Monday, July 23, 2012
အိမ်ပြန်ချိန်
Vacation ခွင့် ၂၇ရက်တိတိရပါတယ်..
ဒီနေ့ည အိမ်ပြန်ရတော့မယ်။ အတွေးနဲ့တင်ပျော်ပြီး အိပ်မရပါ။
အရမ်း အရမ်းကို ပျော်နေတယ်ဗျာ။ ရန်ကုန်ရောက်ရင်တော့ ထုံးစံအတိုင်း အင်တာနက် connection က ကောင်းမကောင်း မပြောတတ်သေးပါ။ အချိန်ရရင် ရသလို ကြိုးစားပြီး post အသစ်တွေ တင်သွားမှာပါ။ တကယ်လို.များ Post အသစ်တွေမတင်ဖြစ်ခဲ့ရင်တော့ Tommy တစ်ကောင် ဆက်သွယ်မှုဧရိယာ ပြင်ပရောက်နေပြီလို.သာ မှတ်ပေတော့။ ဟီး...
အမေက နောနော်ရှိုးပွဲလက်မှတ်ဝယ်ထားပေးတယ်တဲ့။ သွားကြည့်လိုက်ဦးမယ်။
မုန်.ဟင်းခါးတွေ၊ ကြေးအိုးတွေ တစ်ဝကြီးစားခဲ့မယ်။
ဒီလအတွင်း စိုင်းစိုင်းရှိုးပွဲလုပ်ပါစေလို. ဆုတောင်ပေးပါနော်။ Tommyက စိုင်းစိုင်းဆို အသေကြိုက်တယ်။
ရန်ကုန်မှာ ဘယ် Club သွားလို.ကောင်းလဲ မသိဘူး။ မောင်ဖွင့်တဲ့ the street ဆိုလား၊ the road ဆိုလားBar လေးကတော့ လန်းတယ်ဆိုဘဲဗျ။ ရောက်ဖြစ်ရင် ပြန်လာရင် အကြောင်းကြားမယ်ဗျ။
ခုတော့ အရမ်း ဖလန်း ဖလန်းထအောင် ပျော်နေတယ်။း)
ရန်ကုန်မှ ချစ်သယ်ရင်းများ လန်းရန်အသင့် ဖြစ်ပြီလားဗျို.။
Labels:
မှတ်စု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment