CHARACTERS…
ညိုလင်းရိပ်
အသက်း ၂၂နှစ်
အဓိပတိ တက္ကသိုလ်၊ မဟာတန်း ပထမနှစ်ဝက်၊ ပန်းချီဌာန (သဇင်ဆောင်)
ငြိမ်သက် အေးဆေးပြီး၊ စကားနည်းသူ။ တက္ကသိုလ်တွင်စာတော်သည့် Top
10 ထဲတွင် အမြဲပါသည်။
အတိတ်ဖြစ်ရပ်ဆိုး တခုကြောင့် အရာရာကို အရှုံးပေး ကြောက်ရွံ.နေတတ်သူ။
မိဘများက နယ်တွင်ရှိပြီး၊ တက္ကသိုလ်အနီးမှ အဆောင်တွင်နေရင်း ကျောင်းတတ်နေသူ။
ဇေရဲ
အသက်း ၂၄နှစ်
အဓိပတိ တက္ကသိုလ်၊ မဟာတန်း နောက်ဆုံးနှစ်။ ပန်းချီဌာန (စကြာဆောင်၊
အထူးဆောင်)
ရုပ်ရည်ချောမောပြီး မိန်းကလေးများ
ဝိုင်းဝိုင်းလည်နေသူ။ မိဘများက ချမ်းသာပြည့်စုံသည်။ မိမိကိုယ်ကို အမြဲယုံကြည်မှုအပြည့်ရှိပြီး၊
စကားပြော ညက်သူ။ တက္ကသိုလ်တွင် စာတော်သည့် Top3 စာရင်းထဲတွင် ပါဝင်ရုံသာမက မိဘများက
တက္ကသိုလ်၏ ရှယ်ယာ ၄၀ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။
ညီကျော်
အသက်
း ၂၄နှစ်
အဓိပတိ တက္ကသိုလ်၊ မဟာတန်း နောက်ဆုံးနှစ်။ ပန်းချီဌာန (စကြာဆောင်၊
အထူးဆောင်)
ရုပ်ရည်ချောသော်လည်း တည်ငြိမ်လွန်းသည်။ ဘယ်သူနဲ့မှ စကားသိပ်မပြောတတ်သလို၊
နဲနဲခွကျသည့်လူဟု အထင်ခံရသူ။ မိဘများက ချမ်းသာသော်လည်း ထင်ထင်ပေါ်ပေါ်မနေတတ်။ တက္ကသိုလ်တွင်
စာတော်သည့် Top3 စာရင်းထဲတွင် အမြဲပါသည်။
CHAPTER 1... Nyo's POV
“ညို.. နင့်ကို ဆရာဦးအေးမောင်က ပြောစရာရှိလို.တဲ့”
ဆွဲလက်စ ပန်းချီကားကို အာရုံဝင်စားနေတုန်း၊ အခန်းဖော် သူငယ်ချင်း
သူဇာက စကားလာပြောသည်။
ဆရာဦးအေးမောင်က ပြောစရာရှိလို.ဆိုပါလား။ ဘာကြောင့်ပါလိမ့်။ ငါတခုခုများ
အမှားလုပ်မိလို.လား။
“ဟဲ့..ညို..ဆရာနင့်ကို ဧည့်ခန်းမှာ စောင့်နေတယ်လေ” သူဇာက ထပ်ပြောတော့မှ
ကိုယ့်ဘာသာ အတွေးလွန်နေတာကို သတိရတယ်။
“အေး..အေး… ငါအခုသွားလိုက်မယ်၊ ဘာလို.တွေ.ချင်တာလဲ နင် ဆရာ့ကို
မေးလိုက်သေးလား”
“ဟင့်အင်း..မေးမိပါဘူး၊ ဘာဖြစ်လို.လဲ”
ခေါင်းကိုဘဲ အသားယမ်းပြပြီး အခန်းထဲက ထွက်လာခဲ့သည်။
~~~~ ~~~ ~~~~
ဧည့်ခန်းထဲမှာ ဆရာက သတင်းစာဖတ်နေသည်။
“ဆရာ… နေကောင်းလား။ မတွေ.တာတောင် ကြာပြီနော်။”
“သြော်…ညို၊ ဆရာနေကောင်းပါတယ်ကွယ်။ သမီးရော…”
“ညိုလဲ နေကောင်းပါတယ်ဆရာ”
ဆရာက ညို ပထမနှစ်ကတည်းက ဆရာဖြစ်သည်။ အခု မဟာတန်းဆက်တတ်နေသည်အထိ
ဆက်အကူအညီပေး ခင်မင်နေဆဲလဲ ဖြစ်သည်။ ဆူစရာရှိလျှင်လဲ ဘယ်မျက်နှာမှမငဲ့ဘဲ ဆူတတ်သလို၊
သင်ခန်းစာနှင့်ပတ်သက်လျှင်လဲ အချိန်မရွေးကူညီရန် အသင့်ရှိနေတတ်သော ဆရာကောင်းတစ်ယောက်ပါ။
အခုလဲ ဆူရန်လာသလား၊ ချီကျူးရန်လာသလားမသေချာပါ။ ချီးကျူးရန်ကလဲ ဘာမှ
ထူးထူးခြားခြားရှိပုံမပေါ်သဖြင့် ဆူရန်လာသည့် အခွင့်အရေးက ပိုများနေသည်။
“ညို…” ဆရာခေါ်မှဘဲ အတွေးစပြတ်ပြီး ပြန်ထူးမိသည်။
“ဟုတ်..ဆရာ..”
