Sunday, May 13, 2012

ဒီနေ့ တနေကုန် training ထဲမှာ။ မင်းဖုန်းခေါ်တာတောင် မကိုင်နိုင်ခဲ့ဘူး။
Break time ရောက်တော့လဲ မင်းဂျူတီချိန်ဖြစ်နေတော့ ကိုယ်ခေါ်လို.မရဘူး။ တနေကုန် မင်းအသံမကြားရတာ နဲနဲတော့ ကသိကအောက်ဖြစ်မိတယ်။ ကိုယ် Training ပေးနေတဲ့အချိန်မှာ မင်းကို သတိရတယ်။ အရှေ.တည့်တည့်က ရုရှမလေးနေရာမှာသာ မင်းဆို ကိုယ်စာသင်ရတာ ပိုအားတတ်မိမယ်ထင်တယ်။
ညနေစာစားချိန် မင်းကိုဖြတ်ခနဲတွေ.လိုက်တယ်။ မင်း၁ယောက်တည်း ညစာစားနေရတာ ကိုယ်စိတ်မကောင်းဘူး။ ကိုယ်ထမင်းထည့်ပြီး လှည့်ကြည့်လိုက်တော့ မင်းက ပြန်သွားပြီ။ ဟူး... ကိုယ်ထည့်ပြီးသား ညစာတောင် မစားဘဲ လှည့်ထွက်ခဲ့မိတယ်။
ငါ....ဘာတွေ ဖြစ်နေပါလိမ့်။ မင်းထွက်သွားတဲ့အချိန်မှာ ရင်ထဲဟာကနဲ ဖြစ်သွားတာ။ တစ်ကိုယ်လုံး အေးစက်သွားတာ။ စကန့်ပိုင်း ခဏသေသွားတာ။ အချစ်ဆိုတာကြီး စပြန်ပြီလား။ မချစ်ချင်ပါဘူးဗျာ။
မစွဲလန်းရဲတော့ဘူး။
ကျွန်တော် စိတ်ညစ်တယ်။ ဘာဆက်လုပ်ရမလဲ။
ခုလောလောဆယ်တော့ မျက်လုံးကိုက်နေတယ်။..........း(

No comments:

Post a Comment