Wednesday, November 21, 2012

ကျွန်တော် ခုတလော ကယောင်ချောက်ချားတွေဖြစ်နေတယ်
အချစ်က ရူးတတ်တယ်လေ
ထုံးစံအတိုင်းပေါ့ အချစ်ပေါတဲ့ Tommy တစ်ကောင် အချစ်တွေကြားမှာ ရေစုန်မျောနေတယ်
ဟိုတစ်ယောက်ကိုလဲ ချစ်သလိုလိုနဲ့ ဒီတစ်ယောက်ကျလဲ လက်လွတ်မခံနိုင်ပြန်ဘူး
နောက်တစ်ယောက်လဲ ထပ်လိုချင်ပြီး၊ ရှေးရှေးတုန်းက တစ်ယောက်လဲ ဇာတ်လမ်းပြန်ဆက်ချင်ပြန်ရော
ခက်တယ် ခက်တယ်...
ကိုယ့်ကိုယ်ကိုလဲ ဆိုးမှန်သိရက်နဲ့ မရပ်ချင်သေးဘူး
အမေက မနေ့ကတော့ဖုန်းခေါ်တယ်
အိမ်ပြန်လာသင့်နေပြီတဲ့
ပေါက်ကရတွေလုပ်တာတော်တော်များနေပြီတဲ့လေ
ပြန်တော့လာချင်ပါတယ်..ခက်တာက ရန်ကုန်မှာ ကျွန်တော်နေတဲ့နေရာက အင်တာနက်လိုင်းကောင်းကောင်းမမိတော့ ပြန်ရမှာ နဲနဲတော့လန့်မိသား
ဒီမှာလို လွတ်လပ်မှုမျိုး မရှိတော့မှာကိုလဲစိုးတယ်
ခုတလောမှ အပျော်တွေများပြီး ပြန်သတိထားမိတယ်...
အရင်လို အမေကိုလွမ်းတဲ့ပို.စ်တွေမရေးဖြစ်တာ တော်တော်ကြာခဲ့ပြီဘဲ
မေမေ့ကို လွမ်းရမှာတောင်မေ့နေပြန်တယ်
ေိခိ...း)

No comments:

Post a Comment