Saturday, October 6, 2012

Daddy

ဒီနေ့ Daddy နဲ့တွေ.တယ်....
Daddy နဲ့မတွေ.ရတာ တော်တော်ကြီးကိုကြာခဲ့ပြီ...
Daddy ဆိုတာ ကျွန်တော့်ရဲ့ အဖေတစ်ယောက်လိုချစ်ရတဲ့ အရင်အလုပ်ဟောင်းက လက်သမားဆရာကြီးပါ။ မျက်နှာဝိုင်းဝိုင်း ဗိုက်ပူပူ နဲ့ အမြဲပြုံးနေတတ်တဲ့ သူတစ်ယောက်ပေါ့။ အလုပ်ပင်ပန်းတာကို အကြောင်းပြပြီး ညနေပိုင်း တစ်ခွက်တဖလား မချရ မနေနိုင်တဲ့အကျင့်ကလွဲရင် ကျန်တာ အပြစ်ပြောစရာမရှိသူပေါ့။
ကျွန်တော်တို. ကလေးတွေ အလုပ်ကအပြန် Daddy အခန်းသွားရင် Kitchenထဲမှာ ချွေးတလုံးလုံးနဲ့ စားစရာတွေကို (သူကိုယ်တိုင် ညနေစာမစားပေမယ့်) အမောခံပြီး ချက်ပြုတ်ကျွေးတတ်သူပါ။ ဘယ်တော့မဆို ဗိုက်ဆာတိုင်း Daddy အခန်းကို သွားတတ်ကြတာ ကျွန်တော်တို. အလုပ်က မြန်မာတွေအားလုံးရဲ့အကျင့်။ Daddy ချက်တဲ့ ထမင်းဟင်း မစားဖူးတဲ့သူဆိုတာ မရှိသလောက်ပါ။
သူ.မှာ သမီး အရင်း၂ယောက်ရှိပြီး၊ ၁ယောက်က ဒီနိုင်ငံမှာ အရင်က တူတူလုပ်ခဲ့ဖူးတယ်။ ခုတော့ အဲဒီ အစ်မကြီးလဲ အိမ်ထောင်ကျပြီး သူ.အမျိုးသားနဲ့အတူ အင်္ဂလန်လိုက်သွားပါပြီ။
ဒီနေ့ အလုပ်ဟောင်းက engineer အစ်ကိုတစ်ယောက်ရဲ့မွေးနေ့ (Daddy အချစ်ဆုံးသူငယ်ချင်းပေါ့) ကို ကျွန်တော်ရယ်၊ daddy ရယ်၊ အဲဒီအစ်ကိုရယ် ၃ယောက်ထဲ တိုးတိုးတိတ်တိတ် ကျင်းပဖြစ်ကြတယ်။
ဟင်းတွေကတော့ ကျွန်တော့်အကြိုက်ချက်ထားကြပြီး၊ သူတို.အကြိုက်ကတော့ Black Label ပေါ့။
Daddy က သူ.မိန်းမနဲ့ online စကားပြောနေတယ်။ အဲဒါ သူ.ရဲ့ ညနေတိုင်း အကျင့်ပါ။ ရန်ကုန်မှာ အင်တာနက်တွေတပ်ပြီးကတည်းက အိမ်က မိန်းမနဲ့ တစ်ညမပျက် စကားတွေပြောနိုင်သူပါ။ (သူကတော့ အကြည်ဓာတ်လေးပေးတာပါတဲ့။)