“ဘာတွေတွေးနေတာလဲ”
“အဲ… ဒီလိုပါဘဲ ဆရာ.. ဆရာ တကူးတကလာတွေ.တယ်ဆိုတော့ ဘာများပြောစရာရှိလဲလို.တွေးနေတာပါ”
“သမီး..ဆရာကို တခါပြောဖူးတယ်နော်… ‘ကံ့ကော်ရိပ် ပြိုင်ပွဲ’မှာ ပြိုင်ချင်တယ်လို.”
“အဲ..အဲဒါက …သမီး စိတ်ကူးယဉ်တာ သက်သက်ပါဆရာ… တကယ်တော့ သမီး အဆင့်နဲ့
ဘယ်ဖြစ်နိုင်ဦးမှာလဲ၊ သမီးကြိုးစားဖို. အများကြီးလိုပါသေးတယ် ဆရာ..”
“အင်း… ကြိုးစားဖို.တော့လိုသေးတယ်…ဒါပေမယ့် အခွင့်အရေးလဲ ရှိနေတယ်”
ဘာမှ ပြန်မပြောဘဲ ဆရာပြောတာကို ရင်ခုန်စွာ ဆက်နားထောင်မိသည်။
“လာမယ့် စက်တင်ဘာ၁၅ရက်နေ့မှာ ‘ကံ့ကော်ရိပ် ပန်းချီပြိုင်ပွဲ’ ရှိတယ်.. သမီးသိတဲ့အတိုင်းဘဲ တနိုင်ငံလုံးရဲ့
တက္ကသိုလ်ပေါင်းစုံက ပန်းချီပညာရှင်တွေ ပါဝင်ယှဉ်ပြိုင်ကြမယ်.. ကံ့ကော်ရိပ်ရဲ့ သူများတွေနဲ့
မတူတဲ့ အစီအစဉ်က ပန်းချီကို တဦးချင်း တစ်ယောက်ချင်း ၀င်ပြိုင်လို.ရသလို၊ အဖွဲ.နဲ့လဲ
ယှဉ်ပြိုင်လို.ရတယ်လေ.. ဒီတော့ ဆရာတို. ‘အဓိပတိ
တက္ကသိုလ်’ အနေနဲ့ ၂ယောက်တစ်ဖွဲ. ယှဉ်ပြိုင်ဖို.စဉ်းစားထားတယ် ”
ဆရာက စကားပြောရင်း နဲနဲမောသွားဟန်ရှိသည်။ ခဏရပ်ပြီး ရေနွမ်းကြမ်းကို
ငှဲ.သောက်ရင်း ညို.ကို အကဲခတ်သလို တချက်လှမ်းကြည့်သည်။ ပြီးမှ…..
“ အဲဒီ ၂ယောက်၁ဖွဲ. ပြိုင်ပွဲမှာ ‘စကြာ’ ဆောင်က ကျောင်းသား ဇေရဲ နဲ့အတူ ‘သဇင်’ ဆောင်က ညို.ကို ပါဝင်ယှဉ်ပြိုင်ဖို. တက္ကသိုလ်များဆရာအသင်းက ဆုံးဖြတ်ချက်ချခဲ့ကြတယ်”
“ရှင်…”
ညို အရမ်း အံ့သြမိသလို
ဝမ်းလဲသာမိသည်။ မဟာတန်း ပထမနှစ်ဝက်ကျောင်းသူတစ်ယောက်အနေနဲ့ ဘယ်လိုမှ မဖြစ်နိုင်အောင်
ထူခြားတဲ့ အခွင့်အရေး တစ်ခုကို ရခဲ့ခြင်းပါဘဲ။ ပုံမှန်အတိုင်းဆို ဒီလို အခွင့်အရေးဆိုတာ
နောက်ဆုံးနှစ် အရမ်းထူးချွန်တဲ့ ကျောင်းသား ကျောင်းသူများကသာ ရရှိတတ်တဲ့ အခွင့်အရေးပါ။
‘ကံ့ကော်ရိပ် ပြိုင်ပွဲ’ဆိုတာ တစ်နိုင်ငံလုံးက ပန်းချီအထူးချွန်ဆုံး ကျောင်းသား ကျောင်းသူတွေ
သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြတဲ့ ပွဲတစ်ခုပါ။ ပြိုင်ပွဲဝင်ခွင့်ရနိုင်တဲ့ လက်ရာဆိုတာကလဲ
ဆုမရရင်တောင် လူတွေရဲ့ ပါးစပ်ဖျားမှာ တသသဖြစ်ရအောင် ထူခြားတဲ့ အနုပညာကောင်းတွေနဲ့ ထင်ကျန်နိုင်တဲ့
လက်ရာပိုင်ရှင်တွေပါဘဲ။ ဒီပြိုင်ပွဲမှာ ကိုယ့်နာမည်လေးတစ်လုံး ပန်းချီကားချပ်လေးပေါ်မှာ
ပါဝင်ခွင့်ရရုံနဲ့ ကျောင်းအပြီးမှာ အလုပ်ရှင်တွေက စာချုပ်ချုပ်ဖို. အသင့်စောင့်နေရလောက်အောင်
ပြိုင်ပွဲရဲ့ ထင်ရှားမှုကလဲ တခမ်းတနား။ ဒီလိုပြိုင်ပွဲကို ၀င်ပြိုင်ဖို. တက္ကသိုလ်က
ညို.ကိုရွေးခဲ့တယ်ဆိုတာ တကယ့် အိပ်မက်ပါဘဲ။
----------------------------------------------------------------------------------------------------------------
CHAPTER 2... Zae Ye's POV
“ဘာ… ‘ကံ့ကော်ရိပ် ပြိုင်ပွဲ’
ဟုတ်လား….
ကျွန်တော်က တစ်ယောက်တည်းမဟုတ်ဘဲ ၂ယောက်အတူတူပြိုင်ရမယ်တဲ့လား… ကျွန်တော့်လက်ရာက
၁ယောက်တည်း ပြိုင်ခွင့်မရနိုင်လောက်အောင် ညံ့နေလို. နောက်တစ်ယောက်အကူအညီ လိုအပ်နေတာလား”
စကြာဆောင်တွင် ဇေရဲ
တစ်ယောက်ပေါက်ကွဲနေသည်။ ကံ့ကော်ရိပ်လို
ပြိုင်ပွဲမျိုးကို ၀င်ပြိုင်ခွင့်ရတာ သူများတွေအတွက် အထူးအခွင့်အရေးပေမယ့် ဇေရဲအတွက်ကတော့
ပြေးမလွတ်နိုင်သော အခွင့်အရေးတစ်ခုလေ… ခက်နေတာက တစ်ဦးတည်း ပြိုင်ပွဲမဟုတ်ဘဲ အဖွဲ.နဲ့
ပြိုင်ရမယ်တဲ့။ ၂ယောက်တစ်ဖွဲ.။ ဒါ ဇေရဲ ညံ့တယ်လို. ဆိုလိုချင်တာလား။ တစ်ယောက်တည်း ပြိုင်ပွဲမှာ
နိုင်အောင် မစွမ်းဆောင်နိုင်ဘူးလို. ထင်ကြလို. နောက်တစ်ယောက်က ကူညီရမှာတဲ့လား။
