ထမင်းတူတူစားခွင့်ရတာနဲ့ ရင်ခုန်မိတယ်ဆိုတာ ကျွန်တော့်အတွက်မဖြစ်သင့်တော့ဘူးလေ။
စကားနည်းလွန်းတဲ့ မင်းကို တိတ်တဆိတ်ခိုးကြည့်နေခဲ့မိတာ ၀န်ခံပါတယ်။ ခက်တာက မင်းဆံပင်ရှည်တွေက လှလွန်းတယ်။ ဒီနေ့ထပ်သတိထားမိတာ မင်းနှုတ်ခမ်းတွေ။ ဘာအရောင်မှမကူဘဲ သဘာဝကျကျလှပနေတယ်။ ရုတ်တရက် အာဇာနည်သီချင်းကို သတိရမိတယ်။ ဘာသီချင်းလဲ မပြောပြတော့ပါဘူး ဆံပင်ရှည်တွေဆိုတာနဲ့ အဲဒီသီချင်းကို လူတိုင်းသိမှာပါ။
မထင်မှတ်ဘဲ မင်းနဲ့ရင်းနှီးခွင့်ပေးတဲ့ ကံတရားကို ကျေးဇူးတင်ပါတယ်။
မင်းအတွက် အချိန်ပေးနေရတာနဲ့ ထမင်းစားချိန်တိုင်း မေမေဆီဖုန်းဆက်နေကျ မဆက်ဖြစ်တာ ၂ရက်ရှိသွားပြီ။ ငါ့မေမေတော့ စိတ်မကောင်းဖြစ်တော့မှာဘဲ။ မင်းတော်တော်ဆိုးတယ် ကောင်မလေးရယ်...
အမေဆို နေ့တိုင်းဖုန်းဆက်တာလား.. လိမ္မာလိုက်တာ
ReplyDeleteခုအတိုင်းဆို ကစားဖို့ တွဲချင်တာ မဟုတ်တော့ဘူးထင်တယ် နော် .. တော်မီ ကံကောင်းပါစေ
ဟုတ်..ကျွန်တော် အမေ့ဆီကို တစ်နေ့၂ကြိမ် ဖုန်းဆက်ပါတယ်။း)
ReplyDeleteသူ.ကို ကျွန်တော် တကယ်ချစ်မချစ် မသေချာသေးဘူး.. သူမကလဲ ပြန်ချစ်နိုင်မချစ်နိုင်မသိသေးဘူး...