ထုံးစံအတိုင်း နေ့လည်၃း၃၀မှ အိပ်ယာနိုးခဲ့တယ်
နိုးနိုးချင်း Online မှာ သူငယ်ချင်းတွေမတွေ.တာနဲ့ အိမ်သန်.ရှင်းရေးနဲနဲလုပ်ဖြစ်တယ်
အိမ်သန်.ရှင်းရေးဆိုတာထက် ကြောင်လေးတွေ နေရာချထားရေးဆို ပိုမှန်မယ်
ကလေးတွေ ၂ပတ်ကျော်ပြီလေ၊ မျက်လုံးလေးတွေလဲ ပွင့်ကြပြီ
အချိန်တန်ရင် တနေရာရာကို ပြန်စွန်.ပစ်ရမှာဆိုတော့ (ကျွန်တော်နဲ့ တူတူထားခွင့်မှ မရှိတာ)
ဒီနေရာရဲ့ ရာသီဥတုနဲ့ သူတို.ကိုကြီးပြင်းရအောင်
Balcony မှာ နေရာချထားဖြစ်တယ်
မဟုတ်ရင် အိမ်ခန်းထဲမှာ ကလေးတွေက အကျင့်မရှိဖြစ်နေမှာစိုးလို.ပါ
ဒီနေ့ ကလေးတွေကို အပြင်ထုတ်တော့ အော်လိုက်ကြတာဗျာ
သနားပါတယ်
ကျွန်တော် ရင်တွေကွဲမတတ်ဘဲ
ချက်ချင်း အထဲပြန်သွင်းချင်ပေမယ့်
ကိုယ့်စိတ်ကိုယ်ထိန်းထားရတယ်
ခုလို အိမ်ထဲကနေ Balcony ကိုထုတ်တာတောင် ကျွန်တော် ခံစားနေရရင်
တကယ် အပြင်ကို ထုတ်ရတဲ့နေ့ကျရင် ဘယ်လိုလုပ်ရမလဲ
ကျွန်တော် တယုတယမွေးထားရတဲ့ ကလေးလေးတွေကို
လမ်းပေါ်ပို.ပစ်လိုက်ရမှာ
မတွေးရဲဘူးဗျာ
ဖြစ်နိုင်ရင် ကြောင်မွေးခွင့်လိုင်စင်လေးရချင်တယ်...
ဘာမှ အများကြီးမလိုချင်ပါဘူး
ကြောင်လေးတွေ ကျွန်တော်နဲ့တူတူကြီးပြင်းနိုင်ရင် ကျေနပ်ပါတယ်
ခုတော့.....း(
ကျွန်တော့် ကလေးလေးတွေ ဓာတ်ပုံလေးတွေခံစားကြပါဦးနော်...
သမီးလေး ကျူတီ..နို.စို.နေတာ (သူက အစားအပုတ်ဆုံးဗျ)
သမီးလေး ဘိုရာက သူနို.မစို.ရလို.တဲ့ (သူလေးက အချောဆုံးလေးနော်)
ဒါကတော့ နာမည်ကျော် သားသားလေး ကိုကာကိုလာလေးပေါ့ဗျာ
အသည်းလေးတွေ.. ချစ်လိုက်တာ
ReplyDeleteဟုတ်တယ်ဗျာ...ကျွန်တော်လဲ ချစ်ရတာ အရူးလိုဘဲ...
Deleteသူတို.လေးတွေကို ထိုင်ကြည့်ရင်း ၁ယောက်တည်း စကားတွေထိုင်ထိုင်ပြောနေမိတာ ခဏခဏဘဲ