Thursday, October 25, 2012

ကျွန်တော် စိတ်ညစ်နေတယ်...
အစ်မကို ယောကျာ်းမယူစေချင်ဘူးဖြစ်နေတယ်
ဘယ်လိုလုပ်ရမလဲဗျာ
ကျွန်တော် သူ.ကို အရမ်းချစ်တာ..
း(
ကျွန်တော် တားရင်တော့ ရရင်ရမှာ
ဒါပေမယ့် သူ.ကိုလဲ စိတ်မဆင်းရဲစေချင်ဘူး
အမေပြီးရင် သူ.ကို အချစ်ဆုံးပါ
ဘာလို. ယောကျာ်းတွေက ကျွန်တော့်အချစ်ဆုံးတွေကို လာလာလုကြတာလဲ
ချစ်သူတွေတုန်းကလဲ ဒီယောက်ျားတွေဘဲ လာလုကြတယ်
ခု အချစ်ဆုံး အစ်မကိုလဲ လာလုကြပြန်ပြီ
ကျွန်တော် တွေးမိတိုင်း ငိုမိတယ်
သူသာ ကျွန်တော့်နားမှာမရှိတော့ရင်
ကျွန်တော့်ကို ဂရုစိုက်ရမယ့်အချိန်တွေကို သူ.ချစ်သူကို ခွဲပေးလိုက်ရင်
အခုလို တနေ့ ၃ခါဖုန်းမခေါ်တော့ရင်
ကျွန်တော် နေတတ်မှာမဟုတ်တော့ဘူး
ရူးချင်တယ်ဗျာ
သဘာဝကိုလွန်ဆန်နေတာ ကျွန်တော်ပါ
အရာရာကို နားလည်လွန်းရက်နဲ့
မနာလို အူတိုတဲ့စိတ်ကို ဖျောက်မရဘူးဗျာ
လောကကြီးရယ်.. ကျွန်တော့်ကို ဘာလို.များ တလွဲပေါင်းများစွာနဲ့ ရှင်သန်ခိုင်းနေရတာလဲ
....း(

5 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. မ လဲ ဖြစ်ဖူးတယ်.. ခုထိလဲ သူ့ယောက်ျားကို မချစ်ခင်နိုင်သေးဘူး.. အရင်ကလောက် မချစ်တော့သလို ခံစားရတယ်.. ဒါပေမယ့် တော်မီရယ်.. သူတို့ စိတ်ချမ်းသာဖို့ အဓိကလို့ နားလည်ပေးလိုက်ပါ

    ReplyDelete
  3. ဖြစ်တတ်တဲ့သဘောပါပဲ တွန်....၊ကိုယ်ချစ်တဲ့ လူ၊အရာဝတ္ထုတစ်ခုကို စွန့်လွှတ်ရတော့မယ်....ဒါမှမဟုတ်
    ကိုယ့်ကို အရင်လိုချစ်နိုင်တော့မှာ မဟုတ်ဘူးလို့ ခံစားရရင် ဘယ်သူမဆို ဝမ်းနည်းမိ၊နှမြောမိ၊မနာလိုအူတို
    ဖြစ်မိမှာပါပဲ....၊ဒါကလည်း သဘာဝဖြစ်သလို၊တဘက်ကလူတွေကလည်း သဘာဝတရားအတိုင်း ရှင်သန်
    နေကြတာပဲမဟုတ်လား....၊ဒီတော့ ကိုယ့်စိတ်ကို အဆင်ပြေသလိုလေး ဖြည်ယူပါနော့.....။

    ReplyDelete
  4. hmmmmmmmmm...that LOVE always make me sick! :(

    ReplyDelete