“မဖြစ်နိုင်ဘူး ကိုထင်ပေါ် (နောက်ဆုံးနှစ်ကျောင်းသားများနှင့် ဆရာကိုထင်ပေါ်နှင့်က
အသက်ချင်း သိပ်မကွာကြတော့၊ ဆရာဟု မခေါ်ကြဘဲ။ ကိုထင်ပေါ်ဟုသာခေါ်ကြသည်။)
ကျွန်တော် ညံ့တယ်ဆိုရင်လဲ ဒီပြိုင်ပွဲကို ၀င်မပြိုင်တော့ဘူး။ နောက်တစ်ယောက်က
ကူရတယ်ဆိုတာကတော့… လုံးဝမမိုက်ဘူးဗျာ” ခေါင်းကို တွင်တွင်ယမ်းရင်း ဇေရဲငြင်းမိသည်။
“ဒီလိုမဟုတ်ပါဘူး ဇေရဲရာ.. မင်း မညံ့မှန်း လူတိုင်းသိပါတယ်… မင်းဆွဲခဲ့တဲ့
‘အိမ်အပြန်’ ပန်ချီကားကို မှီအောင် ဘယ်သူတွေမှ မဆွဲနိုင်လောက်အောင် တက္ကသိုလ်မှာ မင်းက
နာမည်ကြီးပါကွာ။
အခုဟာက မင်းနဲ့ တွဲပြီး ပြိုင်ရမယ့် ကျောင်းသူက မင်းအကူအညီလိုအပ်နေတာကွ။
သူ့အနေနဲ့ တစ်ယောက်တည်း ပြိုင်ပွဲဝင်ရဖို.ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မင်းအတွက်
ကံ့ကော်ရိပ်လို ပြိုင်ပွဲမျိုးက အချိန်မရွေး ပြိုင်ခွင့်ရနိုင်ပေမယ့် သူတို.အတွက်က
တစ်သက်မှာ တခါရနိုင်တဲ့ အခွင့်အရေးဆိုတော့ နိုင်ချင်တာပေါ့ကွာ။ သူက အခုမှ ပထမနှစ်ဝက်ဘဲ
ရှိသေးတယ်။ ဆရာကြီး ဦးအေးမောင်က အရမ်းကို ထောက်ခံပေးထားတာကွ၊ မင်းသိတဲ့အတိုင်း ဦးအေးမောင်ကလည်း
မသေချာရင် လှည့်မကြည့်တဲ့ လူစားမျိုးလေ”
“ဘာ…. ပထမနှစ်ဝက်ကျောင်းသူက ကံ့ကော်ရိပ်မှာ ပြိုင်ဖို. ရွေးချယ်ခံရတယ်…ပြီးတော့
ဦးအေးမောင်က ထောက်ခံပေးတယ်..”
ဇေရဲ နဲနဲတော့ စိတ်ဝင်စားသွားသည်။ တက္ကသိုလ်သက်တမ်း တလျောက်မှာ ဘယ်လိုမှ
မရှိခဲ့သော အခွင့်အရေးမျိုး။ ဒီကျောင်းသူက ဘာတွေ တော်နေလို.လဲ။ပထမနှစ်ဝက်နဲ့လဲ ပါဝင်ခွင့်ရရုံမက၊
ဦးအေးမောင်ကပါ ထောက်ခံပေးတယ်တဲ့….
ဇေရဲလို လူတောင် ဦးအေးမောင် အသိအမှတ်ပြုခံရဖို.ကို ၃နှစ်လောက်ကြိုးစားခဲ့ရသည်။
ယခု မဟာတန်းရောက်မှ ဆရာနှင့် စကားစမြည် စပြောခွင့်ရခဲ့တာဖြစ်သည်။
ဆရာဦးအေးမောင်က တက္ကသိုလ် ဘုတ်အဖွဲ.အ၀င် တစ်ဦး၊ အရာရာတိကျပြီး
ထူးချွန်ထက်မြက်လွန်းသူ၊ သူတော်သလို တပည့်တွေကိုလဲ တော်စေချင်သည်။ ဘုတ်အဖွဲ.၀င်တစ်ဦးပေမယ့်
ကိုယ်တိုင် အချိန်ရရင် ရသလို အငယ်တန်းတွေထိ စာဝင်သင်တတ်သူ။ ဦးအေးမောင် အသိအမှတ်ပြုသော
ကျောင်းသူဆိုတော့ နှယ်နှယ်ရရတော့ မဟုတ်နိုင်…
“ဦးအေးမောင်က ထောက်ခံပေးတယ်ဆိုတော့လဲ ကျွန်တော်လက်ခံရတော့မှာပေါ့ဗျာ..”