သူတို. လင်မယားက အတော်ချစ်နိုင်သူတွေပါ။ အိမ်ထောင်ကျတာ ၉တန်းကျောင်းသား/ ကျောင်းသူဘ၀တည်းက၊ ခု အသက်တွေ ၅၀ကျော်နေကြပြီ။ သူတို.ဘဲ ချစ်နိုင်ကြတုန်း။ တကယ်ကို ချီးကျူးစရာကောင်းတဲ့ စုံတွဲပါ။ ဘ၀တွေလဲ စုံခဲ့ကြတယ်။ ကျောင်းသားဘ၀ကနေ အိမ်ထောင်ပြုပြီး၊ တပ်ထဲဝင်၊ တပ်ကနေထွက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ပန်းရံလုပ်၊ ရေခဲခြစ်ရောင်း၊ လက်သမားလုပ်၊ ၇န်ကုန် traders ဟိုတယ်မှာ အလုပ်ရရာကနေ နောက်ဆုံး ဒီနိုင်ငံထိရောက်၊ ရာထူးတွေတတ်ပြီး လက်သမားခေါင်းဆောင်မှူးနေရာထိရအောင် လုပ်နိုင်စွမ်းရှိခဲ့သူပါ။ သူ့အမျိုးသမီးနဲ့ သူဟာ အခုထိ အချစ်မပျယ် သံယောဇဉ်ခိုင်မာစွာနဲ့ ချစ်နိုင်ကြသူတွေ။
 သမီးလေးတွေ မွေးထားသလို၊ ရှိသမျှ မြန်မာကလေးတွေကိုလဲ သားသမီးအရင်းတွေလို ချစ်ခင်စောင့်ရှောက်တတ်သူပေါ့။
ကျွန်တော်ရောက်ခါစက အဆောင်မှာ တစ်ယောက်ထဲအထီးကျန်နေတုန်း၊ ဂစ်တာတီးပြပြီး ထမင်းတွေချက်ကျွေးတတ်သူ။ ကျွန်တော် ကောင်မလေးတွေနဲ့ ရှုပ်ပြီး နာမည်ပျက်တော့လဲ ကျွန်တော်ဘက်က မားမားမတ်မတ်ရပ်တည်ပေးသူ။ ကျွန်တော့် ကိုယ်ရေးကိုယ်တာအားလုံး တစ်လုံးမကျန်ရင်ဖွင့်သမျှကို အမြဲနားထောင်ပေးတတ်သူ။ Daddy ကို အရမ်းချစ်သလို အရမ်းလဲလေးစားတယ်။ တခါတခါဆို သူ.ကို အဖေရင်းတစ်ယောက်လိုဘဲ ထင်မှတ်မိတယ်။ Daddy ဒေါသထွက်တာ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ကျွန်တော့်အပေါ် စိတ်မဆိုးဖူးဘူး။ ဘာလုပ်လုပ် ခွင့်လွှတ်ပေးတတ်သူ။
ဒီနေ့ Daddy နဲ့တွေ.တော့ စကားတွေအများကြီးပြောဖြစ်တယ်။ Daddy ကိုကြည့်ရတာ နဲနဲပိုအသက်ကြီးလာတာကလွဲရင် အရင်အတိုင်းဘဲ။ ပြန်ခါနီး ကားပေါ်ထိ ကျွန်တော့်အိတ်ကိုလွယ်ပြီး လိုက်ပို.တတ်တဲ့အကျင့်ကိုလဲ သူမဖျောက်သေးဘူး။ ဒီနေ့ပျော်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ သူပိုသောက်တယ်။း)
Good Night Daddy! I love you.

2 comments:

  1. အဲလိုစိတ်တူကိုယ်တူ..ချစ်ကြတဲ့..စုံတွဲတွေတွေ့ရင်..သိပ်အားကျတယ်...ဆုလည်း..ဘယ်တော့မှရမလဲမသိဘူး..ဆုကသိပ်မချစ်တတ်ဘူး..အတ္တကြီးတယ်..ချစ်ပြီဆိုရင်လည်း..အရမ်းအစွဲအလန်းကြီးတတ်၊ချုပ်ချယ်တတ်လို့.ကိုယ့်အတွက်ရော..သူများအတွက်ရော..မကောင်းဘူးလေ...:)

    ReplyDelete