့ နည်းနည်းတော့ စောင့်ရမယ်၊ အခန်းနံပါတ် 3-B ကိုသွားပါ။ ညာဘက် ဓာတ်လှေကားကနေ
၃ထပ်ကိုတတ်သွားပြီး၊ ဘယ်ဘက်ကို ချိုးရင် 3-B ကို တွေ.နိုင်တယ်။ ကြားမှာ Hall ခန်း ၂ခန်းကျော်ရမယ်”
“ဟို…. အစ်မ ညို.ကို လိုက်ပို.ပေးလို. ရနိုင်မလား”
“စိတ်မကောင်းပါဘူး… Reception မှာ အစ်မတစ်ယောက်ဘဲရှိတယ်၊ အကူကောင်လေးတွေလဲ
အလုပ်ရှုပ်နေကြလို.၊ ကိုယ့်ဘာသာဘဲ သွားလိုက်ပါနော်။ အဆင်ပြေမှာပါ။ အချိန်လဲ ရှိသေးတာဘဲ”
“ဟုတ်ကဲ့ … ဒါဆိုလဲ သွားလိုက်ပါဦးမယ်နော်…”
၃ထပ်ကိုရောက်တော့ ကောင်တာက အစ်မပြောသလို ဘယ်ဘက်ကို ချိုးသည်။ တည့်တည့်လျောက်ရင်း
အခန်းနံပါတ်တွေ ဖတ်သွားလိုက်သည်။
“3-H, 3-G, 3-F”
3-F ပြီးတော့ တံခါးတစ်ချပ်ထပ်တွေ.သည်။ ဟူး…စင်္ကြာဆောင်ကို လာရတာ
မလွယ်လိုက်တာ။ ဒီအဆောင်က အခန်းတွေရှာရခက်ကြောင်း လွန်ခဲ့တဲ့ ၃နှစ်ကတည်းက သိသည်။
လွန်ခဲ့တဲ့ ၃နှစ်…. မျက်နှာတစ်ခုကို ဖျပ်ကနဲမြင်မိသည်…
အတိတ်ကို ပြန်မစဉ်းစားချင်တော့… ခေါင်းကို ယမ်းရင်း လမ်းကို ဆက်လျောက်မိသည်။
လမ်းဆုံးတော့ 3-B ကိုတွေ.သည်။ အထဲမှာ သီချင်းသံအချို.ကြားရသည်။
အိုး…. လူတစ်ယောက် အပေါ်ပိုင်းဗလာနဲ့ အကကျင့်နေသည်။ ဘယ့်နှယ်.. ပန်းချီဆောင်မှာ အကကျင့်နေပါလိမ့်။
သေချာတာက တံခါးကို ပြန်မပိတ်နိုင်လောက်အောင် ထိုသူက ကြည့်ကောင်းလွန်းနေသည်။ သူ.ကကွက်တွေက
ရင်သက်ရှုမောဖွယ်ကောင်းလှသည်။ Hip Hop သီချင်းမှာ စီးမျောရင်း၊ တစ်ခါမှ မလုပ်ဘူးတဲ့
ယောကျာ်းတစ်ယောက်ကို ချောင်းကြည့်ခြင်း အမှုကို မေ့လျောစွာ ကျူးလွန်နေမိသည်။ ခဏနေမှ
သတိဝင်လာပြီး၊ တံခါးကို အမြန်ပြန်ပိတ်ရင်း ထွက်လာခဲ့သည်။ ညို.ရင်တွေ ဘာလို.ခုန်နေမိပါလိမ့်…..
“၀ုန်း…”
“အာ….ဆောရီး… ညို တောင်းပန်ပါတယ်…”
လူတစ်ယောက်ကို ၀င်တိုက်မိသည်။ သူ.လက်ထဲက ပန်းချီဆေးဗူးတွေ ကြမ်းပေါ်ပြန်.ကျဲကျကုန်တာကို
လိုက်ကောက်ပေးရင်း တောင်းပန်စကားဆိုမိသည်။
“မင်းကို ကြည့်ရတာ တခုခု အလန်.တကြားဖြစ်လာပုံဘဲ”
“ရှင်…. ဟို…. ဘာမှ မဖြစ်ပါဘူး”
“အဲဒီ ဘာမှ မဖြစ်ဘူးဆိုတာကိုက တခုခုဖြစ်နေတာကို ပြောနေတယ်”
အာာာ…ဒီလူကတော့ မြွေဘဲ။ ညို နဲနဲ စိတ်ညစ်သွားသည်။ သူ.ဆေးဗူးတွေ
မြန်မြန်ရအောင် လိုက်ကောက်ရင်း ဘာမှ ပြန်မပြောတော့ဘဲ နေလိုက်သည်။
“မင်းကို ငါ မြင်ဖူးပါတယ်၊ နေပါဦး…ဘယ်တုန်းကပါလိမ့်”…
ဒီလူက စကားများလိုက်တာ..
“ရော့…ဒီမှာ ရှင့်ဆေးဗူးတွေ… ၀င်တိုက်မိတာ တောင်းပန်ပါတယ်…ညိုသွားလိုက်ပါဦးမယ်..”
