ကျွန်တော် မီးဖွင့်ပြီး ကွန်ပျူတာသုံးနေရင်၊ သူအိပ်တယ်
ကျွန်တော် မီးပိတ်ပြီး အိပ်ဖို.ပြင်ရင်၊ သူစဆော့တယ်
စိတ်တိုတိုနဲ့ မီးဖွင့်ပြီး ၀ရံတာမှာ ဆေးလိပ်ထွက်သောက်တော့ သူဘေးမှာ လာအိပ်တယ်
ဆေးလိပ်သောက်ရင်း ဗိုက်ဆာလာလို.၊ ရေသောက်ပြီး အိပ်ဖို.ကြံတော့ သူနိုးလာပြီး ဆိုဖာခုံတွေ လိုက်ကုတ်တယ်
သူ.ကို ဆူပြီး၊ ကုတင်ပေါ်မှာ ကွန်ပျူတာသုံးနေတော့ သူနံဘေးမှာ ငြိမ်ငြိမ်လေးလာအိပ်တယ်
ကဲ... ကျွန်တော် မီးပိတ်ပြီး ပြန်အိပ်ရမလား၊
သူအိပ်တာကိုဘဲ ထိုင်ကြည့်ရမလား...
ဂျောက်ကလေး.. နင်သိပ်ဆိုးတာဘဲ...
ကြောင်သေးသေးလေးတွေမွေးဖူးပေမယ့် အစ်မလုပ်သူကပဲ သူတို့ဒုက္ခကိုခံ
ReplyDeleteတာဆိုတော့ သူတို့အကြောင်းကိုသိဘူးဗျ...၊ကြီးလာတော့လည်း ကိုယ်နဲ့
မတည့်တော့ဘူး...၊ကိုယ်တီဗီကြည့်ရင်ပေါင်ပေါ်လာအိပ်တတ်ကြတယ်...။
ကိုယ်ကြည့်လို့ပြီးရင်သူတို့ကိုအသာလေးပွေ့ချီပြီး ဒရင်းဘက်ပေါ်ဆက်သိပ်
ပေးထားပြီး ကိုယ်ကအိပ်ပလိုက်တာပဲ..၊သူတို့လည်း သူတို့ဘာသာဆက်
အိပ်ချင်အိပ်တယ်၊မအိပ်ချင်တော့ရင်လည်း ထွက်သွားကြရော...။အငယ်
လေးတွေအကြောင်းတော့ ပြောတတ်ဘူး...။စီပုံးကတစ်ယောက်ပြောသ
လို ဆော့ချင်လို့အိပ်စောင့်နေသလားမသိ...:))))
အင်း... သူလဲ အိမ်ကျဉ်းကျဉ်းလေးထဲမှာ ၁ကောင်တည်းနေရတော့ ပျင်းမှာပေါ့လေ... စာနာပါတယ်.. ဒါကြောင့်လဲ သူဘယ်လောက် ဖျက်ဆီး ဖျက်ဆီး မဆူရက်ဘူး.. သူ.အရွယ်လေးက ဆိုးတဲ့ ဆော့တဲ့ အရွယ်ကိုး...
Delete