ဒီနေ့ ရုံးပိတ်တယ်..
အိပ်ရာက ၁၁နာရီထိုးမှထတယ်.. အခန်းနဲနဲရှင်းပြီး အ၀တ်လျော်တယ်..
အပြင်မှာ ရာသီဥတုလေးက တော်တော်လှပတယ်..
ကလေးတွေ မရှိကတည်းက ပစ်ထားတဲ့ Balcony ကို ထွက်ပြီး ရှင်းဖြစ်တယ်..
ကြောင်စာခွက်တွေ၊ ကြောင်စာအကျန်လေးတွေ၊ သူတို.အိပ်သွားတဲ့ အိပ်ယာလေးတွေတွေ.တော့ ခဏငိုဖြစ်တယ်..
ဒါပါဘဲ.. ကျွန်တော်ပေးနိုင်တာ မျက်ရည်တစ်ခုဘဲလေ..
သူတို.အတွက် လုံခြုံသာယာတဲ့ အိမ်မပေးနိုင်ခဲ့ပါဘူး..
ဒီနေ့ SISTAR19 ကခွေအသစ်ထွက်မှာမို.လို. ကြော်ငြာထွက်တယ်..
ထုံးစံအတိုင်း BORA လေးက ချောမြဲ လှမြဲပါဘဲ..
ကျွန်တော်ကလဲ ရူးမြဲ ကြိုက်မြဲဘဲပေါ့..
ဘာလိုလိုနဲ့ ဇန်န၀ါရီလကုန်တော့မယ်.. July, August ကို မြန်မြန်ရောက်ချင်လှပြီဗျာ..
အိမ်ပြန်ချိန်တွေကို ရေတွက်နေရတာလဲ ရင်ခုန်စရာတစ်မျိုးဘဲလေ..
မေမေက ဒီနေ့ နေသိပ်မကောင်းဘူးတဲ့.. အိမ်ပြင်နေတာကို စောင့်ကြည့်နေရတော့ ဆူညံသံတွေကြားမှာ ခေါင်းကိုက်နေရှာမှာပေါ့နော်..
Daddy ကတော့ london ကိုရောက်သွားပြီ၊ ကျွန်တော့်ကို လွမ်းတယ်တဲ့.. ကျွန်တော်ကတော့ သိပ်မလွမ်းပါဘူး.. ကိုယ့်ဘ၀နဲ့ကိုယ်ဘဲဟာ..
ခုတလော ဆောင်းတွင်းကအေးလွန်းတယ်.. နေ့လည်၁၂နာရီတောင် မြူတွေဆိုင်းလို.
အသားတွေလဲ တော်တော်ခြောက်တယ်.. ၀က်ခြံတွေတောင် ထွက်နေပြီ..း(
No comments:
Post a Comment