Saturday, January 26, 2013

မတူညီတဲ့ ဘ၀ အရောင်အချို.

ကမ္ဘာကျော် ကာတွန်းကား Madagascar ကိုဖန်တီးခဲ့တဲ့ တကယ့် Madagascar မြို.တော်ကြီးမှာ၊ လူဦးရေ ထောင်သောင်းများစွာက အမှိုက်ပုံထဲမှာ နေထိုင်ကြပါသတဲ့...
တနေ့ တနေ့ အမှိုက်ကားလာချိန်ကို စောင့်မျှော်ရင်း၊ ပစ်ချပေးတဲ့ အမှိုက်ပုံထဲက Cracker အပိုင်းအစအချို.အတွက် အချင်းချင်းဝိုင်းဝန်းရိုက်နှက်ကြဖို.၀န်မလေးကြဘူး...
သူတို.ရဲ့ တစ်နေ့စာ အစားအသောက်အတွက် ကုန်ကျငွေ ဒေါ်လာ၁.၅ ဘဲ ရှိပါတယ်... ဒါပေမယ့် သူတို.ဆီမှာ အဲဒီလောက်ဝင်ငွေမရှိလို.၊ အမှိုက်ကားက ချပေးသမျှကိုဘဲ တမတ်တမော စောင့်ယူကြပါတယ်...
မြေကြီးကို တွင်းတူးပြီး၊ သူ့ရဲ့အရပ်ထက် ၁၀ပေမက ပိုနက်တဲ့ တွင်းနက်ထဲမှာ အလုပ်လုပ်နေရတဲ့ ၁၆နှစ်အရွယ်ကောင်ငယ်လေးက နဖူးကချွေး ခြေမကျအောင် နေထွက်ကနေ နေ၀င်ထိလုပ်ခဲ့ရတဲ့ တနေ့လုပ်ခလစာက ဆင့်၁၀မှ ၅၀ထိဘဲရှိပါတယ်တယ်..
မိသားစုဝင်ထဲက ပထမသားအကြီးပီသစွာ၊ အသက် ၁၀နှစ်အရွယ်ကတည်းက ကျောင်းထွက်ပြီး ဒီအလုပ်နဲ့ မိသားစုဝင်ငွေကို ထောက်ပံ့နေသူလေးပါ..
ထောက်ပံ့ရေးအဖွဲ.တွေက အစားအသောက်တွေဝေငှကျွေးတော့၊ သူရတဲ့ ဝေစုကို မစားရက်ဘဲ မောင်နှမအငယ်လေးတွေကို ဝေမျှကျွေးတဲ့ အသက် ၁၃နှစ်အရွယ် ကလေးမလေးက မနက်ဖန်မှာ သူ.မောင်လေး၊ ညီမလေးတွေ အစားအသောက်ငတ်မှာ ကြိုသိနေသတဲ့လား...
Interviewer အမျိုးသမီးက ကျောင်းနေချင်လားမေးတာတောင် ကျောင်းဆိုတာဘာလဲ မသိတဲ့ ကလေးငယ်တွေရဲ့ဘ၀၊ မွေးစာရင်းမရှိလို. ကိုယ့်အသက်တောင် ဘယ်နှနှစ်ရှိမှန်းမသိသူတွေ...
အဲဒါ ဘ၀တွေတဲ့လား...
ကျွန်တော့်ဘ၀နဲ့ သူတို.ဘ၀.. ဘာလို.အဲလောက်ကွာခြားရတာပါလဲ...
တနေ့တနေ့ အပျင်းပြေ သူငယ်ချင်းတွေနဲ့ ၁၀မိနစ်လောက်အပျော်စကားပြောရတဲ့ Mobile Phone ကျသင့်ငွေက Madagascar က ကလေးတွေအတွက်တော့ တနေ့စာဝမ်းရေး ဖြေရှင်းနိုင်တဲ့ မက်လောက်စရာ ပမာဏတစ်ခုပါ...
ဒီလိုအစီအစဉ်တွေ တစ်ခါမှ မကြည့်ဖူးတဲ့ (အမှန်တော့ အဲဒါမျိုးတွေ မကြည့်ဖြစ်အောင် ရှောင်ရှားတတ်တဲ့) ကျွန်တော့်အတွက်တော့ ဒီနေ့မှာ တွေးစရာတွေ အများကြီးရှိနေခဲ့တယ်...
ဒီလိုလူမျိုးတွေ ကျွန်တော်တို.နိုင်ငံမှာရော... ရှိနေမှာလား.. သူတို.လောက်မဟုတ်တောင်၊ သူတို.နှီးပါး အဖြစ်တွေ ဆိုးနေကြလား...
ကျွန်တော့်လို. မသိချင်ယောင်ဆောင်နေတတ်တဲ့ အတ္တသမားတွေရော... ဘယ်နှယောက်ရှိနေသေးလဲ...
ဘာဘဲပြောပြော ဒီနေ့ ကျွန်တော် သေသေချာချာတွေးဖြစ်မှာပါ...


2 comments:

  1. ဒို့ရွှေပြည်ကြီးမှာလည်းအများကြီးပေါ့ တွန်....၊ကိုယ်လည်း အဲ့လိုအစီအစဉ်ဆို
    ရှောင်နေလေ့ရှိတယ်...၊အတ္တကြီးတာလည်းပါသလို၊ကိုယ်မတတ်နိုင်တဲ့ ကိစ္စ
    တစ်ခုမှာ ကိုယ့်စိတ်ကို အပင်ပန်းမခံချင်တာလည်းပါရဲ့...၊တတ်နိုင်သမျှ လက်
    လှမ်းမှီသမျှတော့ လုပ်နေမိပါရဲ့....၊သို့ပေမယ့် ကိုယ့်ဖုံးတွေ၊ပိုင်ဆိုင်သမျှတွေ
    ကို အကုန်စွန့်လွှတ်၊ခြိုးခြံပြီး ပရဟိတတွေမလုပ်နိုင်တာကတော့အမှန်၊ဒီတော့
    လည်း မျက်ကွယ်ပြုနေရသပေါ့...... :(

    ReplyDelete
    Replies
    1. သေချာတာပေါ့ အစ်ကိုရာ...
      သူတို.ကို သနားပေမယ့် အတ္တကိုလဲ မဟစွန်.နိုငသေးဘူး
      သူတို.ထမင်းတစ်နပ်က ကိုယ့်အတွက်ဘာမှမဟုတ်ပေမယ့် .. သဒ္ဒါစိတ်နဲ့ မလှူပေးနိုင်တတ်သေးဘူး...
      နောက်ဆုံးတော့ ဘိုရာလေးဘဲ ကြည့်ရတာ စိတ်ချမ်းသာတယ်...အဟိ..

      Delete