Friday, May 11, 2012

သူမကို စချစ်ခဲ့မိတာ ဆံပင်ရှည်ရှည်တွေကြောင့်တဲ့...
အရမ်းလှတယ်... ဆံပင်ရှည်တွေ ဖြန့်ချထားရင် ကဗျာတွေတောင် ရေးလို.မမှီနိုင်သူလေး...
ကြောက်တတ်တဲ့ မျက်ဝန်းလေးတွေက အားငယ်စိတ်တွေနဲ့ အမြဲပြည့်နေတတ်တယ်
Uniform skirt အတိုကို ၀တ်ရတိုင်း စိတ်မသက်မသာ ဖြစ်တတ်တဲ့ သူမကို သနားမိတယ်..
English စကားမပြောနဲ့ ကိုယ်ပိုင်ဘာသာတောင် သေချာပြောတတ်ရဲ့လားလို. ထင်ရအောင် စကားနည်းလွန်းတယ်..
ဒီလိုပုံစံနဲ့များ မင်းဒီနိုင်ငံကို ဘာကြောင့် စွန့်စားထွက်လာတာလဲ ကလေးရယ်..
မင်းရဲ့ ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် မျက်လုံးကျယ်ကျယ်တွေက မင်းအတွက် မလုံခြုံဘူး..၁၉နှစ်မပြည့်သေးတဲ့ အသက်က ငါ့အတွက်တော့ ငယ်လွန်းတယ်..
ဒါမှမဟုတ် မင်းလဲ သူများတွေလို အချိန်တန်ရင်ပြောင်းလဲသွားဦးမှာဘဲလား
ငါကတော့ မင်းကြောက်နေပုံလေးကိုချစ်တယ်
ငါချစ်သလိုဘဲ ယောကျာ်းတော်တော်များများကလဲ မင်းကို ချစ်ကြမှာပါဘဲ..
မင်းကတော့ ဘယ်သူကိုပြန်ချစ်ရမယ်ဆိုတာ သေချာရွေးချယ်သင့်တယ်...ဘာလို.လဲဆိုတော ငါတို.က မင်းကို အပျော်ချစ်တာကြောင့်ပါ...
အသစ်လေးတစ်ယောက်ရောက်လာရင် လက်တည့်စမ်းချင်ကြသူတွေထဲမှာ ငါလဲပါပါတယ်..
မင်းလို မနူးမနပ်လေးကတော့ ငါတို.လိုလူတွေအတွက် ပြိုင်ပွဲတခုပေါ့...
ငါ့ကိုလဲ မိန်းကလေးချင်းမို. မင်းသိပ်မယုံပါနဲ့... ငါလဲ မကောင်းတဲ့သူတစ်ယောက်ပါ... ဒါပေမယ့် ငါက မင်းဘ၀ကိုတော့ ပျက်လောက်အောင် မစွမ်းဆောင်နိုင်ပါဘူး.. ရိုးရိုးလေး ချစ်တမ်းကစားယုံတင်ပါ...
မင်းမကြောက်တတ်ရင် ငါ့ဘ၀ကို ၀င်လာခဲ့ပေါ့... ငါ့ဘက်ကသေချာနေတာက ငါနဲ့တွဲနေတဲ့အချိန်မှာတော့ စိတ်ချမ်းသာအောင် ထားပေးမှာပါ...း)

No comments:

Post a Comment