Thursday, October 4, 2012

5.10.2012

မင်္ဂလာပါနေ့သစ်လေးရေ...
နောက်ဆုံးတော့ အရမ်းမျှော်လင့်ခဲ့ရတဲ့ Day Off လေးကိုရပြီပေါ့
အခုတလော အလုပ်ရှုပ်တယ်ဆိုတာထက် ဘာမှန်းမသိတဲ့ ပြသနာတွေကို ဖြေရှင်းရတာ ပိုခေါင်းခြောက်တယ်
ကျွန်တော်ကိုယ်တိုင်ကဘဲ စိတ်မြန်လက်မြန်ရှိလွန်းလို.လားမသိဘူး၊ အရာရာကို စိတ်တိုင်းမကျတတ်ဘူး
နောက်ဆုံးတော့ ကိုယ်ဘဲ စိတ်ပန်းလူမော ဖြစ်ရတယ်
ဒီရက်တွေမှာ မလုပ်ချင်ဆုံးအလုပ်ဖြစ်တဲ့ လက်အောက်ငယ်သားတွေကို ဆိုးဆိုးရွားရွားဆူမိတယ်
စိတ်မကောင်းဘူး၊ ဒါပေမယ့် မတတ်နိုင်ဘူးလေ
သူတို.ကလဲ ပေါ့ဆလွန်းတယ်
Emergency Key တွေပျောက်နေတာကို အကြောင်းမကြားဘဲ နေကြတယ်
ဧည့်သည်တစ်ယောက် ဓာတ်လှေကားထဲပိတ်မိမှ သော့မရှိဘူးဆိုတာ သိရတယ်
နောက်ဆုံး ဓာတ်လှေကားတံခါးကို ဖွင့်နိုင်တဲ့ အချိန်မှာ စုစုပေါင်း မိနစ်၅၀ကျော်နေပြီ...
လူတစ်ယောက်အနေနဲ့ သူနဲ့ မရင်းနှီးတဲ့ အဆောက်အဦးထဲက ဓာတ်လှေကားထဲမှာ မိနစ်၅၀ ပိတ်မိနေတာ ပေါ့သေးသေးပြသနာမှ မဟုတ်တာ..း(
ကျွန်တော်လဲ အထက်က ဆူတာခံရသလို၊ တပည့်တွေကိုလဲ ပြန်ဆူတယ်...
အားလုံးပေါ့လျော့ကြတာဘဲလေ..
ဒါပေမယ့် အခုတော့ Training တွေထပ်လုပ်ပေးရမယ်တဲ့
နောက်ဆုံးတော့ Tommy ခေါင်းပေါ်ဘဲရောက်တာပါဘဲ
တော်ပြီ... နားရက်လေးမှာ စိတ်ညစ်စရာ မတွေးတော့ဘူးဗျာ...
နက်ဖန် တရုတ်ဆက်ကပ်သွားကြည့်ဖြစ်မလားမသိဘူး
သွားဖြစ်ရင် ဓာတ်ပုံတွေရိုက်ခဲ့မယ်...း)

2 comments:

  1. ဒီနေ့ကောင်းကောင်းပျော်နေတယ်ပေါ့.....း)

    ReplyDelete