အချိန်မတော် club သွားခြင်း အကျိုးအပြစ်များ...
အပြစ် (၈) ပါး ။ ။
၁) အားအားယားယား အပြင်ထွက်ဖို.ကြံတော့ ည၁နာရီကျော်မှ ရေထချိုး၊ ခေါင်းလျော်၊ အလှပြင်
၂) လိုက်မယ့် သယ်ရင်းမရှိတော့ တက်စီငှား (ပိုက်ပိုက်ကုန်)
၃) ဟိုမှာ သယ်ရင်းတွေနဲ့တွေ.တော့ ဟိုပြောဒီပြော၊ ဟိုကဒီကနဲ့ နောက်ဆုံးတော့ ပေါက်ကရပုံတွေ ဖဘပေါ်ရောက်
၎) သယ်ရင်းတွေမူးတော့ ကွိုင်မတတ်အောင် အရက်မသောက်သူ ကျွန်တော်ကဘဲ လုံခြုံရေးမှူး လိုကလုပ်ပေးရ
၅) နောက်ဆုံးတော့ ကိုယ့်ပိုက်ဆံစိုက်ထုတ်ပြီး မူးနေသော သယ်ရင်းများအား အိမ်တိုင်ရာရောက် အဆောင်လိုက်ပို.ပေးရ
၆) အခန်းပြန်ရောက်တော့ မနက်၆း၀၀၊ အလုပ်သွားရမည်မှာ မနက် ၈း၀၀
၇) မနက် ၇း၃၀ အိပ်ရာလုံးဝ မထနိုင်သဖြင့် နေရင်းထိုင်ရင် ခွင့်၁ရက်ယူလိုက်ရသည်
၈) နောက်ဆုံးတော့ ခေါင်းတွေကိုက်၊ အလုပ်လဲ ပျက်ပြီး ဘလော့ ထိုင်ရေးနေသည်။
အကျိုး (၅) ပါး။ ။
၁) တစ်ယောက်တည်း အထီးကျန် အိပ်မရခြင်းမှ ကင်းဝေးသည်
၂) သူငယ်ချင်းများနှင့် အလာပ သလာပ ပေါက်ကရပြောရတာ ပျော်ဖို.ကောင်းသည်
၃) ပေါက်ကရ ဓာတ်ပုံများပေမယ့် လူငယ်ဘ၀ လွတ်လပ်ခြင်း အပြည့်အ၀ ပါဝင်နေသည်
၎) အလုပ်မှ ခွင့်ယူရသော်လဲ အပြည့်အ၀ အနားယူလိုက်ရသဖြင့် အားပြည့်လာသလိုခံစားရသည်
၅) အထီးကျန်ခြင်း နဲနဲလျော့နည်းသွားသလို ခံစားရသည်
တစ်ခါတစ်လေ ကိုယ်လည်း အချိန်မတော်မှထသွားတတ်တယ်...။ဟိုမှာ
ReplyDeleteတွန့်လိုသယ်ရင်းလည်းရှိတာမဟုတ်ဘူး...တစ်ယောက်တည်း ဘီဘီချပြီး
မနက်အစောဆုံးရထားနဲ့ပြန်လာရတယ်...။ဒါပေမယ့် ကိုယ်တွေက ဘောင်း
ဘီလေးကောက်လဲရုံပဲ ရေချိုးဝူး၊ခေါင်းလျှော်ဝူး၊အလှပြင်ဝူး...:)))))
ပြီး သယ်ရင်းမရှိလို့ လိုက်မပို့ရဝူး...:(
ကျွန်တော်ကတော့ ကလပ်ဂျပိုးဖြစ်နေတော့ ဘယ်ကလပ်ရောက်ရောက် သယ်ရင်းတွေရှိနေတာများတယ်။ ကောင်းတာက အဖော်မမဲ့ဘူး၊ မကောင်းတာက သူတို.ဒဏ်ခံရတယ်။ သူတို.က သောက်တာကိုး၊ သောက်ပြီး မထိန်းနိုင် မသိမ်းနိုင်ဖြစ်တော့ အိမ်ပြန်ပို.ရတာပေါ့။ မိန်းကလေးတွေများ ဆိုးကိုဆိုးကြပါတယ်.... သူတို.ကလဲ ကျွန်တော်ရှိနေရင် အားကိုးပြီး ပိုသောက်တယ်... ပြီးတော့ ဒီမှာ ရထားမ၇ှိတော့ ဘယ်သွားသွား တက်စီဘဲ အားကိုးရတယ်..
Delete