Wednesday, March 28, 2012

ရန်ကုန် သင်္ကြန်ကြီးနဲ့ ခွဲရတာ ၅နှစ်ရှိပြီ
ကျွန်တော် ခင်ဗျားကို အရမ်းလွမ်းပါတယ်
ဘ၀အရေးကြောင့် ခဏတာ ခွဲနေရတာပါဗျာ
တကယ် ပြန်လာခဲ့ပါ့မယ်.....
မအိုခင်လေး ခင်းဗျားနဲ့တူတူ ကဲချင်ပါသေးတယ် ရန်ကုန်သင်္ကြန်ရယ်
နောက်နှစ်... နောက်နှစ်... နောက်တစ်နှစ်ပေါ့...
ကျွန်တော့်ကို ခင်ဗျားက ကတိဖျက်သူလို. ထင်ချင်ထင်မှာပေါ့
တတ်နိုင်ဘူးလေဗျာ
သားကျွေးမှု၊ မယားကျွေးမှု မရှိပေမယ့်
ခင်ဗျားက ကျွန်တော့် တစ်ယောက်ကို ဖူလုံအောင် ထားမပေးနိုင်တော့လဲ
အမိမြေကို ခွဲပြီး ကုလားမြေကို အိမ်လုပ်နေရတာပေါ့ဗျာ...
ဒါပေမယ့်.. ပြန်လာမှာပါ
ကျွန်တော် ကြိုးစားနေပါတယ်...
၂၀၁၃ ရန်ကုန်သင်္ကြန်ကိုတော့ ကျွန်တော် အမှီပျော်နိုင်ဖို. ကြိုးစားနေပါတယ်
၂၀၁၂မှာတော့ သူများတွေပျော်နေတဲ့ ဓာတ်ပုံလေးတွေနဲ့ဘဲ ကျွန်တော် ခင်ဗျားရဲ့ သင်္ကြန်ကို ခံစားလိုက်ပါ့မယ်
ဒီနှစ်တော့ ကောင်မလေးတွေ လွန်လွန်ကျူးကျူး သရုပ်မပျက်ပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်..
ကျွန်တော်လဲ နှစ်သစ်ကနေစပြီး ဆေးလိပ်မသောက်ဖို. ဆုံးဖြတ်ထားတယ်
သင်္ကြန်ကြီးရေ.. ခင်ဗျားကို တကယ်လွမ်းတယ်ဗျာ...

2 comments:

  1. ဟုတ်တယ်...သင်္ကြန်ကိုလွမ်းတယ်...၊ခုမှ ငါဘာဖြစ်လို့ ဖေဖော်ဝါရီလ
    ကြီးပြန်သွားမိပါလိမ့်...။ရူးလိုက်တဲ့ငါ...၊သင်္ကြန်ပြန်ရကောင်းသားလို့
    နောင်တရနေမိတယ်..။ဝေးနေတာကြာပြီ...သင်္ကြန်နဲ့....၄နှစ်တောင် :(
    ၂၀၁၃တော့ ပြန်မယ်...သင်္ကြန်တွင်း...၊အပြီးမဟုတ်တောင် အလည်တော့
    ပြန်ဖြစ်အောင်ပြန်ဦးမယ်...:)))

    ReplyDelete
  2. အိမ်ပြန်ချင်တယ်ဗျာ........ အမေနဲ့ အစ်မကတော့ ဘန်ကောက်မှာ ပျော်နေကြတယ်... ၁ရက်နေ့မှ ရန်ကုန် ရောက်မှာတဲ့... အားကျလိုက်တာ

    ReplyDelete