ဇေရဲ လေသံပျော့သွားသည်။
“အေး…ဒီလိုမှပေါ့ကွ၊ မင်းလဲ ကောင်မလေးကို သဘောကျမှာပါ။ သူက တော်တော်ကြိုးစားတယ်ကွ။”
ကိုထင်ပေါ်က အခုမှ အလုံးကြီးကျသွားတဲ့ ပုံနှင့် ၀မ်းသာအားရပြောသည်။
“ကောင်မလေးက ဘယ်သူလဲ၊ တက္ကသိုလ်က ကောင်မလေးတွေကို ကျွန်တော် မသိတာ
ခပ်ရှားရှား”
ပြောရင်း ဆိုရင်း ဇေရဲ
တစ်ယောက် နှုတ်သွက်လာပြန်သည်။ သူက ဒီလိုဘဲ စိတ်ဆိုးစရာရှိရင် ရှူးရှူးရှားရှား ဖြစ်သလောက်၊
အကျိုးအကြောင်းနှင့် ရှင်းပြလျှင် ချက်ချင်း မေ့ပစ်လိုက်ဖို. ၀န်မလေးသူ။ ဒါကြောင့်လဲ
သူ.ကို လူတိုင်းက ချစ်ကြသည်။ အပေါင်းအသင်းပေါသလို၊ လူချစ်လူခင်လဲ များသည်။ ဆရာတွေတောင်
သူငယ်ချင်းပေါင်းပေါင်းနိုင်သူ ဖြစ်သည်။
“အင်း… စံပယ်ဆောင်က “နှင်းပွင့်ဖြူ” လား၊ စကားဝါဆောင်က “၀တ်ရည်” လား”
တက္ကသိုလ်တွင် အချောဆုံးနဲ့ အတော်ဆုံးကောင်မလေးတွေနာမည် လျောက်မေးသည်။
“မဟုတ်ဘူးကွ… သဇင်ဆောင်က” ကိုထင်ပေါ်က နာမည်ပြောမည်လုပ်တုန်း…
“ဒါဆို ကျွန်တော်သိပြီ… “မီမီဇင်”… သဇင်ဆောင်မှာ သူက အတော်ဆုံးဘဲ
မဟုတ်လား… ကောင်မလေးက ချောတော့ သိပ်မချောဘူး။ ….း( “ ပြောရင်း မျက်နှာမဲ့ ဖြစ်သည်။
“မီမီဇင် မဟုတ်ဘူးကွ… သူက ပထမနှစ် ဒုတိယနှစ်ဝက်က၊ အခုတစ်ယောက်က
“ညိုလင်းရိပ်”တဲ့ ပထမနှစ်၊ ပထမနှစ်ဝက်က၊ စာလဲတော်သလို ရုပ်လဲချောတယ်… အဲ..ခက်တာက စကားသိပ်မပြောဘူး…”
“ညိုလင်းရိပ်… “ ဒီနာမည်ကို တခါမှ မကြားဖူးပါ… နေပါဦး… စာလဲတော်ပြီး
ရုပ်ချောတဲ့ ကောင်မလေးတွေ သူမသိတာ ရှားပါတယ်။ ပထမနှစ်ဝက်မကလို. မေဂျာတန်းက fresher
လေးတွေတောင် သူသိသူတွေ အများကြီး… ထားပါတော့…
နာမည်က သိပ်အရေးမကြီးပါ..အဓိကက ပြိုင်ပွဲမှာ နိုင်ဖို.ဘဲလေ…
----------------------------------------------------------------------------------------------------------------
Tommy.က..အစမှာကတည်းက..စိတ်ဝင်စားဖို့ကောင်းအောင်ရေးတတ်တယ်နော်...ဆုက.စာရေးတာရော..စာဖတ်တာရောဝါသနာမပါဘူး...ဆုရဲ့စိတ်ကိုတော်တော်ဖမ်းစားနိုင်မှဖတ်တာ..(တကယ်တော့..စာဖတ်ပျင်းတာကို..လျှောက်ပြောနေတာ..:P)..ဆက်ရေးဖို့ရှိသေးလား...
ReplyDelete