“အာ…. ညို….ညို….. ငါမှတ်မိပြီ… မင်းနာမည် ညိုလင်းရိပ်”
ဘုရားရေ… ဒီလူက ညို.ကို သိနေပါလား… သူ.ကို တခါမှ မမြင်ဖူးပါ။
“နေစမ်းပါဦး… မင်းက စင်္ကြာဆောင်ကဘဲ မဟုတ်လား၊ ဘာဖြစ်လို. ငါမင်းကို
မတွေ.ရတာလဲ”
“မဟုတ်ပါဘူး…. ညိုက သဇင်ဆောင်ကပါ။ ဒီမှာ practice လုပ်ဖို. အချိန်ပိုင်းလာတာပါ”
“သဇင်ဆောင်က… မဟုတ်သေးပါဘူး…. ငါမှတ်မိပါတယ်.. ညိုလင်းရိပ် စင်္ကြာဆောင်
ဝင်ခွင့်ကို လွန်ခဲ့တဲ့ ၃နှစ်က အောင်ခဲ့ဖူးပါတယ်….”
ညို ရုတ်တရက် ခဏအေးခဲသွားသလို ခံစားရသည်။ လာပြန်ပြီ လွန်ခဲ့တဲ့
၃နှစ်…. ပြန်မတွေးချင်တဲ့ အကြောင်းတွေကို ဘာလို. မမေ့နိုင်သေးတာလဲ…..
“ ဟုတ်ပါတယ်.. ဒါပေမယ့် … စင်္ကြာဆောင်ကို ညိုမလာခဲ့ဘူး….”
“ဘာလို. စင်္ကြာဆောင်ကို ငြင်းပယ်ခဲ့တာလဲ… ကျောင်းသာ တစ်ရာမှာ တစ်ယောက်တောင်
နေခွင့်ရဖို. မလွယ်တဲ့ စင်္ကြာဆောင်ကို ညိုလင်းရိပ်က ငြင်းခဲ့တယ်ဆိုတော့….”
ညို ဘာပြန်ပြောရမှန်း မသိတော့ပါ… …
“ညီကျော်…..”
ဆရာနှင့် တူသော လူတစ်ယောက်ကို ညို.ရှေ.ကလူကို လှမ်းခေါ်သည်။
“မင်း ညိုလင်းရိပ် ကို ဘာတွေ အမေးအမြန်းထူနေသလဲကွ”
“အင်း… ဘာမှ မဟုတ်ပါဘူးဆရာ… ဒီလိုဘဲ ကြုံလို. မိတ်ဆက်နေတာပါ။ ညို…
ကျွန်တော် သွားတော့မယ်..”
ညို.ကို အမေးအမြန်းထူနေသော လူထွက်သွားသည်။ ထို ဆရာကို အလွန်ကျေးဇူးတင်မိသည်။
“ညို… မင်္ဂလာပါ…စင်္ကြဆောင်မှ ကြိုဆိုပါတယ်… ကျွန်တော်က စင်္ကြာဆောင်မှူး
ဦးမျိုးညွန်.ကျော်ပါ”
“မင်္ဂလာပါ ဆရာ… တွေ.ရတာ ၀မ်းသာပါတယ်”
“ညို အခန်းရှာရခက်နေတာလား…”
“ဟုတ်… ညို အခန်းတော့တွေ.တယ်… ဒါပေမယ့် အခန်းမှားနေသလားလို.၊
…”
“ဘာဖြစ်လို.လဲ ညို”
“ဟို… ပန်းချီ စတူဒီယို မဟုတ်ဘူးထင်တယ်..ညိုတွေ.တဲ့အခန်းက … ကျောင်းသားတစ်ယောက်
အကကျင့်နေလို.၊ အကတိုက်တဲ့ အခန်းထင်တယ်..”
“သြော်…. ညို ..ဇေရဲကို တွေ.ခဲ့တာထင်တယ်… သူက ဒီလိုဘဲ.. ပန်းချီမဆွဲခင်
အကကျင့်တတ်တယ်… သူ.ရဲ့ စိတ်အပန်းဖြေတဲ့ အကျင့်… ပြီးတော့ 3-B က သူ.ကိုယ်ပိုင် စတူဒီယိုခန်းလေ….”
ဘုရားရေ… ကျောင်းသားတစ်ယောက်က တက္ကသိုလ်တစ်ခုမှာ ကိုယ်ပိုင်စတူဒီယိုတောင်ရှိတယ်ဆိုတော့
ဘယ်လို ကျောင်းသားပါလိမ့်။ ဇေရဲ နာမည်ကြီးတာကို ညိုကြားဖူးသည်။ တခါမှတော့ မမြင်ဖူး။
ထို.ကြောင့် သူ.အကြောင်းလဲ ကောင်းကောင်းမသိချေ။
ဇေရဲ အကြောင်းတွေးရင်း၊ ခုနက ကနေတဲ့ရုပ်သွင်ကို ပြန်မြင်ယောင်ရင်း
မျက်နှာပူခနဲဖြစ်မိသည်။ ဘယ်လိုလူပါလိမ့် ကတာတောင် အကျီချွတ်ကရတယ်လို.။။။။
3-B ရှေ.ကိုရောက်တော့ သီချင်းသံငြိမ်သွားပြီ။
----------------------------------------------------------------------------------------------------------------
No comments:
Post a Comment